Property Expo
×

ဟင္းခ်က္တဲ့အခါျဖစ္ျဖစ္ အေၾကာ္အေလွာ္ လုပ္တဲ့အခါခါျဖစ္ျဖစ္ မီးအပူဟပ္တာမ်ိဳး အပူေလာင္တာမ်ိဳးဟာ ၾကံဳေတြေနက်ပါ။ ေရေဆးခ်ၿပီး သြားတိုက္ေဆးလိမ္းေပးတာမ်ိဳးဟာ အရမ္းေသးငယ္တဲ့ အနာအတြက္သက္သာေစေပမယ့္ နည္းနည္းျပင္းလာရင္ေတာ့ အေရျပားနီျခင္း၊ ညိဳျခင္းတို႔အထိ ျဖစ္လာတတ္ပါတယ္။အဲ့ဒီလိုျဖစ္လာတဲ့အခါမွာေတာ့ အခုေဖာ္ျပမယ့္ သဘာဝေဆးေလးေတြကိုအသံုးျပဳလို႔ရပါတယ္။

ပ်ားရည္

ပ်ားရည္ဟာ သဘာဝျဖစ္ထဲက အေရးပါ အသံုးဝင္ဆံုးျဖစ္တယ္။အစားအစာမွာေရာ၊ အလွအပေရးရာမွာေရာပ်ားရည္ကပင္မေဆးဖက္ဝင္ပစၥည္းအျဖစ္ပါဝင္ေနတယ္။အေရျပားေယာင္
ယမ္းျခင္းကိုကာကြယ္တားဆီးေပးတဲ့ဓာတ္အျပင္ ပိုးမႊားေတြကိုလည္းတိုက္ဖ်က္ေပးပါတယ္။ ပ်ားရည္ကိုလိမ္းေပးျခင္းျဖင့္ အနာကိုပိုးသတ္ေပးနဲ႔အျပင္ နာက်င္မႈေလ်ာ့နည္းေစၿပီး အမာရြတ္လည္း ပါးသြားေစပါတယ္။ တျခားပဋိဇီဝ ေဆးေတြထက္ ပ်ားရည္ဟာ အခ်ိန္တိုအတြင္း သက္သာေစတယ္လို႔ ေလ့လာအတည္ျပဳထားပါတယ္။

႐ွားေစာင္းလက္ပက္

အေရျပားအတြက္ အင္မတန္အက်ိဳးျပဳတဲ့ ေဆးဖက္ဝင္တစ္မ်ိဳးပါ။ ယခင္က သာမန္ အေသးစားအပူေလာင္ျခင္း(ေနေလာင္ျခင္း)မ်ိဳးကိုသာသက္သာေစတယ္ဆိုေပမယ့္ ေလ့လာေတြ႔႐ွိခ်က္
အရ အနည္းငယ္ျပင္းထန္တဲ့ အပူေလာင္ျခင္း၊ ေယာင္ယမ္းျခင္းမ်ိဳးကိုလည္း အလ်င္အျမန္သက္သာေစပါတယ္။ သူ႔မွာ သဘာဝေရဓာတ္ပါဝင္တာေၾကာင့္ ေလာင္ကြၽမ္းနာေတြကို တျဖည္းျဖည္း ေပ်ာက္ကင္းေစၿပီး အသားအေရကိုႏူးညံ့ေခ်ာမြတ္လာေစပါတယ္။

႐ွာလကာရည္

႐ွာလကာရည္မွာလည္း အနာသက္သာေစတဲ့အျပင္ အေရျပားကိုေစ့ၿပီးေသြးတိတ္ေစတဲ့ အာနိသင္ပါဝင္ပါတယ္။ တစ္နည္းအားျဖင့္ ပိုးသတ္ေဆးအေနနဲ႔သံုးလို႔ရပါတယ္။ သာမန္အပူေလာင္နာအတြက္ဆိုရင္ေတာ့ ႐ွာလကာရည္ထဲကို ေရဆတူေရာပါ။ ထိုအရည္ထဲကို အဝတ္သန္႔စိမ္ၿပီး အနာေပၚသုတ္ေပးျခင့္ျဖင့္ ကုသလို႔ရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyFood

