Expo Singapore
×





Credit:Myanmarload

#Unicode Version
တရုတ်ပြည်မ ကြီးမှာတော့ မင်္ဂလာဆောင်တဲ့ပုံစံတွေဟာ တနေ့တခြား ဆိုးရွားလာပါတယ်။ ဒီဗီဒီယို ကတော့ တင်ပြီးပြီးချင်း ကြည့်ရူ့သူ နှစ်သန်းကျော်တောင်ရှိခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ မင်္ဂလာ ဧည့်ခံပွဲကို ရောက်လာတဲ့ ယောက်ျားလေး ဘက်က ဧည့်သည် ကိုကို တွေက သတို့သမီးကို အင်္ကျီ ဝိုင်းချွတ်ကာ ချုပ်ပြီူ မဖွယ်မရာလုပ်နေတာကိုတွေ့ရမှာပါ။

သတို့သမီးကတော့ သူမကို ယခုလိုမျိုး ပြုလုပ်နေတာကို နှစ်သက်ပုံမရပါဘူး။ လူခုနစ်ယောက် မက ယောက်ျားသားကြီးတွေက သူမကို ဝိုင်းဝန်းချုပ်ထားနေရတဲ့ ကြားက သူမ ရင်ဘတ် မပေါ်အောင် အတင်းဖုံးနေရတာဖြစ်ပါတယ်။ အဲ့ဒီ အခန်းထဲမှာကို ပင် ယောက်ျားများစွာက တန်းစီနေသလိုမျိုး ဝိုင်းအုံနေတာ ကို တွေ့ရမှာပါ။

ထိုသို့ ပြုလုပ်နေသူတွေကို ဗီဒီယို ကြည့်ရူ့တဲ့ သူအချို့ က မိန်းမ အခုမှ မြင်ဘူးတာလားဆိုပြီး ရူတ်ချကြပါတယ်။ စနောက်တဲ့ သဘောနှင့်ပြုလုပ်တယ်လို့ပြောလို့ရသော်လည်း ယခုလိုမျိုး ပြုလုပ်နေတဲ့ ပုံကတော့ ဆိုးရွားလွန်းတယ်လို့ပြောလို့ရပါတယ်။ မေးချင်တာကတော့ သတို့သားက ဘယ်ရောက်နေတာလဲ....



https://youtu.be/yX_7XZLB4O0



ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top