Property Expo
×

၂၀၁၆ ခုႏွစ္အတြက္ ဂီတနယ္ပယ္မွ ဝင္ေငြအေကာင္းဆုံးစာရင္းမွာ အေမရိကန္ေပ့ါပ္အဆုိေတာ္ ေတလာဆြစ္ဖ္က နံပါတစ္ေနရာမွ ရပ္တည္ခဲ့ပါတယ္။ ေတလာဆြစ္ဖ္ရဲ႕ေနာက္မွာ အမ်ဳိးသားအဆုိေတာ္အဖြဲ႕ One Direction နဲ႕ ၿဗိတိသွ်အဆုိေတာ္ အဒဲလ္တုိ႕က အစဥ္လုိက္ရပ္တည္ခဲ့ေၾကာင္း Forbes မဂၢဇင္းက ထုတ္ျပန္တဲ့စာရင္းအရ သိရပါတယ္။

ေတလာဆြစ္ဖ္က ဂီတေဖ်ာ္ေျဖပြဲ၊ ေတးသီခ်င္းအယ္လ္ဘမ္နဲ႕ အျခားဝင္ေငြအရပ္ရပ္မွ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၁၇၀ ရ႐ွိခဲ့ကာ ၂၀၁၆ ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံး ဂီတပညာ႐ွင္အျဖစ္ ရပ္တည္ခဲ့တာ ျဖစ္ပါတယ္။ ေတလာဆြစ္ဖ္ရဲ႕ အဓိကဝင္ေငြဟာ သူမရဲ႕ '1989' ကမာၻလွည္ေဖ်ာ္ေျဖပြဲမွ ရ႐ွိခဲ့တာလုိ႕ ဆုိပါတယ္။

One Direction အဆုိေတာ္အဖြဲ႕က ဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၁၁၀ ျဖင့္ ဒုတိေနရာနဲ႕ အဒဲလ္က ဝင္ေငြ အေမရိကန္ေဒၚလာ ၈၀.၅ သန္းျဖင့္ တတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ေတလာဆြစ္ဖ္ဟာ Forbes က အေစာပုိင္းမွာ ထုတ္ျပန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဝင္ေငြအေကာင္းဆုံး ဂီတနယ္ပယ္မွ အမ်ဳိးသမီးမ်ားစာရင္းမွာလည္း ထိပ္ဆုံးမွ ရပ္တည္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၆ ခုႏွစ္ ဂီတနယ္ပယ္မွ ဝင္ေငြအေကာင္းဆုံးစာရင္းရဲ႕ ထိပ္ဆုံး ၁၀ ေနရာ ရပ္တည္မႈမွာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

၁။ ေတလာဆြစ္ဖ္ - အေမရိကန္ေဒၚလာ သန္း ၁၇၀
၂။ One Direction - အေမရိကန္ေဒၚလာ သန္း ၁၁၀
၃။ အဒဲလ္ - အေမရိကန္ေဒၚလာ ၈၀.၅ သန္း
၄။ မက္ေဒါနား - အေမရိကန္ေဒၚလာ ၇၆.၅ သန္း
၅။ ရီဟားနား -အေမရိကန္ေဒၚလာ ၇၅ သန္း
၆။ ဂရတ္ဘ႐ြတ္စ္ - အေမရိကန္ေဒၚလာ သန္း ၇၀
၇။ ေအစီ/ဒီစီ - အေမရိကန္ေဒၚလာ ၆၇.၅ သန္း
၈။ ႐ုိးလင္းစတုန္း - အေမရိကန္ေဒၚလာ ၆၆.၅ သန္း
၉။ ဒီေဂ် ကယ္ဗင္ဟားရစ္ - အေမရိကန္ေဒၚလာ ၆၃ သန္း
၁၀။ ဒစ္ဒီ - အေမရိကန္ေဒၚလာ ၆၂ သန္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

၂၀၁၆ ခုနှစ်အတွက် ဂီတနယ်ပယ်မှ ဝင်ငွေအကောင်းဆုံးစာရင်းမှာ အမေရိကန်ပေ့ါပ်အဆိုတော် တေလာဆွစ်ဖ်က နံပါတစ်နေရာမှ ရပ်တည်ခဲ့ပါတယ်။ တေလာဆွစ်ဖ်ရဲ့နောက်မှာ အမျိုးသားအဆိုတော်အဖွဲ့ One Direction နဲ့ ဗြိတိသျှအဆိုတော် အဒဲလ်တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

တေလာဆွစ်ဖ်က ဂီတဖျော်ဖြေပွဲ၊ တေးသီချင်းအယ်လ်ဘမ်နဲ့ အခြားဝင်ငွေအရပ်ရပ်မှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ရရှိခဲ့ကာ ၂၀၁၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဂီတပညာရှင်အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်ဖ်ရဲ့ အဓိကဝင်ငွေဟာ သူမရဲ့ '1989' ကမ္ဘာလှည်ဖျော်ဖြေပွဲမှ ရရှိခဲ့တာလို့ ဆိုပါတယ်။

One Direction အဆိုတော်အဖွဲ့က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဒုတိနေရာနဲ့ အဒဲလ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀.၅ သန်းဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ Forbes က အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး ဂီတနယ်ပယ်မှ အမျိုးသမီးများစာရင်းမှာလည်း ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ် ဂီတနယ်ပယ်မှ ဝင်ငွေအကောင်းဆုံးစာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာ ရပ်တည်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တေလာဆွစ်ဖ် - အမေရိကန်ဒေါ်လာ သန်း ၁၇၀
၂။ One Direction - အမေရိကန်ဒေါ်လာ သန်း ၁၁၀
၃။ အဒဲလ် - အမေရိကန်ဒေါ်လာ ၈၀.၅ သန်း
၄။ မက်ဒေါနား - အမေရိကန်ဒေါ်လာ ၇၆.၅ သန်း
၅။ ရီဟားနား -အမေရိကန်ဒေါ်လာ ၇၅ သန်း
၆။ ဂရတ်ဘရွတ်စ် - အမေရိကန်ဒေါ်လာ သန်း ၇၀
၇။ အေစီ/ဒီစီ - အမေရိကန်ဒေါ်လာ ၆၇.၅ သန်း
၈။ ရိုးလင်းစတုန်း - အမေရိကန်ဒေါ်လာ ၆၆.၅ သန်း
၉။ ဒီဂျေ ကယ်ဗင်ဟားရစ် - အမေရိကန်ဒေါ်လာ ၆၃ သန်း
၁၀။ ဒစ်ဒီ - အမေရိကန်ဒေါ်လာ ၆၂ သန်း

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top