Property Expo
×

ဆယ္ေက်ာ္သက္ အမ်ိဳးသမီးတစ္ဦးဟာ မိဘေတြကို အိမ္ဝယ္ေပးခ်င္တဲ့အတြက္ သူ႔ရဲ႕အပ်ိဳစင္ဘဝကို ယူ႐ိုတစ္သန္းနဲ႔ ေရာင္းခ်သြားမွာျဖစ္ေၾကာင္း ႐ုပ္သံအစီအစဥ္ကတစ္ဆင့္ ေၾကညာလုိက္ပါတယ္။

ၿဗိတိန္ ႐ုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ This Morning ဆိုတဲ့အစီအစဥ္မွာ ေတြ႔ဆံုေမးျမန္းသူေတြက အဆိုပါဆယ္ေက်ာ္သက္ကို ေခၚယူေမးျမန္းခဲ့ၾကတာျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ သူမဟာ အလက္ဇႏၵားလို႔ အမည္ရၿပီး ႐ိုေမးနီးယားႏုိင္ငံက ျဖစ္ပါတယ္။ အပ်ိဳစင္ဘဝကို ေရာင္းခ်ၿပီး ရရွိလာမယ့္ ဝင္ေငြနဲ႔ မိဘေတြအတြက္ အိမ္ဝယ္ေပးမွာျဖစ္တဲ့အျပင္ သူမရဲ႕ေက်ာင္းစရိတ္အတြက္လည္း အေထာက္အကူ ျဖစ္လာမယ္လို႔ အလက္ဇႏၵားက ယံုၾကည္ထားပါတယ္။
သူမရဲ႕ အစီအစဥ္ေၾကာင့္ This Morning ႐ိႈးတင္ဆက္သူ ဖိလစ္စခိုးလ္ဖီးလ္နဲ႔ ဟိုလီဝီလက္ဂ္ဘီတို႔လည္း အံ့အားသင့္ခဲ့ၾကရပါတယ္။ သူမဟာ ဒီအႀကံဉာဏ္ကို အသက္ ၁၅ ႏွစ္တုန္းက Indecent Proposal ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား ၾကည့္႐ႈတဲ့အခ်ိန္မွာ ရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ သူမအင္တာနက္မွာ ရွာေဖြၾကည့္တဲ့အခါ ဒီလိုေရာင္းခ်ေနတဲ့ အမ်ိဳးသမီးေတြကို ေတြ႔ခဲ့ရေၾကာင္း အလက္ဇႏၵားက ေျပာပါတယ္။ ဒါကို သူမရဲ႕ မိဘေတြကိုလည္း ႀကိဳမေျပာခဲ့ဘူးလုိ႔ ဆိုပါတယ္။


ဒီကိစၥကို သူမအေနနဲ႔  အလုပ္ကိစၥတစ္ခုလိုိသာ သေဘာထားမွာျဖစ္ၿပီး ဘာစိတ္ခံစားခ်က္မွာ ထည့္သြင္းမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။ " ဒီေတာ့လည္း ဝိုင္တစ္ခြက္ေလာက္ေသာက္ၿပီး ရင္ဆိုင္ရမွာေပါ့" လို႔ သူမက ႐ုပ္သံအစီအစဥ္ တင္ဆက္ေနသူေတြကို ေျပာျပခဲ့ပါတယ္။႐ုပ္သံအစီအစဥ္မွာ သူမေျပာလုိက္တဲ့စကားေၾကာင့္ လူမႈကြန္ရက္မွာလည္း ဒီအေၾကာင္းကို အက်ယ္တဝင့္ေျပာၾကားေနၾကပါတယ္။

သူမရဲ႕ မိဘေတြေနအိမ္ဟာ ေနာက္ႏွစ္ဆိုရင္ ဖယ္ေပးရေတာ့မွာျဖစ္ၿပီး သူမလည္း ေအာက္စဖို႔ဒ္မွာ တကၠသိုလ္တက္ခ်င္ေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။  " ကၽြန္မမွာ ကူးစက္ေရာဂါရွိ၊ မရွိ အစစ္ခံခဲ့ရပါတယ္။ ကၽြန္မရဲ႕ သတ္မွတ္ေစ်းကို ေပးၿပီးဝယ္မယ့္သူေပၚမလာခင္မွာလည္း ေရာဂါအစစ္ခံခဲ့သလို သူ႔ရဲ႕ႏုိင္ငံကိုသြားၿပီးလည္း အစစ္ခံရဦးမွာပါ။ ကၽြန္မလည္း သူ႔ကိုျပန္စစ္သင့္တယ္မလား" လို႔ အလက္ဇႏၵားက ဆိုပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးဟာ မိဘတွေကို အိမ်ဝယ်ပေးချင်တဲ့အတွက် သူ့ရဲ့အပျိုစင်ဘဝကို ယူရိုတစ်သန်းနဲ့ ရောင်းချသွားမှာဖြစ်ကြောင်း ရုပ်သံအစီအစဉ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။

