Property Expo
×

မီးဖိုေခ်ာင္ဟာ အမ်ိဳးသမီးေတြနဲ႔ခ်ည္း ဆုိင္တဲ့ အရာေတာ့ မဟုတ္ပါဘူး။ ခ်က္ျပဳတ္တတ္တဲ့ လူေတြဟာ ကိုယ္ရဲ႕ ခ်စ္ခင္ႏွစ္သက္ရသူေတြ အတြက္ ခ်က္ျပဳတ္ၾကတာ မ်ားပါတယ္။ သူတို႔ရဲ႕ ႏူးညံ့တဲ့ ႏွလံုးသားကေန ခ်စ္ျခင္းေတြနဲ႔ ခ်က္ျပဳတ္ၾကပါတယ္။

မီးဖိုေခ်ာင္နဲ႔ ရင္းႏွီးတဲ့ ေယာက်ၤားေတြဟာ ခ်စ္စရာ သိပ္ေကာင္းပါတယ္ဆိုတဲ့ ဆရာမဂ်ဴးရဲ႕ စာသားေလးကို အမ်ိဳးသမီးတိုင္းလိုလို သေဘာက်ၾကမယ္ ထင္ပါတယ္။ အမ်ိဳးသမီးေတြဟာ ဟင္းခ်က္တတ္တဲ့ အမ်ိဳးသားေတြကို ပိုၿပီး သေဘာက်ၾကပါတယ္။ သူတို႔ဟာ ပိုၾကင္နာတတ္တယ္လို႔ ထင္တတ္ၾကပါတယ္။

နာမည္ေက်ာ္ စားဖိုမွဴး ေတာ့ဒ္ကေတာ့ ဂစ္တာတီး သင္တာထက္ ဟင္းခ်က္သင္တာဟာ ပိုလြယ္ကူၿပီး မိန္းမေတြရဲ႕ အခ်စ္ကို ပုိခံရပါတယ္လို႔ ေျပာထားပါတယ္။ Relationship တစ္ခု ပ်က္သြားၿပီး အသစ္တစ္ခုကို စတင္ေတာ့မယ္ လူ ဒါမွမဟုတ္ သင္ရဲ႕ ဇနီးကို အေကာင္းဆံုး ဂရုစိုက္မႈကို ျပခ်င္တဲ့လူဆိုရင္ေတာ့ ႏွင္းဆီပန္းမ်ားစြာထက္ ပိုၿပီး စြဲေဆာင္မႈရွိေစတာကေတာ့ သူ႔ကို ဟင္းခ်က္ေကြ်းလိုက္ပါလို႔ စားဖိုမွဴးတစ္ဦးက အႀကံေပးထားပါတယ္။

အမ်ိဳးသားေတြ ခ်က္ျပဳတ္တဲ့အခါ အမ်ိဳးသမီးေတြရဲ႕ အျမင္မွာ

၁။ ပိုခ်စ္ခင္တယ္လို႔ ထင္မွတ္ခံရ

အမ်ိဳးသားေတြေတြ ခ်က္ျပဳတ္ေပးျခင္းဟာ ရုိမန္႔တစ္ဆန္တယ္လုိ႔ ယူဆၾကၿပီးေတာ့ သူတို႔အတြက္ အခ်ိန္ပိုေပးတယ္လို႔ ျမင္ၾကပါတယ္။ တစ္ေန႔လံုး အတူတူ ရွိေနၿပီး သူမ ႀကိဳက္တတ္တဲ့ အစားအစာေတြကို ခ်က္ျပဳတ္ေပးမယ္ဆိုရင္ေတာ့ သူမကို သင္ ဘယ္ေလာက္ေၾကြေနၿပီဆိုတာ ျပသလိုက္သလိုပါပဲ။

၂။ ပိုမိုဖန္တီးႏုိင္စြမ္း ရွိတယ္လို႔ ထင္မွတ္ခံရ

အမ်ိဳးသမီးေတြဟာ အႏုပညာဆန္တဲ့ ေယာက်ၤားေတြကို ခ်စ္ခင္တတ္ပါတယ္။ ဂီတ၊ စာေပ၊ အႏုပညာ တစ္မ်ိဳးမ်ိဳးမွာ ကြ်မ္းက်င္လိမၼာေနတဲ့ လူဆိုရင္ အမ်ိဳးသမီးေတြရဲ႕ ခ်စ္ျခင္းကို ခံရဖို႔ ရာခိုင္ႏႈန္း အေတာ္မ်ားပါလိမ့္မယ္။ ဒီလိုပါပဲ ခ်က္ျပဳတ္ျခင္း အႏုပညာကို ပိုင္ႏုိင္တဲ့ ေယာက်ၤားေတြကိုလည္း ဖန္တီးႏုိင္စြမ္း ရွိသူေတြလို႔ ထင္မွတ္ၿပီး ခ်စ္ခင္တတ္ၾကပါတယ္။

