Property Expo
×

သူ႕ဘဝတြင္ သူမက်ဴးလြန္ရပါဘဲ ႀကီးမားတဲ့ ျပစ္ဒဏ္ကို ခံယူရလိမ့္မည္ဟု ေတြးမထင္ခဲ့ဖူးေပ။ လြန္ခဲ့ေသာ    ေလးႏွစ္ခန္႔က ခုနစ္တန္းသို႔တက္ေရာက္ေနသည့္အသက္(၁၂)ႏွစ္အရြယ္   သူ ေက်ာင္းမွ အိမ္သို႔အျပန္ မိခင္ႏွင့္ အေဒၚျဖစ္သူတို႔၏ ေျပာေန သည့္စကားအသံက သူ႔နားထဲ တြင္ မိုးႀကိဳးပစ္ခ်လိုက္သည့္ႏွယ္။

‘‘မထင္မွတ္ထားဘူး။ အရမ္း ဝမ္းနည္းမိတယ္။ အဲဒီဟာႀကီးကိုလက္မခံခ်င္ဘူး’’ဟု လက္ရွိအခ်ိန္၌ အသက္(၁၇)ႏွစ္အရြယ္သို႔ ေရာက္ရွိေနၿပီး ပရဟိတအဖြဲ႕တစ္ ခုတြင္ ေစတနာ့ဝန္ထမ္းတစ္ဦး ျဖစ္ေသာ အိတ္ခ်္အိုင္ဗီေရာဂါေဝ ဒနာရွင္ မၾကာျဖဴက ဆိုသည္။

အသားညိဳညိဳ၊ အရပ္(၅)ေပ ခန္႔ရွိကာ နက္ေမွာင္ေသာဆံပင္ ႏွင့္ သြယ္လ်ေသာခႏၶာကိုယ္ပိုင္ ဆိုင္ထားသည့္ သူ႔ကို ႐ုတ္တရက္ ၾကည့္လိုက္မည္ဆိုပါက အိတ္ခ်္အိုင္ဗီေရာဂါပိုးရွိသူဟုပင္    ထင္မွတ္စရာမရွိေပ။

ဖခင္ျဖစ္သူမွ မိခင္ဆီသို႔ အိတ္ခ်္အိုင္ဗီေရာဂါကူးစက္ခံရ ၿပီးေနာက္ မိဘ၏ေရာဂါအေမြ ဆိုးကို သူလက္ခံရရွိခဲ့သည္။ ကံ ဆိုးမႈေတြက ဆက္တိုက္ဆိုသလို သူတို႔မိသားစုဆီသို႔ ေရာက္ရွိ လာခဲ့သည္။ ၎မွာ ဖခင္က သူတို႔ကို စြန္႔ပစ္ထားခဲ့ၿပီး မိခင္က ထုိအခ်ိန္မွစ၍ ေရာဂါေၾကာင့္ တေရွာင္ေရွာင္ျဖစ္လာခဲ့သည္ဟု သူက ဆိုသည္။

‘‘ရြာမွာဆိုေတာ့ ဒီလိုေဆး ေတြ ေသာက္ရမွန္းလဲ မသိဘူး။ ေဆးၿမီးတိုေတြနဲ႔ ကုတယ္။ ကုလို႔ မႏိုင္မွ မဂၤလာဒံုေဆး႐ံုကို ျပတဲ့ အခါက်ေတာ့ အေမ့ေရာဂါအေျခ အေနက ေတာ္ေတာ္ဆိုးေနၿပီ။ အဲဒီအခ်ိန္မွာ ပတ္ဝန္းက်င္က လည္း ဒီေရာဂါျဖစ္မွန္းသိသြားၿပီး အဆက္အဆံမလုပ္ၾကေတာ့ဘူး’’ ဟု သူ၏အတိတ္က ျဖစ္ရပ္ဆိုးကို နာက်င္ဟန္ျဖင့္ ဆိုသည္။

