Kantharyar Centre
×

၁ - ေျပာင္းႏုိင္တယ္

လူတုိင္းကို သင္က ေျပာင္းလဲေပးႏုိင္တယ္လို႔ ထင္တာပါ။ လုပ္ငန္းခြင္မွာ၊ သူငယ္ခ်င္းေတြၾကားမွာ သင္က ဆရာၾကီးလုပ္တဲ့ အျမင္ကပ္စရာေကာင္းသူအျဖစ္ ထင္ခံလာရပါတယ္။

၂ - မစားရတဲ့ အသီးက ပိုခ်ိဳ

ကိုယ္မရႏုိင္တာကမွ ပိုေကာင္းတယ္လို႔ ထင္တတ္တဲ့အက်င့္ပါ။ ဒီအက်င့္က သင့္ကို အျမဲစိတ္ဆင္းရဲေစပါလိမ့္မယ္။

၃ - အားနည္းသူ

သင္ကအားနည္းသူ၊ အားလံုးရဲ႕ အျပစ္ကို ျမင္ေနတာ ခံေနရသူအျဖစ္ ကိုယ့္ကိုယ္ကိုယ္ ထင္ေနတာပါ။ ဒီလိုအျမင္ရွိရာကေန တျခားလူေတြကိုပဲ အျပစ္တင္တတ္တဲ့ အက်င့္စြဲလာပါတယ္။

၄ - ေမွ်ာ္လင့္မႈမ်ားတာ

တစ္ဖက္လူဆီက အလြန္အကၽြံေမွ်ာ္လင့္တတ္တဲ့ အက်င့္ရွိတာ ျဖစ္ပါတယ္။ စိတ္ခံစားမႈမ်ားသူေတြမွာ ရွိတတ္ပါတယ္။

၅ - အၾကိဳက္လိုက္ရမယ္

သင့္အတြက္အေရးပါတဲ့လူေတြက သင့္အၾကိဳက္အျမဲလိုက္လုပ္ေပးေနရမယ္လို႔ ေတြးတာပါ။ တကယ္ေတာ့ လူေတြမွာ သင့္လိုပဲ ကိုယ္ပိုင္ဘဝရွိပါတယ္။ သင့္ကိုပဲ အျမဲလိုက္ျဖည့္ဆည္းေပးတဲ့ ဘဝရွိရမယ္ဆိုတာ လက္ေတြ႕မက်ပါဘူး။

၆ - သက္ေသျပရမယ္

ကိုယ္မွန္တယ္လို႔ သက္ေသျပဖို႔ လိုအပ္တယ္လို႔ အျမဲထင္ေနတာ ျဖစ္ပါတယ္။ တကယ္ေတာ့ ကိစၥရပ္တုိင္းကို သင္မွန္ေနမွာ မဟုတ္သလို သင္မွန္ေၾကာင္းလည္း သက္ေသျပေနစရာ မလိုပါဘူး။

၇ - ဘယ္လိုထင္ၾကမလဲ

လူေတြ ဘယ္လိုထင္ၾကမလဲ စိုးရိမ္တာ ျဖစ္ပါတယ္။ စိုးရိမ္သင့္သေလာက္ပဲ စိုးရိမ္ပါ။ အလြန္အကၽြံစိုးရိမ္တာဟာ သင့္ရဲ႕ ေအာင္ျမင္မႈေတြကိုပါ ဖ်က္ဆီးလိုက္ႏုိင္ပါတယ္။

၈ - အားငယ္တာ

အနာဂတ္ကို အျမဲစိုးရိမ္ေနျပီး ျပင္ဆင္မႈ မရွိဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ အျမဲထင္ေနတာပါ။