#Unicode Version
ဟင်းချက်တဲ့အခါဖြစ်ဖြစ် အကြော်အလှော် လုပ်တဲ့အခါခါဖြစ်ဖြစ် မီးအပူဟပ်တာမျိုး အပူလောင်တာမျိုးဟာ ကြုံတွေနေကျပါ။ ရေဆေးချပြီး သွားတိုက်ဆေးလိမ်းပေးတာမျိုးဟာ အရမ်းသေးငယ်တဲ့ အနာအတွက်သက်သာစေပေမယ့် နည်းနည်းပြင်းလာရင်တော့ အရေပြားနီခြင်း၊ ညိုခြင်းတို့အထိ ဖြစ်လာတတ်ပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါမှာတော့ အခုဖော်ပြမယ့် သဘာဝဆေးလေးတွေကိုအသုံးပြုလို့ရပါတယ်။


ပျားရည်


ပျားရည်ဟာ သဘာဝဖြစ်ထဲက အရေးပါ အသုံးဝင်ဆုံးဖြစ်တယ်။အစားအစာမှာရော၊ အလှအပရေးရာမှာရောပျားရည်ကပင်မဆေးဖက်ဝင်ပစ္စည်းအဖြစ်ပါဝင်နေတယ်။အရေပြားယောင်

ယမ်းခြင်းကိုကာကွယ်တားဆီးပေးတဲ့ဓာတ်အပြင် ပိုးမွှားတွေကိုလည်းတိုက်ဖျက်ပေးပါတယ်။ ပျားရည်ကိုလိမ်းပေးခြင်းဖြင့် အနာကိုပိုးသတ်ပေးနဲ့အပြင် နာကျင်မှုလျော့နည်းစေပြီး အမာရွတ်လည်း ပါးသွားစေပါတယ်။ တခြားပဋိဇီဝ ဆေးတွေထက် ပျားရည်ဟာ အချိန်တိုအတွင်း သက်သာစေတယ်လို့ လေ့လာအတည်ပြုထားပါတယ်။


ရှားစောင်းလက်ပက်


အရေပြားအတွက် အင်မတန်အကျိုးပြုတဲ့ ဆေးဖက်ဝင်တစ်မျိုးပါ။ ယခင်က သာမန် အသေးစားအပူလောင်ခြင်း(နေလောင်ခြင်း)မျိုးကိုသာသက်သာစေတယ်ဆိုပေမယ့် လေ့လာတွေ့ရှိချက်

အရ အနည်းငယ်ပြင်းထန်တဲ့ အပူလောင်ခြင်း၊ ယောင်ယမ်းခြင်းမျိုးကိုလည်း အလျင်အမြန်သက်သာစေပါတယ်။ သူ့မှာ သဘာဝရေဓာတ်ပါဝင်တာကြောင့် လောင်ကျွမ်းနာတွေကို တဖြည်းဖြည်း ပျောက်ကင်းစေပြီး အသားအရေကိုနူးညံ့ချောမွတ်လာစေပါတယ်။


ရှာလကာရည်


ရှာလကာရည်မှာလည်း အနာသက်သာစေတဲ့အပြင် အရေပြားကိုစေ့ပြီးသွေးတိတ်စေတဲ့ အာနိသင်ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ပိုးသတ်ဆေးအနေနဲ့သုံးလို့ရပါတယ်။ သာမန်အပူလောင်နာအတွက်ဆိုရင်တော့ ရှာလကာရည်ထဲကို ရေဆတူရောပါ။ ထိုအရည်ထဲကို အဝတ်သန့်စိမ်ပြီး အနာပေါ်သုတ်ပေးခြင့်ဖြင့် ကုသလို့ရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:MyFood
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top