မိခင္ျဖစ္သူတြင္ ယင္း အိတ္ခ်္အုိင္ဗီေရာဂါခံစားေနရ သည္ဟု သိရွိခ်ိန္၌ သူတို႔ေမာင္ ႏွမႏွစ္ဦးအား ေသြးစစ္ေဆးခဲ့ရာ သူ႔တြင္သာ ထုိေရာဂါပိုးရွိေနခဲ့ၿပီး သူ၏ ေမာင္ေလးမွာ ေရာဂါကူး စက္ခံထားရျခင္းမရွိေပ။ ယင္း ေရာဂါျဖင့္ မိခင္ေသဆံုးသြားၿပီး ေနာက္ သူ၏ေမာင္ေလးကို အေဒၚျဖစ္သူက ေမြးစားလိုက္ၿပီး သူ႔ကိုမူ အိတ္ခ်္အိုင္ဗီေရာဂါ ခံစားေနရ သည့္ ကေလးမ်ားအတြက္ ဖြင့္လွစ္ထားေသာ သုခရိပ္ၿမံဳေဂဟာ သို႔ ခိုလႈံရန္ သူေရာက္ရွိခဲ့သည္။

မၾကာျဖဴကဲ့သို႔ပင္ မိဘမ်ား ထံမွ ေရာဂါအေမြဆိုးကို လက္ခံ ရရွိထားသူ ဆယ္ေက်ာ္သက္အ ရြယ္ေဝဒနာရွင္မ်ားကလည္း ဒုနဲ႔ ေဒးပင္ရွိေနသည္။ ျမန္မာႏုိင္ငံ တြင္ အိတ္ခ်္အုိင္ဗီကူးစက္ခံရသူ ႏွစ္သိန္းတစ္ေသာင္းေက်ာ္ရွိ သည့္အနက္   ၾကာျဖဴကဲ့သုိ႔ မိဘမ်ားထံမွ ကူးစက္ခံရေသာ ကေလးငယ္ေပါင္းလည္း မ်ားစြာ ရွိပါသည္။    ဖခင္ျဖစ္သူထံမွ မိခင္ျဖစ္သူသို႔ ကူးစက္ကာ ထိုမွတစ္ဆင့္ ၎ထံသို႔ ကူးစက္ခံရၿပီး ယခုအခ်ိန္တြင္ ေရာဂါေၾကာင့္ ေက်ာင္းပင္ရပ္နားထားရသည္ဟု အသက္(၁၅)ႏွစ္ေက်ာ္အရြယ္ရွိ ကိုးတန္းေက်ာင္းသား ေမာင္မင္း မင္းက ဝမ္းနည္းဟန္ျဖင့္ဆိုသည္။

‘‘ရြယ္တူသူငယ္ခ်င္းေတြ ေက်ာင္းတက္တာျမင္ရင္ တက္ ခ်င္တယ္။ သားကရဲျဖစ္ခ်င္တာ။ ရဲယူနီေဖာင္းကို အရမ္းသေဘာ က်တာ။ အခုေတာ့ ေနမေကာင္း လို႔ ေက်ာင္းေတာင္ထြက္လုိက္ရ တယ္’’ဟု ၎က မ်က္ရည္ဝဲရင္း ဆိုသည္။

ကေလးဘဝမွစတင္ၿပီး ဘဝ တစ္သက္တာလံုး အိတ္ခ်္အိုင္ဗီ ေရာဂါဆိုးႀကီးႏွင့္အတူ ရွင္သန္ ႀကီးျပင္းၾကရေသာ ဆယ္ေက်ာ္ သက္အရြယ္ အိတ္ခ်္အိုင္ဗီေဝဒ နာရွင္မ်ားသည္ ပညာေရး၊ က်န္း မာေရး၊ လူမႈေရးတို႔အျပင္ စိတ္ ပိုင္းဆိုင္ရာႏွင့္အလုပ္အကိုင္အ ခြင့္အလမ္းဆံုး႐ႈံးမႈမ်ားမွာ အျခား သာမန္သက္တူရြယ္တူမ်ားထက္  ပိုမိုထိခိုက္ခံစားေနရေပသည္။

