Property Expo
×

တစ္ခ်ိဳ႕ေန႔ေတြမွာ အလုပ္လုပ္ရတာ မရႊင္မပ်နဲ႔ရွိတတ္ပါတယ္။ တစ္ခါတစ္ေလ မနက္ပိုင္း အလုပ္လုပ္ရတာ တက္ၾကြေပမဲ့ ညေနပိုင္းမွာ ထိုင္းမႈိင္းသြားတတ္ပါတယ္။ ဒီလိုမ်ိဳးျဖစ္တတ္တဲ့လူေတြအတြက္ နည္းလမ္းေလးေတြ ရွိပါတယ္။
၁။ ခဏနားပါ

နားလိုက္တာဟာ လုပ္ငန္းခြင္ကို ၾကန္႔ၾကာမသြားေစဘဲ အလုပ္လုပ္ႏႈန္းအား ပိုေကာင္းလာေစတယ္လို႔ သုေတသနသမားေတြက သက္ေသျပထားပါတယ္။
၂။ အခ်ဥ္စားပါ

လိေမၼာ္သီးစားတာ၊ သံပုရာရည္ေသာက္တာမ်ိဳး လုပ္သင့္ပါတယ္။ ဒီအသီးအနွံေတြက ရတဲ့ အနံ႔ကလည္း နိုးၾကားမႈကို ျဖစ္ေစပါတယ္။
၃။ မတ္တပ္ရပ္ပါ

အလုပ္စားပြဲမွာ ေကာ္နဲ႔ကပ္ထားသလို နာရီေပါင္းမ်ားစြာ ထိုင္ေနတာဟာ မေကာင္းပါဘူး။ မၾကာမၾကာ မတ္တပ္ရပ္ျပီး ဟိုနားဒီနားသြားပါ။
၄။ ဗီဒီယုိၾကည့္

အင္တာနက္က တိရိစာၦန္ေလးေတြရဲ႕ဗီဒီယုိၾကည့္ပါ။ ဒါမွမဟုတ္ ကေလးေလးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ ဗီဒီယုိေလးေတြၾကည့္ပါ။ ၂၀၁၂ ခုနွစ္တုန္းက ေလ့လာမႈတစ္ခုက ဒီလိုဗီဒီယုိမ်ိဳးေတြၾကည့္တာဟာ အာရုံစူးစိုက္မႈကို ျမင့္မားေစတယ္လို႔ သိရပါတယ္။
၅။၂၀-၂၀-၂၀ နည္းလမ္း သံုးပါ

လူ႔စိတ္ကလည္း အလြန္ဖိအားမ်ားတာ၊ အလြန္တက္ၾကြတာေတြ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္မွာ မိနစ္ ၂၀ လုပ္ျပီးတိုင္း စကၠန္႔ ၂၀ ေလာက္နားသင့္ပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ့္အလုပ္ပတ္ဝန္းက်င္မွာ အစိမ္းေရာင္မ်ားမ်ားပါတဲ့ပံုေတြ ကပ္ထားလို႔ရရင္ေကာင္းပါတယ္။ စကၠန္႔ ၂၀ နားတဲ့အခ်ိန္တိုင္း ဒီပံုကိုၾကည့္ေပးပါ။ မ်က္လံုးႏြမ္းနယ္မႈကို ေကာင္းမြန္ေစပါတယ္။
၆။ အစည္းအေဝးကို မနက္မွာ မလုပ္နဲ႔

လုပ္ငန္းခြင္ အစည္းအေဝးကို မနက္မွာ လံုးဝမလုပ္သင့္ပါဘူး။ သုေတသနေတြအရ အေကာင္းဆံုးအခ်ိန္က ေန႔လည္ ၃ နာရီျဖစ္ပါတယ္။ အေကာင္းဆံုးေန႔က အဂၤါေန႔ျဖစ္ပါတယ္။
၇။ အသက္ရႈေလ့က်င့္ခန္း
play



ခဏနားျပီး အသက္ရႈေလ့က်င့္ခန္းလုပ္လိုက္ပါ။ ရႈသြင္းတာ၊ ရႈထုတ္တာေတြကို ျဖည္းျဖည္းခ်င္း တစ္မိနစ္ နွစ္မိနစ္ေလာက္လုပ္လိုက္ပါ။
၈။ ဖုန္း အတတ္နိုင္ဆံုးမသံုးပါနဲ႔

ပုဂၢိဳလ္ေရး စမတ္ဖုန္းသံုးတာကို ေျပာတာပါ။ အာရုံစူးစိုက္မႈဟာ ျပန္နွံ႔ျပီး အလုပ္ျပန္လုပ္တဲ့အခါ ေထြျပားထိုင္းမိႈင္းမႈ ျဖစ္ေစပါတယ္။
၉။ အိပ္ပါ

လုပ္ငန္းခြင္မွာ ၁၀ မိနစ္၊ မိနစ္ ၂၀ ေလာက္ ေမွးလိုက္တာက လန္းဆန္းမႈကို ရေစျပီး လုပ္ငန္းခြင္ကို ပိုမိုထိေရာက္ ေစပါတယ္။
၁၀။ အလုပ္ဟာ အလုပ္