၃။ ေအာင္ျမင္တဲ့အခါ အထင္ႀကီးေလးစားခံရ

အမ်ိဳးသားတစ္ေယာက္ ဟင္းပြဲတစ္ခုကို အရသာ ေကာင္းမြန္ေအာင္ ခ်က္ျပလိုက္ၿပီဆိုရင္ေတာ့ ဒါဟာ ဟင္းခ်က္ျခင္းဟာ ေအာင္ျမင္ၿပီလို႔ ဆိုရပါမယ္။ သူမ ျမည္းစမ္းတဲ့ အခ်ိန္မွာ သင္္ဟာ ယံုၾကည္မႈ ရွိစြာနဲ႔ ေစာင့္ေနရုံပါပဲ။ သူမဆီကေန ေပးမယ့္ မွတ္ခ်က္ဟာ သင့္အတြက္ အေကာင္းေတြခ်ည္း ျဖစ္ေနမွာပါ။

၄။ ဘယ္ေနရာမွာ မဆို သူမအတြက္ အစားအစာ လုပ္ေပးျခင္းဟာ ပန္းစည္းေတြထက္ ပိုႏွစ္သက္ခံရ

မီးဖိုေခ်ာင္မွာပဲ မဟုတ္ဘဲ သူမ အလိုရွိလာတဲ့ အခ်ိန္ စားစရာ တစ္ခုခု လုပ္ေပးျခင္းဟာ သင့္ကို ပိုၿပီး ခ်စ္ခင္ႏွစ္သက္ေစႏုိင္တဲ့ အေကာင္းဆံုးအခ်က္ပါပဲ။ အမ်ိဳးသမီးေတြ ဗုိက္ဆာေနခ်ိန္မွာ သင္ဘယ္အရာမွ မျငင္းမိပါေစနဲ႔။

၅။ သင္ရဲ႕ ကြ်မ္းက်င္မႈကို ျပတဲ့အခါ ယံုၾကည္အားကိုးခံရ
အတူတူ ခ်က္ျပဳတ္တဲ့အခါ သင္ ဟင္းခ်က္ ဘယ္ေလာက္ ပိုင္ႏုိင္ေၾကာင္း ျပသလို႔ ရပါတယ္။ Date မွာ ေကာင္မေလးကို ခ်က္ေကြ်းမယ္ဆိုရင္ေတာ့ သင္ရဲ႕ ဓားကိုင္ ကြ်မ္းက်င္မႈနဲ႔ ဟင္းပြဲ အစပ္အဟပ္ တည့္မႈေတြဟာ သူရဲ႕ ယံုၾကည္ အားကိုးမႈကို ရလာေစမွာပါ။

ကဲ ကိုယ့္ေကာင္မေလး စိတ္ေကာက္ေနတဲ့ အခ်ိန္ ဘယ္နည္းလမ္းနဲ႔ ေခ်ာ့ရမလဲဆိုတာ အခုဆို ရိပ္မိေလာက္ပါၿပီ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyFood

#Unicode Version
မီးဖိုချောင်ဟာ အမျိုးသမီးတွေနဲ့ချည်း ဆိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ချက်ပြုတ်တတ်တဲ့ လူတွေဟာ ကိုယ်ရဲ့ ချစ်ခင်နှစ်သက်ရသူတွေ အတွက် ချက်ပြုတ်ကြတာ များပါတယ်။ သူတို့ရဲ့ နူးညံ့တဲ့ နှလုံးသားကနေ ချစ်ခြင်းတွေနဲ့ ချက်ပြုတ်ကြပါတယ်။

မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ ယောကျၤားတွေဟာ ချစ်စရာ သိပ်ကောင်းပါတယ်ဆိုတဲ့ ဆရာမဂျူးရဲ့ စာသားလေးကို အမျိုးသမီးတိုင်းလိုလို သဘောကျကြမယ် ထင်ပါတယ်။ အမျိုးသမီးတွေဟာ ဟင်းချက်တတ်တဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျကြပါတယ်။ သူတို့ဟာ ပိုကြင်နာတတ်တယ်လို့ ထင်တတ်ကြပါတယ်။

နာမည်ကျော် စားဖိုမှူး တော့ဒ်ကတော့ ဂစ်တာတီး သင်တာထက် ဟင်းချက်သင်တာဟာ ပိုလွယ်ကူပြီး မိန်းမတွေရဲ့ အချစ်ကို ပိုခံရပါတယ်လို့ ပြောထားပါတယ်။ Relationship တစ်ခု ပျက်သွားပြီး အသစ်တစ်ခုကို စတင်တော့မယ် လူ ဒါမှမဟုတ် သင်ရဲ့ ဇနီးကို အကောင်းဆုံး ဂရုစိုက်မှုကို ပြချင်တဲ့လူဆိုရင်တော့ နှင်းဆီပန်းများစွာထက် ပိုပြီး စွဲဆောင်မှုရှိစေတာကတော့ သူ့ကို ဟင်းချက်ကျွေးလိုက်ပါလို့ စားဖိုမှူးတစ်ဦးက အကြံပေးထားပါတယ်။