‘‘သူတို႔ရည္မွန္းထားတဲ့ တကၠသိုလ္ေတြရွိတယ္။ ေဆးစစ္ ခိုင္းတဲ့အခါက်ေတာ့ သူတို႔ေတြ အခြင့္အေရးဆံုး႐ႈံးတယ္။ ေနာက္ တစ္ခါ အလုပ္အကိုင္က်ျပန္ ေတာ့လည္း တခ်ိဳ႕အလုပ္ေတြက ေဆးစစ္ရတယ္။ သူတို႔ေမွ်ာ္လင့္ ထားတဲ့ ဝါသနာပါတဲ့အလုပ္အ ခ်ိဳ႕ကို လက္လႊတ္ဆံုး႐ႈံးရျပန္ တယ္’’ဟု အိတ္ခ်္အိုင္ဗီေရာဂါရွင္ မ်ား၏လူမႈေရးရာကိစၥမ်ားတြင္ ပါဝင္ကူညီသူ ဦးဇာနည္ေအာင္ က ဆိုသည္။

အိတ္ခ်္အိုင္ဗီေၾကာင့္ ထိ ခိုက္ခံစားရေသာ ကေလးမ်ား၏ လူမႈေရးႏွင့္ အာဟာရဆုိင္ရာ က်န္းမာေရးအေျခအေနမ်ား သည္ ၎တို႔၏အိမ္နီးခ်င္းကေလး ငယ္မ်ားႏွင့္ ႏိႈင္းယွဥ္ပါက လြန္စြာနိမ့္က်လ်က္ရွိေနေၾကာင္း က်န္း မာေရးဝန္ႀကီးဌာန သုေတသန စာတမ္းမ်ား၌ ေဖာ္ျပထားသည္။

ယင္းသုေတသနမွာ ေဆးသု သေတသနဦးစီးဌာန(ေအာက္ ျမန္မာျပည္)၊ အမ်ိဳးသားခုခံက်/ကာလသားေရာဂါတိုက္ဖ်က္ေရး စီမံခ်က္က အသက္(၁၈)ႏွစ္ ေအာက္ျဖစ္ၿပီး မိဘတစ္ဦး(သို႔ မဟုတ္)ႏွစ္ဦးလံုး ဆံုးပါးသြားသူ ကေလးငယ္မ်ား၊ မိဘ၊ အုပ္ထိန္းသူရွိသူ ၁,၁၅၀ ဦးႏွင့္ အိမ္နီးခ်င္း ကေလးမ်ား၊ မိဘအုပ္ထိန္းသူ ေပါင္း ၁,၁၅၀ ဦးတို႔ကို ႏိႈင္းယွဥ္ ေလ့လာခဲ့ျခင္းျဖစ္သည္။

အိမ္နီးခ်င္းကေလးမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ လူမႈေရးအရ မူလ ေနထုိင္ရာ အိမ္မွ ေျပာင္းေရႊ႕ရ ျခင္း ၂၄ ဒသမ ၃ ရာခိုင္ႏႈန္းႏွင့္ ၉ ဒသမ ၄ ရာခိုင္ႏႈန္း၊ မိသားစု တကြဲတျပားျဖစ္ရျခင္း ၁၁ ဒသမ ၅ ရာခိုင္ႏႈန္းႏွင့္ ၄ ဒသမ ၁ ရာ ခိုင္ႏႈန္း၊ အိမ္ေထာင္စုစာရင္း တြင္ ပါဝင္ျခင္းမွာ ၆၈ ရာခိုင္ႏႈန္း ႏွင့္ ၇၇ ဒသမ ၅ ရာခိုင္ႏႈန္း စ သည့္လူမႈေရးထိခိုက္မႈမ်ားႏွင့္ အာဟာရအရ အသက္(၅)ႏွစ္ ေအာက္ ကေလးငယ္မ်ားတြင္ လည္း ကိုယ္အေလးခ်ိန္ေလ်ာ့ နည္းျခင္း ၃၆ ရာခိုင္ႏႈန္းႏွင့္ ၁၀ ဒသမ ၉ ရာခိုင္ႏႈန္းႏွင့္ အရပ္ပု လြန္းျခင္း ၃၉ ရာခိုင္ႏႈန္းႏွင့္ ၁၃ ရာခိုင္ႏႈန္းႏွင့္ ပိန္လွီျခင္း ၁၈ ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ ၅ ဒသမ ၈ ရာခိုင္ႏႈန္းတို႔ကို ေလ့လာေတြ႕ ရွိရေၾကာင္း သုေတသနစာတမ္း၌ ေဖာ္ျပထားသည္။