ဗြိတိန် ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ This Morning ဆိုတဲ့အစီအစဉ်မှာ တွေ့ဆုံမေးမြန်းသူတွေက အဆိုပါဆယ်ကျော်သက်ကို ခေါ်ယူမေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ အလက်ဇန္ဒားလို့ အမည်ရပြီး ရိုမေးနီးယားနိုင်ငံက ဖြစ်ပါတယ်။ အပျိုစင်ဘဝကို ရောင်းချပြီး ရရှိလာမယ့် ဝင်ငွေနဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးမှာဖြစ်တဲ့အပြင် သူမရဲ့ကျောင်းစရိတ်အတွက်လည်း အထောက်အကူ ဖြစ်လာမယ်လို့ အလက်ဇန္ဒားက ယုံကြည်ထားပါတယ်။

သူမရဲ့ အစီအစဉ်ကြောင့် This Morning ရှိုးတင်ဆက်သူ ဖိလစ်စခိုးလ်ဖီးလ်နဲ့ ဟိုလီဝီလက်ဂ်ဘီတို့လည်း အံ့အားသင့်ခဲ့ကြရပါတယ်။ သူမဟာ ဒီအကြံဉာဏ်ကို အသက် ၁၅ နှစ်တုန်းက Indecent Proposal ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြည့်ရှုတဲ့အချိန်မှာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူမအင်တာနက်မှာ ရှာဖွေကြည့်တဲ့အခါ ဒီလိုရောင်းချနေတဲ့ အမျိုးသမီးတွေကို တွေ့ခဲ့ရကြောင်း အလက်ဇန္ဒားက ပြောပါတယ်။ ဒါကို သူမရဲ့ မိဘတွေကိုလည်း ကြိုမပြောခဲ့ဘူးလို့ ဆိုပါတယ်။


ဒီကိစ္စကို သူမအနေနဲ့  အလုပ်ကိစ္စတစ်ခုလိုသာ သဘောထားမှာဖြစ်ပြီး ဘာစိတ်ခံစားချက်မှာ ထည့်သွင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။ " ဒီတော့လည်း ဝိုင်တစ်ခွက်လောက်သောက်ပြီး ရင်ဆိုင်ရမှာပေါ့" လို့ သူမက ရုပ်သံအစီအစဉ် တင်ဆက်နေသူတွေကို ပြောပြခဲ့ပါတယ်။ရုပ်သံအစီအစဉ်မှာ သူမပြောလိုက်တဲ့စကားကြောင့် လူမှုကွန်ရက်မှာလည်း ဒီအကြောင်းကို အကျယ်တဝင့်ပြောကြားနေကြပါတယ်။

သူမရဲ့ မိဘတွေနေအိမ်ဟာ နောက်နှစ်ဆိုရင် ဖယ်ပေးရတော့မှာဖြစ်ပြီး သူမလည်း အောက်စဖို့ဒ်မှာ တက္ကသိုလ်တက်ချင်သေးကြောင်း ပြောကြားခဲ့ပါတယ်။  " ကျွန်မမှာ ကူးစက်ရောဂါရှိ၊ မရှိ အစစ်ခံခဲ့ရပါတယ်။ ကျွန်မရဲ့ သတ်မှတ်ဈေးကို ပေးပြီးဝယ်မယ့်သူပေါ်မလာခင်မှာလည်း ရောဂါအစစ်ခံခဲ့သလို သူ့ရဲ့နိုင်ငံကိုသွားပြီးလည်း အစစ်ခံရဦးမှာပါ။ ကျွန်မလည်း သူ့ကိုပြန်စစ်သင့်တယ်မလား" လို့ အလက်ဇန္ဒားက ဆိုပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top