Property Expo
×

( ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စင္ကာပူႏုိင္ငံ ဝန္ႀကီးခ်ဳပ္ မစၥတာ လီရွန္လြန္း တို႔ ႏိုဝင္ဘာလ ၃ဝ ရက္ေန႔က ေတြ႔ဆံုၾကစဥ္ )Photo: Myanmar State Counsellor Office


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က စင္ကာပူ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ မေန႔က ေတြ႔ဆံုရာမွာ"စင္ကာပူရဲ႕ လြတ္လပ္ေရးေခတ္ဦးကာလမွာ အဲဒီအခ်ိန္တုန္းက ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ မစၥတာ လီကြမ္ယုက ေနာင္အႏွစ္ႏွစ္ဆယ္ၾကာရင္ စကၤာပူဟာ ျမန္မာႏုိင္ငံကို အမီလိုက္ႏိုင္မယ္လို႔ ေျပာဆိုခဲ့ဘူးပါတယ္၊ဒီကေန႔ေတာ့မိမိတုိ႔က ျပန္ေျပာင္းၿပီး ေျပာရေတာ့မယ္။ ေနာင္
 ႏွစ္ေပါင္း ႏွစ္ဆယ္ၾကာရင္ ျမန္မာႏိုင္ငံကစကၤာပူကို ေက်ာ္တက္သြားလိမ့္မယ္။ ေဒသတြင္းက
 ႏုိင္ငံတစ္ႏိုင္ငံရဲ႕ ေအာင္ျမင္မႈဟာ ေဒသတခုလုံးရဲ႕ ေအာင္ျမင္မႈ ျဖစ္တဲ့အတြက္ အဲဒီလို မိမိတုိ႔ႏုိင္ငံ ေအာင္ျမင္ေအာင္ စကၤာပူက ကူညီေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။" လုိ႔ ေျပာၾကားခဲ့ပါတယ္။

စကၤာပူႏုိင္ငံကို ႏုိဝဘၤာ ၃ဝ ရက္ကေန ဒီဇဘၤာ ၂ ရက္ေန႔အထိ သံုးရက္ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္နဲ႔ ေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံကုိ စကၤာပူလို တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တရားဥပေဒ စိုးမုိးေရးရွိတဲ့ႏုိင္ငံတခုျဖစ္ေအာင္ ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း၊ မတည္ၿငိမ္တဲ့ႏုိင္ငံမွာစီးပြားေရးရင္းႏွီးျမဳွပ္ႏွံမႈရွိမွာမဟုတ္ေၾကာင္း၊ ျမန္မာအမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး
နဲ႔ ၿငိမ္းခ်မ္းေရးရရွိဖုိ႔ အလြန္အေရးႀကီးေၾကာင္း စသျဖင့္ ေျပာၾကားခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲေတြနဲ႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက မြတ္ဆလင္ျပႆနာေတြကုိ ႏုိင္ငံတကာ ေဝဖန္ကန္႔ကြက္မႈေတြေပၚထြက္ေနေပမယ့္ ဒီအေၾကာင္းေတြနဲ႔ ပတ္သက္လုိ႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က တုိက္ရုိက္ထည့္သြင္း ေျပာၾကားခဲ့တာမရွိဘူးလို႔ စကၤာပူကလာတဲ့ AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

မေန႔ညေနပုိင္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ လီ ရွန္လြန္း တုိ႔ သမၼတအိမ္ေတာ္မွာ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒီေတြ႔ဆုံပြဲမွာ လီရွန္လြန္းက သူ႔ဖခင္ စကၤာပူဝန္ႀကီးခ်ဳပ္ေဟာင္း လီကြမ္ယူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕မိခင္ ေဒၚခင္ၾကည္တုိ႔ ၁၉၆၅ ခုႏွစ္ကေတြ႔ဆုံစဥ္ ရုိက္ကူးထားတဲ့ ဓါတ္ပုံကုိ အမွတ္တရ ေပးအပ္ခဲ့ပါတယ္။ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စကၤာပူနဲ႔အတူ အင္ဒိုနီးရွားႏုိင္ငံကိုပါ သြားေရာက္ဖို႔ မူလက စီစဥ္ထားခဲ့ေပမယ့္ လံုျခံဳေရးအေျခအေနေၾကာင့္ အင္ဒုိနီးရွားခရီးစဥ္ကုိ ဖ်က္သိမ္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မနေ့က တွေ့ဆုံရာမှာ"စင်ကာပူရဲ့ လွတ်လပ်ရေးခေတ်ဦးကာလမှာ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စတာ လီကွမ်ယုက နောင်အနှစ်နှစ်ဆယ်ကြာရင် စင်္ကာပူဟာ မြန်မာနိုင်ငံကို အမီလိုက်နိုင်မယ်လို့ ပြောဆိုခဲ့ဘူးပါတယ်၊ ဒီကနေ့တော့ မိမိတို့က ပြန်ပြောင်းပြီး ပြောရတော့မယ်။ နောင် နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာနိုင်ငံက စင်္ကာပူကို ကျော်တက်သွားလိမ့်မယ်။ ဒေသတွင်းက နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသတခုလုံးရဲ့

 အောင်မြင်မှု ဖြစ်တဲ့အတွက် အဲဒီလို မိမိတို့နိုင်ငံ အောင်မြင်အောင် စင်္ကာပူက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံကို နိုဝင်္ဘာ ၃ဝ ရက်ကနေ ဒီဇင်္ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စင်္ကာပူလို တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးရှိတဲ့နိုင်ငံတခုဖြစ်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း၊ မတည်ငြိမ်တဲ့နိုင်ငံမှာ စီးပွားရေးရင်းနှီးမြုှပ်နှံမှုရှိမှာ မဟုတ်ကြောင်း၊ မြန်မာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အလွန်အရေးကြီးကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ပြဿနာတွေကို နိုင်ငံတကာ ဝေဖန်ကန့်ကွက်မှုတွေပေါ်ထွက်နေပေမယ့် ဒီအကြောင်းတွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်ထည့်သွင်း ပြောကြားခဲ့တာမရှိဘူးလို့ စင်္ကာပူကလာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီ ရှန်လွန်း တို့ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လီရှန်လွန်းက သူ့ဖခင် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်တို့ ၁၉၆၅ ခုနှစ်ကတွေ့ဆုံစဉ် ရိုက်ကူးထားတဲ့ ဓါတ်ပုံကို အမှတ်တရ ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနဲ့အတူ အင်ဒိုနီးရှားနိုင်ငံကိုပါ သွားရောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အင်ဒိုနီးရှားခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top