ကမၻာေပၚတြင္ အိတ္ခ်္အိုင္ ဗီေရာဂါေၾကာင့္ မိဘတစ္ဦးဦး ေသဆံုးရေသာ ကေလးသူငယ္ ေပါင္းမွာ တစ္ကမၻာလံုးတြင္ ၁၄ သန္းေက်ာ္ရွိၿပီး ၂၀၁၀ ၌ ခုခံအား က်ဆင္းမႈ ကူးစက္ေရာဂါပိုး ေၾကာင့္ မိဘမဲ့ျဖစ္ရသူ ကေလးသူ ငယ္ေပါင္းမွာ ၂၅ သန္းခန္႔ရွိႏိုင္ ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႕ (WHO) က ခန္႔မွန္းထားသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၁၄ က အိတ္ခ်္ အိုင္ဗီကူး စက္ခံရမႈႏႈန္းမွာ ၀ ဒသမ ၅၄ ရာခိုင္ႏႈန္းရွိကာ အသက္(၁၅)ႏွစ္အထက္ အိတ္ခ်္အိုင္ဗီကူး စက္ခံရႏႈန္း    ႏွစ္သိန္းခန္႔ရွိေန ေၾကာင္း က်န္းမာေရးႏွင့္အားက စားဝန္ႀကီးဌာနက သတင္းထုတ္ ျပန္ထားသည္။

အိတ္ခ်္အိုင္ဗီေဝဒနာရွင္ မ်ားကို ကူညီေစာင့္ေရွာက္မႈေပး ေနသည့္ နယ္စည္းမထား ဆရာ ဝန္မ်ားအဖြဲ႕၏ ၂၀၁၆ စက္တင္ ဘာကိန္းဂဏန္းမ်ားအရ ရန္ကုန္၊ ရွမ္း၊ ကခ်င္ႏွင့္ တနသၤာရီေဒသ မ်ားရွိ ၎တို႔၏ စီမံကိန္းေနရာ မ်ား၌ ေအအာတီေဆးျဖင့္ လူနာ ၃၄,၈၇၇ ဦးအား ကုသေပးေန သည္။ ၎တို႔အနက္ ၁,၈၀၇ ဦး မွာ အသက္(၁၀)ႏွစ္မွ (၁၉)ႏွစ္ ၾကားအရြယ္မ်ားျဖစ္ၿပီး ယင္းအ ေရအတြက္မွာ လူနာစုစုေပါင္း၏ ၅ ရာခိုင္ႏႈန္းခန္႔ရွိသည္။

ဆယ္ေက်ာ္သက္အရြယ္လူ ငယ္မ်ားသည္ ေရာဂါဒဏ္ခံစား ေနရေသာ အဓိကအုပ္စုတစ္ခု ျဖစ္ေသာ္လည္း ၎တို႔သည္ ပတ္ ဝန္းက်င္၏ေထာက္ပံ့ကူညီမႈမရရွိ ဘဲ လ်စ္လ်ဴ႐ႈျခင္းဒဏ္ကို ခံစား ေနၾကရဆဲျဖစ္သည္။ ၎တို႔အ တြက္ ပံုမွန္အတုိင္း ဘဝရွင္သန္ ဖြံ႕ၿဖိဳးေစရန္ အေထာက္အကူေပး သည့္ ပတ္ဝန္းက်င္ေကာင္းတစ္ခု မျဖစ္မေန လိုအပ္ေနေပသည္။