လုပ္ငန္းခြင္က အလုပ္ေတြကို အတတ္နိုင္ဆံုး အိမ္မသယ္ပါနဲ႔။ လုပ္ငန္းခြင္နဲ႔ ပုဂၢိဳလ္ေရးဘဝက ျခားထားတဲ့ မ်ဥ္းဟာ ပါးလာျပီး ေရရွည္အတြက္ မေကာင္းပါဘူး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တစ်ချို့နေ့တွေမှာ အလုပ်လုပ်ရတာ မရွှင်မပျနဲ့ရှိတတ်ပါတယ်။ တစ်ခါတစ်လေ မနက်ပိုင်း အလုပ်လုပ်ရတာ တက်ကြွပေမဲ့ ညနေပိုင်းမှာ ထိုင်းမှိုင်းသွားတတ်ပါတယ်။ ဒီလိုမျိုးဖြစ်တတ်တဲ့လူတွေအတွက် နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ခဏနားပါ

နားလိုက်တာဟာ လုပ်ငန်းခွင်ကို ကြန့်ကြာမသွားစေဘဲ အလုပ်လုပ်နှုန်းအား ပိုကောင်းလာစေတယ်လို့ သုတေသနသမားတွေက သက်သေပြထားပါတယ်။
၂။ အချဉ်စားပါ

လိမ္မော်သီးစားတာ၊ သံပုရာရည်သောက်တာမျိုး လုပ်သင့်ပါတယ်။ ဒီအသီးအနှံတွေက ရတဲ့ အနံ့ကလည်း နိုးကြားမှုကို ဖြစ်စေပါတယ်။
၃။ မတ်တပ်ရပ်ပါ

အလုပ်စားပွဲမှာ ကော်နဲ့ကပ်ထားသလို နာရီပေါင်းများစွာ ထိုင်နေတာဟာ မကောင်းပါဘူး။ မကြာမကြာ မတ်တပ်ရပ်ပြီး ဟိုနားဒီနားသွားပါ။
၄။ ဗီဒီယိုကြည့်

အင်တာနက်က တိရိစ္ဆာန်လေးတွေရဲ့ဗီဒီယိုကြည့်ပါ။ ဒါမှမဟုတ် ကလေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကြည့်ပါ။ ၂၀၁၂ ခုနှစ်တုန်းက လေ့လာမှုတစ်ခုက ဒီလိုဗီဒီယိုမျိုးတွေကြည့်တာဟာ အာရုံစူးစိုက်မှုကို မြင့်မားစေတယ်လို့ သိရပါတယ်။
၅။၂၀-၂၀-၂၀ နည်းလမ်း သုံးပါ

လူ့စိတ်ကလည်း အလွန်ဖိအားများတာ၊ အလွန်တက်ကြွတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ မိနစ် ၂၀ လုပ်ပြီးတိုင်း စက္ကန့် ၂၀ လောက်နားသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အစိမ်းရောင်များများပါတဲ့ပုံတွေ ကပ်ထားလို့ရရင်ကောင်းပါတယ်။ စက္ကန့် ၂၀ နားတဲ့အချိန်တိုင်း ဒီပုံကိုကြည့်ပေးပါ။ မျက်လုံးနွမ်းနယ်မှုကို ကောင်းမွန်စေပါတယ်။
၆။ အစည်းအဝေးကို မနက်မှာ မလုပ်နဲ့

လုပ်ငန်းခွင် အစည်းအဝေးကို မနက်မှာ လုံးဝမလုပ်သင့်ပါဘူး။ သုတေသနတွေအရ အကောင်းဆုံးအချိန်က နေ့လည် ၃ နာရီဖြစ်ပါတယ်။ အကောင်းဆုံးနေ့က အင်္ဂါနေ့ဖြစ်ပါတယ်။
၇။ အသက်ရှုလေ့ကျင့်ခန်း
play



ခဏနားပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်လိုက်ပါ။ ရှုသွင်းတာ၊ ရှုထုတ်တာတွေကို ဖြည်းဖြည်းချင်း တစ်မိနစ် နှစ်မိနစ်လောက်လုပ်လိုက်ပါ။
၈။ ဖုန်း အတတ်နိုင်ဆုံးမသုံးပါနဲ့

ပုဂ္ဂိုလ်ရေး စမတ်ဖုန်းသုံးတာကို ပြောတာပါ။ အာရုံစူးစိုက်မှုဟာ ပြန်နှံ့ပြီး အလုပ်ပြန်လုပ်တဲ့အခါ ထွေပြားထိုင်းမှိုင်းမှု ဖြစ်စေပါတယ်။
၉။ အိပ်ပါ

လုပ်ငန်းခွင်မှာ ၁၀ မိနစ်၊ မိနစ် ၂၀ လောက် မှေးလိုက်တာက လန်းဆန်းမှုကို ရစေပြီး လုပ်ငန်းခွင်ကို ပိုမိုထိရောက် စေပါတယ်။
၁၀။ အလုပ်ဟာ အလုပ်

လုပ်ငန်းခွင်က အလုပ်တွေကို အတတ်နိုင်ဆုံး အိမ်မသယ်ပါနဲ့။ လုပ်ငန်းခွင်နဲ့ ပုဂ္ဂိုလ်ရေးဘဝက ခြားထားတဲ့ မျဉ်းဟာ ပါးလာပြီး ရေရှည်အတွက် မကောင်းပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top