Kantharyar Centre
×

အသက္ ၇ ႏွစ္အ႐ြယ္ရွိ Yanglin အမည္ရတဲ့ ကေလးေလးဟာ ေ႐ြးခ်ယ္စရာလမ္းမရွိပဲ၊ အလုပ္တစ္ဖက္၊ ေက်ာင္းတစ္ဖက္နဲ႕ခႏၶာကိုယ္မလႈပ္ရွားနိုင္တဲ့ဖခင္ျဖစ္သူကို ေကြၽးေမြးျပဳစုေနရ
တာျဖစ္ပါတယ္။ ဖခင္ျဖစ္သူ အသက္ ၃ရႏွစ္အ႐ြယ္ရွိ Tongming ဟာ သူအလုပ္လုပ္ေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကေန ျပဳတ္က်ၿပီး နံရိုးနဲ႕ ေက်ာရိုးမႀကီးအပါအဝင္ အရိုးေတြက်ိဳးအက္ခဲ့တာေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းမလႈပ္ရွားနိုင္ဘဲ အိပ္ရာထဲမွာသာ လွဲပီး အခ်ိန္ကုန္ေနရသူပါ။

တစ္ႏွစ္ၾကာတဲ့အထိ Tongming ရဲ႕ ခႏၶာကိုယ္ဟာ မလႈပ္ရွားနိုင္ေသးတဲ့အခါ ဇနီးျဖစ္သူက စြန႔္ခြာသြားပါေတာ့တယ္။ ေဘးနားမွာ အေဖျဖစ္သူကို မထားသြားနိုင္ဘဲဆက္ၿပီးျပဳစုဖို႔ေနခဲ့တာကေတာ့ Yanglin ေလးပါ။ Yanglin ေလးဟာ အေဖျဖစ္သူကို အရမ္းခ်စ္ၿပီး အေဖမရွိဘဲ သူမေနနိုင္ဘူးလို႔ေျပာခဲ့ပါတယ္။

Yanglin ေလးဟာ မနက္ ၆ နာရီမွာအိပ္ရာထ၊ ၿပီးရင္ သူ႕အေဖကိုေဆးထည့္ေပး၊ မနက္စာေကြၽးၿပီးတာနဲ႕ ေက်ာင္းကိုသြားပါတယ္။ ေန႕လည္စာခဏတာစားၿပီးတာနဲ႕ အိမ္ ျပန္လာၿပီး အေဖျဖစ္သူကို ေန႕လည္စာေကြၽးပါတယ္။ Yanglinေလးဟာ သူတို႔ေနထိုင္ရာ Guizhouျပည္နယ္၊ Wangpu႐ြာမွာ ပစၥည္းအတိုအစေလးေတြ ေကာက္ၿပီး ျပန္ေရာင္းပါတယ္။
 
အဲအတြက္ တစ္ေန႕တာ ယြမ္၂ဝရပါတယ္။ ဖခင္ျဖစ္သူ Tongming ကေတာ့ ဝင္ေငြမရွိေပမယ့္ အစိုးရေထာက္ပံေငြ တစ္လကို ယြမ္၃ဝဝရပါတယ္။ သူတို႔သားအဖကို အိမ္နီးခ်င္းေတြက အၿမဲကူညီေပးၿပီး အစားအေသာက္၊ ေငြေၾကး စသျဖင့္ တတ္နိုင္သေလာက္ ေထာက္ပံၾကပါတယ္။

Tongming ဟာ ဝင္ေငြမရွာနိုင္ဘဲ သားငယ္ေလးျဖစ္သူကို ဒုကၡေပးေနမိတဲ့ သူ႕ဘဝကို အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ႕ကိုသိပ္ခ်စ္တဲ့ သားငယ္ေလးရယ္၊ သားငယ္ေလးမိဘမဲ့ျဖစ္ရမွာကို မလိုလားတဲ့အတြက္ ထိုအႀကံအစည္​ကို လက္ေလွ်ာ့ခဲ့ရတယ္လို႔ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
အသက် ၇ နှစ်အရွယ်ရှိ Yanglin အမည်ရတဲ့ ကလေးလေးဟာ ရွေးချယ်စရာလမ်းမရှိပဲ၊ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့ ဖခင်ဖြစ်သူကို ကျွေးမွေးပြုစုနေရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အသက် ၃ရနှစ်အရွယ်ရှိ Tongming ဟာ သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြုတ်ကျပြီး နံရိုးနဲ့ ကျောရိုးမကြီးအပါအဝင် အရိုးတွေကျိုးအက်ခဲ့တာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်ဘဲ အိပ်ရာထဲမှာသာ လှဲပီး အချိန်ကုန်နေရသူပါ။

တစ်နှစ်ကြာတဲ့အထိ Tongming ရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်ရှားနိုင်သေးတဲ့အခါ ဇနီးဖြစ်သူက စွန့်ခွာသွားပါတော့တယ်။ ဘေးနားမှာ အဖေဖြစ်သူကို မထားသွားနိုင်ဘဲ ဆက်ပြီးပြုစုဖို့နေခဲ့တာကတော့ Yanglin လေးပါ။ Yanglin လေးဟာ အဖေဖြစ်သူကို အရမ်းချစ်ပြီး အဖေမရှိဘဲ သူမနေနိုင်ဘူးလို့ပြောခဲ့ပါတယ်။

Yanglin လေးဟာ မနက် ၆ နာရီမှာအိပ်ရာထ၊ ပြီးရင် သူ့အဖေကိုဆေးထည့်ပေး၊ မနက်စာကျွေးပြီးတာနဲ့ ကျောင်းကိုသွားပါတယ်။ နေ့လည်စာခဏတာစားပြီးတာနဲ့ အိမ်ပြန်လာပြီး အဖေဖြစ်သူကို နေ့လည်စာကျွေးပါတယ်။ Yanglinလေးဟာ သူတို့နေထိုင်ရာ Guizhouပြည်နယ်၊ Wangpuရွာမှာ ပစ္စည်းအတိုအစလေးတွေ ကောက်ပြီး ပြန်ရောင်းပါတယ်။ အဲအတွက် တစ်နေ့တာ ယွမ်၂ဝရပါတယ်။ ဖခင်ဖြစ်သူ Tongming ကတော့ ဝင်ငွေမရှိပေမယ့် အစိုးရထောက်ပံငွေ တစ်လကို ယွမ်၃ဝဝရပါတယ်။ သူတို့သားအဖကို အိမ်နီးချင်းတွေက အမြဲကူညီပေးပြီး အစားအသောက်၊ ငွေကြေး စသဖြင့် တတ်နိုင်သလောက် ထောက်ပံကြပါတယ်။

Tongming ဟာ ဝင်ငွေမရှာနိုင်ဘဲ သားငယ်လေးဖြစ်သူကို ဒုက္ခပေးနေမိတဲ့ သူ့ဘဝကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကိုသိပ်ချစ်တဲ့ သားငယ်လေးရယ်၊ သားငယ်လေးမိဘမဲ့ဖြစ်ရမှာကို မလိုလားတဲ့အတွက် ထိုအကြံအစည်ကို လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top