ႏွစ္စဥ္ ဒီဇင္ဘာ ၁ ရက္ (ယေန႔)သည္ ကမၻာ႔ခုခံအားက် ဆင္းမႈကူးစက္ေရာဂါတိုက္ဖ်က္ ေရးေန႔(World AIDS Day)ျဖစ္ သည္။ ယင္းေန႔တြင္ ႏုိင္ငံအသီး သီးအလိုက္ အခမ္းအနားမ်ားစြာ ျပဳလုပ္ေလ့ရွိၿပီး ရည္မွန္းခ်က္ ေဆာင္ပုဒ္ပါအတိုင္း အစိုးရႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းအသီး သီးက ေဆာင္ရြက္ေလ့ရွိၾက သည္။ ယခုႏွစ္တြင္ အိတ္ခ်္အုိင္ဗီကူးစက္ခံထားရသည့္ ဆယ္ေက်ာ္သက္အရြယ္မ်ား၏အထူး လိုအပ္ခ်က္မ်ားကို သတိျပဳမိကာ ကူညီပံ့ပိုးမႈေပးလာေရးအတြက္ ေမွ်ာ္လင့္ရေပသည္။

‘‘ေရာဂါရွိတဲ့ ဆယ္ေက်ာ္ သက္အရြယ္ကေလးေတြကို မခြဲျခားတဲ့ ပတ္ဝန္းက်င္ျဖစ္ဖို႔ လို တယ္။ တစ္ေယာက္မွာ ရွိတယ္ဆို ရင္ေတာင္ ေနာက္တစ္ေယာက္ ကို မကူးဖို႔အတြက္ တားဆီးႏိုင္တဲ့ နည္းလမ္းေတြရွိတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြနဲ႔၊ လုပ္ေပးေနတဲ့ အဖြဲ႕ေတြနဲ႔ ေဆြးေႏြးပါ။ တုိင္ပင္ ပါ၊ ေမးပါ’’ဟု နယ္စည္းမထား ဆရာဝန္အဖြဲ႕ (MSF)မွ ေဆးဝါး ဆိုင္ရာတာဝန္ခံဆရာဝန္ ေဒါက္ တာဉာဏ္လင္းထြန္းက တိုက္ တြန္းသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

သူ့ဘဝတွင် သူမကျူးလွန်ရပါဘဲ ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံယူရလိမ့်မည်ဟု တွေးမထင်ခဲ့ဖူးပေ။ လွန်ခဲ့သော    လေးနှစ်ခန့်က ခုနစ်တန်းသို့တက်ရောက်နေသည့်အသက်(၁၂)နှစ်အရွယ်   သူ ကျောင်းမှ အိမ်သို့အပြန် မိခင်နှင့် အဒေါ်ဖြစ်သူတို့၏ ပြောနေ သည့်စကားအသံက သူ့နားထဲ တွင် မိုးကြိုးပစ်ချလိုက်သည့်နှယ်။

‘‘မထင်မှတ်ထားဘူး။ အရမ်း ဝမ်းနည်းမိတယ်။ အဲဒီဟာကြီးကိုလက်မခံချင်ဘူး’’ဟု လက်ရှိအချိန်၌ အသက်(၁၇)နှစ်အရွယ်သို့ ရောက်ရှိနေပြီး ပရဟိတအဖွဲ့တစ် ခုတွင် စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်သော အိတ်ချ်အိုင်ဗီရောဂါဝေ ဒနာရှင် မကြာဖြူက ဆိုသည်။

အသားညိုညို၊ အရပ်(၅)ပေ ခန့်ရှိကာ နက်မှောင်သောဆံပင် နှင့် သွယ်လျသောခန္ဓာကိုယ်ပိုင် ဆိုင်ထားသည့် သူ့ကို ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက အိတ်ချ်အိုင်ဗီရောဂါပိုးရှိသူဟုပင်    ထင်မှတ်စရာမရှိပေ။

ဖခင်ဖြစ်သူမှ မိခင်ဆီသို့ အိတ်ချ်အိုင်ဗီရောဂါကူးစက်ခံရ ပြီးနောက် မိဘ၏ရောဂါအမွေ ဆိုးကို သူလက်ခံရရှိခဲ့သည်။ ကံ ဆိုးမှုတွေက ဆက်တိုက်ဆိုသလို သူတို့မိသားစုဆီသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းမှာ ဖခင်က သူတို့ကို စွန့်ပစ်ထားခဲ့ပြီး မိခင်က ထိုအချိန်မှစ၍ ရောဂါကြောင့် တရှောင်ရှောင်ဖြစ်လာခဲ့သည်ဟု သူက ဆိုသည်။

