Property Expo
×

ေျမာက္ အိုင္ယာလန္ ႏိုင္ငံ ၊ Belfast ၿမိဳ႕မွာရွိတဲ့ အင္ဂ်င္နီယာ ေက်ာင္းသား ေတြဟာ Meccano အရုပ္ေတြနဲ႔ ေပ ၁၀၀ ရွိတဲ့ တံတား ၁ ခု ကို ေဆာက္လုပ္ျပၿပီး ကမာၻ႕စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

Belfast ၿမိဳ႕က Lagan ျမစ္ကို ေပ ၁၀၀ အရွည္ ကန္႔လန္႔ ျဖတ္ႏိုင္ဖို႔အတြက္ အေလးခ်ိန္ ေပါ့ပါးလြန္းတဲ့ Meccano အရုပ္ကုမၼဏီရဲ႕ သတၱဳေဆာက္လုပ္ေရး အရုပ္ေပါင္း ၁၁၀၀၀ ကို ထို တံတား တည္ေဆာက္ရာမွာ အသံုးျပဳခဲ့တယ္လို႔ သိရပါတယ္။

ကမာၻ႕ဂရင္းနစ္ စံခ်ိန္ ဌာနက အတည္ျပဳခဲ့တာကေတာ့ ထို တံတားဟာ Meccano သတၱဳေဆာက္လုပ္ေရး အရုပ္ေတြနဲ႔ တည္ေဆာက္ထားသမွ်ထဲမွာ အႀကီးဆံုး ျဖစ္တယ္ဆိုတာပါပဲ။

Queen's University Belfast ဆိုတဲ့ တကၠသိုလ္ေက်ာင္းက အင္ဂ်င္နီယာ ေက်ာင္းသားေတြေဆာက္လုပ္ထားတဲ့ ထုိတံတားေပၚကို ေက်ာင္းသားေလးေတြရဲ႕ ဆရာ ပါေမာကၡ Trevor Whittaker က သိုင္းႀကိဳးတပ္ဆင္ၿပီး ျဖတ္သန္းျပခဲ့ရာမွလည္း ရာေပါင္းမ်ားစြာေသာ ပရိတ္သတ္ေတြက တစ္ခဲနက္ အားေပးေနခဲ့ၾကပါတယ္။

ထို တံတားကို တည္ေဆာက္ခဲ့တာကေတာ့ တတိယႏွစ္ ၿမိဳ႕ျပအင္ဂ်င္နီယာ ေက်ာင္းသား ေတြျဖစ္ၿပီး ထိုတံတား ကို တည္ေဆာက္ရာမွာ မူလီနဲ႔ နက္ေပါင္း ၇၀၀၀၀ ေလာက္ အသံုးျပဳခဲ့ရတယ္လို႔ လည္း သိရပါတယ္။

ထို စီမံကိန္းရဲ႕ ဥာဏ္ကြန္႔ျမဴးမႈကေတာ့ ဗိသုကာ နဲ႔ ၿမိဳ႕ျပအင္ဂ်င္နီယာ ေက်ာင္းက ေဒါက္တာ Danny McPolin ပဲ ျဖစ္တယ္လို႔ သိရပါတယ္။ ထို စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔အတြက္လည္း ၁ ႏွစ္ ခန္႔ အခ်ိန္ယူခဲ့ရပါတယ္တဲ့။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
မြောက် အိုင်ယာလန် နိုင်ငံ ၊ Belfast မြို့မှာရှိတဲ့ အင်ဂျင်နီယာ ကျောင်းသား တွေဟာ Meccano အရုပ်တွေနဲ့ ပေ ၁၀၀ ရှိတဲ့ တံတား ၁ ခု ကို ဆောက်လုပ်ပြပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။

Belfast မြို့က Lagan မြစ်ကို ပေ ၁၀၀ အရှည် ကန့်လန့် ဖြတ်နိုင်ဖို့အတွက် အလေးချိန် ပေါ့ပါးလွန်းတဲ့ Meccano အရုပ်ကုမ္မဏီရဲ့ သတ္တုဆောက်လုပ်ရေး အရုပ်ပေါင်း ၁၁၀၀၀ ကို ထို တံတား တည်ဆောက်ရာမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဂရင်းနစ် စံချိန် ဌာနက အတည်ပြုခဲ့တာကတော့ ထို တံတားဟာ Meccano သတ္တုဆောက်လုပ်ရေး အရုပ်တွေနဲ့ တည်ဆောက်ထားသမျှထဲမှာ အကြီးဆုံး ဖြစ်တယ်ဆိုတာပါပဲ။

Queen's University Belfast ဆိုတဲ့ တက္ကသိုလ်ကျောင်းက အင်ဂျင်နီယာ ကျောင်းသားတွေဆောက်လုပ်ထားတဲ့ ထိုတံတားပေါ်ကို ကျောင်းသားလေးတွေရဲ့ ဆရာ ပါမောက္ခ Trevor Whittaker က သိုင်းကြိုးတပ်ဆင်ပြီး ဖြတ်သန်းပြခဲ့ရာမှလည်း ရာပေါင်းများစွာသော ပရိတ်သတ်တွေက တစ်ခဲနက် အားပေးနေခဲ့ကြပါတယ်။

ထို တံတားကို တည်ဆောက်ခဲ့တာကတော့ တတိယနှစ် မြို့ပြအင်ဂျင်နီယာ ကျောင်းသား တွေဖြစ်ပြီး ထိုတံတား ကို တည်ဆောက်ရာမှာ မူလီနဲ့ နက်ပေါင်း ၇၀၀၀၀ လောက် အသုံးပြုခဲ့ရတယ်လို့ လည်း သိရပါတယ်။

ထို စီမံကိန်းရဲ့ ဉာဏ်ကွန့်မြူးမှုကတော့ ဗိသုကာ နဲ့ မြို့ပြအင်ဂျင်နီယာ ကျောင်းက ဒေါက်တာ Danny McPolin ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ထို စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက်လည်း ၁ နှစ် ခန့် အချိန်ယူခဲ့ရပါတယ်တဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top