Property Expo
×

ဘရာဇီးကလပ္ ရွာပီကြမ္းစ္ေဘာလံုးအသင္းရဲ႕ ေလယာဥ္ကို လုိက္ပါေမာင္းႏွင္ေပးခဲ့သူ လက္ေထာက္ေလယာဥ္မွဴးမေလး ေလယာဥ္ေပၚမွာ ေနာက္ဆံုးေျပာသြားတဲ့ စကားသံဗီဒီယုိဖိုင္ ထြက္ရွိလာခဲ့ေၾကာင္း သိရပါတယ္။



ေလယာဥ္ပ်က္မက်ခင္ ႏွစ္နာရီအလိုမွာ ဒီအင္တာဗ်ဴးကို ေလယာဥ္ေပၚမွာတင္ ေျဖၾကားခဲ့တာ ျဖစ္ၿပီး ေသဆံုးသြားသူေတြထဲ အဆုိပါ လက္ေထာက္ေလယာဥ္မွဴးလည္း တစ္ေယာက္အပါအဝင္ ျဖစ္ခဲ့ပါတယ္။ ဆစ္ဆီေအရီရက္စ္လို႔ အမည္ရတဲ့ သူမအတြက္ေတာ့ ေလယာဥ္မွဴးဘဝ ပထမဆံုး ခရီးစဥ္မွာတင္ အခုလို အျဖစ္ဆိုးနဲ႔ ႀကံဳခဲ့ရတာလို႔ သိရပါတယ္။ သူမဟာ ေလယာဥ္မွဴး ျဖစ္မလာခင္က ကိုလံဘီယာမွာ ေမာ္ဒယ္တစ္ဦးအျဖစ္ ရပ္တည္ခဲ့သူလည္း ျဖစ္ပါတယ္။



" အားလံုးထဲက အေရးႀကီးတဲ့ တစ္ခ်က္ကို ေျပာခ်င္ပါတယ္။ ရွာပီကြမ္းစ္အသင္းဟာ ဘရာဇီးေဘာလံုးအသင္းျဖစ္ေပမဲ့ မီဒယ္လင္းကို သြားဖို႔ ဘိုလီဗီးယားေလေၾကာင္းလိုင္းကို အသံုးျပဳခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ကၽြန္မတို႔ကလည္း ဒီေဘာလံုးအသင္းကို အေကာင္းဆံုး ဝန္ေဆာင္မႈ ေပးဖို႔ အသင့္ပါပဲ" လို႔ ေအရီရက္စ္က အင္တာဗ်ဴးမွာ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

သူမရဲ႕ အျဖစ္ဆိုးကို ၾကားသိခဲ့ရၿပီးေနာက္ က်န္ရစ္ခဲ့တဲ့ အစ္ကိုျဖစ္သူကလည္း " ညီမေလးေရ ငါနင့္ကို တစ္သက္လံုး လြမ္းေနမွာပါ။ ဒီျဖစ္ရပ္အတြက္ ဘယ္ေလာက္နာက်င္ရသလဲဆိုတာကို ေျပာစရာ စကားလံုးေတာင္ မရွိေတာ့ပါဘူး" လို႔ ေျပာၾကားခဲ့ေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပၾကပါတယ္။

အဆုိပါ ေလယာဥ္ပ်က္မက်ခင္ ႏွစ္နာရီအလုိ ေလယာဥ္ေပၚမွာ ရွာပီကြမ္းစ္အသင္းသားေတြအားလံုး ေပ်ာ္႐ႊင္ေနခဲ့ၾကၿပီး လုိက္ပါလာတဲ့ ဂ်ာနယ္လစ္အခ်ိဳ႕ကလည္း အင္တာဗ်ဴး ျပဳလုပ္လ်က္ရွိတာကို ဗီဒီယုိဖိုင္ထဲမွာ ေတြ႔ျမင္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဘရာဇီးကလပ် ရှာပီကွမ်းစ်ဘောလုံးအသင်းရဲ့ လေယာဉ်ကို လိုက်ပါမောင်းနှင်ပေးခဲ့သူ လက်ထောက်လေယာဉ်မှူးမလေး လေယာဉ်ပေါ်မှာ နောက်ဆုံးပြောသွားတဲ့ စကားသံဗီဒီယိုဖိုင် ထွက်ရှိလာခဲ့ကြောင်း သိရပါတယ်။


လေယာဉ်ပျက်မကျခင် နှစ်နာရီအလိုမှာ ဒီအင်တာဗျူးကို လေယာဉ်ပေါ်မှာတင် ဖြေကြားခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူတွေထဲ အဆိုပါ လက်ထောက်လေယာဉ်မှူးလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဆစ်ဆီအေရီရက်စ်လို့ အမည်ရတဲ့ သူမအတွက်တော့ လေယာဉ်မှူးဘဝ ပထမဆုံး ခရီးစဉ်မှာတင် အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။ သူမဟာ လေယာဉ်မှူး ဖြစ်မလာခင်က ကိုလံဘီယာမှာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။


" အားလုံးထဲက အရေးကြီးတဲ့ တစ်ချက်ကို ပြောချင်ပါတယ်။ ရှာပီကွမ်းစ်အသင်းဟာ ဘရာဇီးဘောလုံးအသင်းဖြစ်ပေမဲ့ မီဒယ်လင်းကို သွားဖို့ ဘိုလီဗီးယားလေကြောင်းလိုင်းကို အသုံးပြုခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ဒီဘောလုံးအသင်းကို အကောင်းဆုံး ဝန်ဆောင်မှု ပေးဖို့ အသင့်ပါပဲ" လို့ အေရီရက်စ်က အင်တာဗျူးမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အဖြစ်ဆိုးကို ကြားသိခဲ့ရပြီးနောက် ကျန်ရစ်ခဲ့တဲ့ အစ်ကိုဖြစ်သူကလည်း " ညီမလေးရေ ငါနင့်ကို တစ်သက်လုံး လွမ်းနေမှာပါ။ ဒီဖြစ်ရပ်အတွက် ဘယ်လောက်နာကျင်ရသလဲဆိုတာကို ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး" လို့ ပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

အဆိုပါ လေယာဉ်ပျက်မကျခင် နှစ်နာရီအလို လေယာဉ်ပေါ်မှာ ရှာပီကွမ်းစ်အသင်းသားတွေအားလုံး ပျော်ရွှင်နေခဲ့ကြပြီး လိုက်ပါလာတဲ့ ဂျာနယ်လစ်အချို့ကလည်း အင်တာဗျူး ပြုလုပ်လျက်ရှိတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top