‘‘ရွာမှာဆိုတော့ ဒီလိုဆေး တွေ သောက်ရမှန်းလဲ မသိဘူး။ ဆေးမြီးတိုတွေနဲ့ ကုတယ်။ ကုလို့ မနိုင်မှ မင်္ဂလာဒုံဆေးရုံကို ပြတဲ့ အခါကျတော့ အမေ့ရောဂါအခြေ အနေက တော်တော်ဆိုးနေပြီ။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်က လည်း ဒီရောဂါဖြစ်မှန်းသိသွားပြီး အဆက်အဆံမလုပ်ကြတော့ဘူး’’ ဟု သူ၏အတိတ်က ဖြစ်ရပ်ဆိုးကို နာကျင်ဟန်ဖြင့် ဆိုသည်။

မိခင်ဖြစ်သူတွင် ယင်း အိတ်ချ်အိုင်ဗီရောဂါခံစားနေရ သည်ဟု သိရှိချိန်၌ သူတို့မောင် နှမနှစ်ဦးအား သွေးစစ်ဆေးခဲ့ရာ သူ့တွင်သာ ထိုရောဂါပိုးရှိနေခဲ့ပြီး သူ၏ မောင်လေးမှာ ရောဂါကူး စက်ခံထားရခြင်းမရှိပေ။ ယင်း ရောဂါဖြင့် မိခင်သေဆုံးသွားပြီး နောက် သူ၏မောင်လေးကို အဒေါ်ဖြစ်သူက မွေးစားလိုက်ပြီး သူ့ကိုမူ အိတ်ချ်အိုင်ဗီရောဂါ ခံစားနေရ သည့် ကလေးများအတွက် ဖွင့်လှစ်ထားသော သုခရိပ်မြုံဂေဟာ သို့ ခိုလှုံရန် သူရောက်ရှိခဲ့သည်။

မကြာဖြူကဲ့သို့ပင် မိဘများ ထံမှ ရောဂါအမွေဆိုးကို လက်ခံ ရရှိထားသူ ဆယ်ကျော်သက်အ ရွယ်ဝေဒနာရှင်များကလည်း ဒုနဲ့ ဒေးပင်ရှိနေသည်။ မြန်မာနိုင်ငံ တွင် အိတ်ချ်အိုင်ဗီကူးစက်ခံရသူ နှစ်သိန်းတစ်သောင်းကျော်ရှိ သည့်အနက်   ကြာဖြူကဲ့သို့ မိဘများထံမှ ကူးစက်ခံရသော ကလေးငယ်ပေါင်းလည်း များစွာ ရှိပါသည်။    ဖခင်ဖြစ်သူထံမှ မိခင်ဖြစ်သူသို့ ကူးစက်ကာ ထိုမှတစ်ဆင့် ၎င်းထံသို့ ကူးစက်ခံရပြီး ယခုအချိန်တွင် ရောဂါကြောင့် ကျောင်းပင်ရပ်နားထားရသည်ဟု အသက်(၁၅)နှစ်ကျော်အရွယ်ရှိ ကိုးတန်းကျောင်းသား မောင်မင်း မင်းက ဝမ်းနည်းဟန်ဖြင့်ဆိုသည်။

‘‘ရွယ်တူသူငယ်ချင်းတွေ ကျောင်းတက်တာမြင်ရင် တက် ချင်တယ်။ သားကရဲဖြစ်ချင်တာ။ ရဲယူနီဖောင်းကို အရမ်းသဘော ကျတာ။ အခုတော့ နေမကောင်း လို့ ကျောင်းတောင်ထွက်လိုက်ရ တယ်’’ဟု ၎င်းက မျက်ရည်ဝဲရင်း ဆိုသည်။