အမျိုးသားတွေ ချက်ပြုတ်တဲ့အခါ အမျိုးသမီးတွေရဲ့ အမြင်မှာ

၁။ ပိုချစ်ခင်တယ်လို့ ထင်မှတ်ခံရ

အမျိုးသားတွေတွေ ချက်ပြုတ်ပေးခြင်းဟာ ရိုမန့်တစ်ဆန်တယ်လို့ ယူဆကြပြီးတော့ သူတို့အတွက် အချိန်ပိုပေးတယ်လို့ မြင်ကြပါတယ်။ တစ်နေ့လုံး အတူတူ ရှိနေပြီး သူမ ကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ပေးမယ်ဆိုရင်တော့ သူမကို သင် ဘယ်လောက်ကြွေနေပြီဆိုတာ ပြသလိုက်သလိုပါပဲ။

၂။ ပိုမိုဖန်တီးနိုင်စွမ်း ရှိတယ်လို့ ထင်မှတ်ခံရ

အမျိုးသမီးတွေဟာ အနုပညာဆန်တဲ့ ယောကျၤားတွေကို ချစ်ခင်တတ်ပါတယ်။ ဂီတ၊ စာပေ၊ အနုပညာ တစ်မျိုးမျိုးမှာ ကျွမ်းကျင်လိမ္မာနေတဲ့ လူဆိုရင် အမျိုးသမီးတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ရာခိုင်နှုန်း အတော်များပါလိမ့်မယ်။ ဒီလိုပါပဲ ချက်ပြုတ်ခြင်း အနုပညာကို ပိုင်နိုင်တဲ့ ယောကျၤားတွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိသူတွေလို့ ထင်မှတ်ပြီး ချစ်ခင်တတ်ကြပါတယ်။

၃။ အောင်မြင်တဲ့အခါ အထင်ကြီးလေးစားခံရ

အမျိုးသားတစ်ယောက် ဟင်းပွဲတစ်ခုကို အရသာ ကောင်းမွန်အောင် ချက်ပြလိုက်ပြီဆိုရင်တော့ ဒါဟာ ဟင်းချက်ခြင်းဟာ အောင်မြင်ပြီလို့ ဆိုရပါမယ်။ သူမ မြည်းစမ်းတဲ့ အချိန်မှာ သင်ဟာ ယုံကြည်မှု ရှိစွာနဲ့ စောင့်နေရုံပါပဲ။ သူမဆီကနေ ပေးမယ့် မှတ်ချက်ဟာ သင့်အတွက် အကောင်းတွေချည်း ဖြစ်နေမှာပါ။

၄။ ဘယ်နေရာမှာ မဆို သူမအတွက် အစားအစာ လုပ်ပေးခြင်းဟာ ပန်းစည်းတွေထက် ပိုနှစ်သက်ခံရ

မီးဖိုချောင်မှာပဲ မဟုတ်ဘဲ သူမ အလိုရှိလာတဲ့ အချိန် စားစရာ တစ်ခုခု လုပ်ပေးခြင်းဟာ သင့်ကို ပိုပြီး ချစ်ခင်နှစ်သက်စေနိုင်တဲ့ အကောင်းဆုံးအချက်ပါပဲ။ အမျိုးသမီးတွေ ဗိုက်ဆာနေချိန်မှာ သင်ဘယ်အရာမှ မငြင်းမိပါစေနဲ့။

၅။ သင်ရဲ့ ကျွမ်းကျင်မှုကို ပြတဲ့အခါ ယုံကြည်အားကိုးခံရ

အတူတူ ချက်ပြုတ်တဲ့အခါ သင် ဟင်းချက် ဘယ်လောက် ပိုင်နိုင်ကြောင်း ပြသလို့ ရပါတယ်။ Date မှာ ကောင်မလေးကို ချက်ကျွေးမယ်ဆိုရင်တော့ သင်ရဲ့ ဓားကိုင် ကျွမ်းကျင်မှုနဲ့ ဟင်းပွဲ အစပ်အဟပ် တည့်မှုတွေဟာ သူရဲ့ ယုံကြည် အားကိုးမှုကို ရလာစေမှာပါ။

ကဲ ကိုယ့်ကောင်မလေး စိတ်ကောက်နေတဲ့ အချိန် ဘယ်နည်းလမ်းနဲ့ ချော့ရမလဲဆိုတာ အခုဆို ရိပ်မိလောက်ပါပြီ။





ဖိုးသူတော် (www.phothutaw.com)
Credit:MyFood





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top