၉ - ေငြနဲ႔ေပ်ာ္ရႊင္မႈ

ပိုက္ဆံ နဲ႔ ေပ်ာ္ရႊင္မႈကို အျမဲထပ္တူျပဳျပီး ၾကည့္တာပါ။ တစ္ခ်ိဳ႕ ေပ်ာ္ရႊင္မႈေတြဟာ ပိုက္ဆံလိုအပ္ေပမဲ့ အျမဲတမ္းေတာ့ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun
#Unicode Version
၁ - ပြောင်းနိုင်တယ်

လူတိုင်းကို သင်က ပြောင်းလဲပေးနိုင်တယ်လို့ ထင်တာပါ။ လုပ်ငန်းခွင်မှာ၊ သူငယ်ချင်းတွေကြားမှာ သင်က ဆရာကြီးလုပ်တဲ့ အမြင်ကပ်စရာကောင်းသူအဖြစ် ထင်ခံလာရပါတယ်။

၂ - မစားရတဲ့ အသီးက ပိုချို

ကိုယ်မရနိုင်တာကမှ ပိုကောင်းတယ်လို့ ထင်တတ်တဲ့အကျင့်ပါ။ ဒီအကျင့်က သင့်ကို အမြဲစိတ်ဆင်းရဲစေပါလိမ့်မယ်။

၃ - အားနည်းသူ

သင်ကအားနည်းသူ၊ အားလုံးရဲ့ အပြစ်ကို မြင်နေတာ ခံနေရသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ထင်နေတာပါ။ ဒီလိုအမြင်ရှိရာကနေ တခြားလူတွေကိုပဲ အပြစ်တင်တတ်တဲ့ အကျင့်စွဲလာပါတယ်။

၄ - မျှော်လင့်မှုများတာ

တစ်ဖက်လူဆီက အလွန်အကျွံမျှော်လင့်တတ်တဲ့ အကျင့်ရှိတာ ဖြစ်ပါတယ်။ စိတ်ခံစားမှုများသူတွေမှာ ရှိတတ်ပါတယ်။

၅ - အကြိုက်လိုက်ရမယ်

သင့်အတွက်အရေးပါတဲ့လူတွေက သင့်အကြိုက်အမြဲလိုက်လုပ်ပေးနေရမယ်လို့ တွေးတာပါ။ တကယ်တော့ လူတွေမှာ သင့်လိုပဲ ကိုယ်ပိုင်ဘဝရှိပါတယ်။ သင့်ကိုပဲ အမြဲလိုက်ဖြည့်ဆည်းပေးတဲ့ ဘဝရှိရမယ်ဆိုတာ လက်တွေ့မကျပါဘူး။

၆ - သက်သေပြရမယ်

ကိုယ်မှန်တယ်လို့ သက်သေပြဖို့ လိုအပ်တယ်လို့ အမြဲထင်နေတာ ဖြစ်ပါတယ်။ တကယ်တော့ ကိစ္စရပ်တိုင်းကို သင်မှန်နေမှာ မဟုတ်သလို သင်မှန်ကြောင်းလည်း သက်သေပြနေစရာ မလိုပါဘူး။

၇ - ဘယ်လိုထင်ကြမလဲ

လူတွေ ဘယ်လိုထင်ကြမလဲ စိုးရိမ်တာ ဖြစ်ပါတယ်။ စိုးရိမ်သင့်သလောက်ပဲ စိုးရိမ်ပါ။ အလွန်အကျွံစိုးရိမ်တာဟာ သင့်ရဲ့ အောင်မြင်မှုတွေကိုပါ ဖျက်ဆီးလိုက်နိုင်ပါတယ်။

၈ - အားငယ်တာ

အနာဂတ်ကို အမြဲစိုးရိမ်နေပြီး ပြင်ဆင်မှု မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် အမြဲထင်နေတာပါ။

၉ - ငွေနဲ့ပျော်ရွှင်မှု

ပိုက်ဆံ နဲ့ ပျော်ရွှင်မှုကို အမြဲထပ်တူပြုပြီး ကြည့်တာပါ။ တစ်ချို့ ပျော်ရွှင်မှုတွေဟာ ပိုက်ဆံလိုအပ်ပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top