ကလေးဘဝမှစတင်ပြီး ဘဝ တစ်သက်တာလုံး အိတ်ချ်အိုင်ဗီ ရောဂါဆိုးကြီးနှင့်အတူ ရှင်သန် ကြီးပြင်းကြရသော ဆယ်ကျော် သက်အရွယ် အိတ်ချ်အိုင်ဗီဝေဒ နာရှင်များသည် ပညာရေး၊ ကျန်း မာရေး၊ လူမှုရေးတို့အပြင် စိတ် ပိုင်းဆိုင်ရာနှင့်အလုပ်အကိုင်အ ခွင့်အလမ်းဆုံးရှုံးမှုများမှာ အခြား သာမန်သက်တူရွယ်တူများထက်  ပိုမိုထိခိုက်ခံစားနေရပေသည်။

‘‘သူတို့ရည်မှန်းထားတဲ့ တက္ကသိုလ်တွေရှိတယ်။ ဆေးစစ် ခိုင်းတဲ့အခါကျတော့ သူတို့တွေ အခွင့်အရေးဆုံးရှုံးတယ်။ နောက် တစ်ခါ အလုပ်အကိုင်ကျပြန် တော့လည်း တချို့အလုပ်တွေက ဆေးစစ်ရတယ်။ သူတို့မျှော်လင့် ထားတဲ့ ဝါသနာပါတဲ့အလုပ်အ ချို့ကို လက်လွှတ်ဆုံးရှုံးရပြန် တယ်’’ဟု အိတ်ချ်အိုင်ဗီရောဂါရှင် များ၏လူမှုရေးရာကိစ္စများတွင် ပါဝင်ကူညီသူ ဦးဇာနည်အောင် က ဆိုသည်။

အိတ်ချ်အိုင်ဗီကြောင့် ထိ ခိုက်ခံစားရသော ကလေးများ၏ လူမှုရေးနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးအခြေအနေများ သည် ၎င်းတို့၏အိမ်နီးချင်းကလေး ငယ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျလျက်ရှိနေကြောင်း ကျန်း မာရေးဝန်ကြီးဌာန သုတေသန စာတမ်းများ၌ ဖော်ပြထားသည်။

ယင်းသုတေသနမှာ ဆေးသု သတေသနဦးစီးဌာန(အောက် မြန်မာပြည်)၊ အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်က အသက်(၁၈)နှစ် အောက်ဖြစ်ပြီး မိဘတစ်ဦး(သို့ မဟုတ်)နှစ်ဦးလုံး ဆုံးပါးသွားသူ ကလေးငယ်များ၊ မိဘ၊ အုပ်ထိန်းသူရှိသူ ၁,၁၅၀ ဦးနှင့် အိမ်နီးချင်း ကလေးများ၊ မိဘအုပ်ထိန်းသူ ပေါင်း ၁,၁၅၀ ဦးတို့ကို နှိုင်းယှဉ် လေ့လာခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်လျှင် လူမှုရေးအရ မူလ နေထိုင်ရာ အိမ်မှ ပြောင်းရွှေ့ရ ခြင်း ၂၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ မိသားစု တကွဲတပြားဖြစ်ရခြင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁ ရာ ခိုင်နှုန်း၊ အိမ်ထောင်စုစာရင်း တွင် ပါဝင်ခြင်းမှာ ၆၈ ရာခိုင်နှုန်း နှင့် ၇၇ ဒသမ ၅ ရာခိုင်နှုန်း စ သည့်လူမှုရေးထိခိုက်မှုများနှင့် အာဟာရအရ အသက်(၅)နှစ် အောက် ကလေးငယ်များတွင် လည်း ကိုယ်အလေးချိန်လျော့ နည်းခြင်း ၃၆ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် အရပ်ပု လွန်းခြင်း ၃၉ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်းနှင့် ပိန်လှီခြင်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၈ ရာခိုင်နှုန်းတို့ကို လေ့လာတွေ့ ရှိရကြောင်း သုတေသနစာတမ်း၌ ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် အိတ်ချ်အိုင် ဗီရောဂါကြောင့် မိဘတစ်ဦးဦး သေဆုံးရသော ကလေးသူငယ် ပေါင်းမှာ တစ်ကမ္ဘာလုံးတွင် ၁၄ သန်းကျော်ရှိပြီး ၂၀၁၀ ၌ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါပိုး ကြောင့် မိဘမဲ့ဖြစ်ရသူ ကလေးသူ ငယ်ပေါင်းမှာ ၂၅ သန်းခန့်ရှိနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ က အိတ်ချ် အိုင်ဗီကူး စက်ခံရမှုနှုန်းမှာ ၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိကာ အသက်(၁၅)နှစ်အထက် အိတ်ချ်အိုင်ဗီကူး စက်ခံရနှုန်း    နှစ်သိန်းခန့်ရှိနေ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။

အိတ်ချ်အိုင်ဗီဝေဒနာရှင် များကို ကူညီစောင့်ရှောက်မှုပေး နေသည့် နယ်စည်းမထား ဆရာ ဝန်များအဖွဲ့၏ ၂၀၁၆ စက်တင် ဘာကိန်းဂဏန်းများအရ ရန်ကုန်၊ ရှမ်း၊ ကချင်နှင့် တနင်္သာရီဒေသ များရှိ ၎င်းတို့၏ စီမံကိန်းနေရာ များ၌ အေအာတီဆေးဖြင့် လူနာ ၃၄,၈၇၇ ဦးအား ကုသပေးနေ သည်။ ၎င်းတို့အနက် ၁,၈၀၇ ဦး မှာ အသက်(၁၀)နှစ်မှ (၁၉)နှစ် ကြားအရွယ်များဖြစ်ပြီး ယင်းအ ရေအတွက်မှာ လူနာစုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။

ဆယ်ကျော်သက်အရွယ်လူ ငယ်များသည် ရောဂါဒဏ်ခံစား နေရသော အဓိကအုပ်စုတစ်ခု ဖြစ်သော်လည်း ၎င်းတို့သည် ပတ် ဝန်းကျင်၏ထောက်ပံ့ကူညီမှုမရရှိ ဘဲ လျစ်လျူရှုခြင်းဒဏ်ကို ခံစား နေကြရဆဲဖြစ်သည်။ ၎င်းတို့အ တွက် ပုံမှန်အတိုင်း ဘဝရှင်သန် ဖွံ့ဖြိုးစေရန် အထောက်အကူပေး သည့် ပတ်ဝန်းကျင်ကောင်းတစ်ခု မဖြစ်မနေ လိုအပ်နေပေသည်။

နှစ်စဉ် ဒီဇင်ဘာ ၁ ရက် (ယနေ့)သည် ကမ္ဘာ့ခုခံအားကျ ဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ့(World AIDS Day)ဖြစ် သည်။ ယင်းနေ့တွင် နိုင်ငံအသီး သီးအလိုက် အခမ်းအနားများစွာ ပြုလုပ်လေ့ရှိပြီး ရည်မှန်းချက် ဆောင်ပုဒ်ပါအတိုင်း အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီး သီးက ဆောင်ရွက်လေ့ရှိကြ သည်။ ယခုနှစ်တွင် အိတ်ချ်အိုင်ဗီကူးစက်ခံထားရသည့် ဆယ်ကျော်သက်အရွယ်များ၏အထူး လိုအပ်ချက်များကို သတိပြုမိကာ ကူညီပံ့ပိုးမှုပေးလာရေးအတွက် မျှော်လင့်ရပေသည်။

‘‘ရောဂါရှိတဲ့ ဆယ်ကျော် သက်အရွယ်ကလေးတွေကို မခွဲခြားတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လို တယ်။ တစ်ယောက်မှာ ရှိတယ်ဆို ရင်တောင် နောက်တစ်ယောက် ကို မကူးဖို့အတွက် တားဆီးနိုင်တဲ့ နည်းလမ်းတွေရှိတယ်။ ဒါကြောင့် ဆရာဝန်တွေနဲ့၊ လုပ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးပါ။ တိုင်ပင် ပါ၊ မေးပါ’’ဟု နယ်စည်းမထား ဆရာဝန်အဖွဲ့ (MSF)မှ ဆေးဝါး ဆိုင်ရာတာဝန်ခံဆရာဝန် ဒေါက် တာဉာဏ်လင်းထွန်းက တိုက် တွန်းသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top