Property Expo
×





Credit : Thithtoolwin

#Unicode version

၂၀၀၈ခုနှစ်ခန့်က ဂျာမန်ကင်ဆာရှာဖွေရေးစင်တာရဲ့ရှာဖွေတွေ့ရှိချက်အရ ပန်းသီးတစ်လုံးရဲ့အာနိသင်ဟာ ကျန်းမာရေးအတွက် အတော်လေးကို အထောက်အကူပြုနေတာကို တွေ့ရှိလာခဲ့ပါတယ်။

 သူတို့ရဲ့စမ်းသပ်မှုမှာ တစ်နေ့ကို ပန်းသီးတစ်လုံးထက်ပိုစားသူများက လုံးဝကို မစားသုံးသောလူများထက် ကျန်းမာရေးမှာ ခေါင်းတစ်လုံးသာနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထပ်မံတွေ့ရှိချက်ကတော့ ပါးစပ်ကင်ဆာ ၊ ရင်သားကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာအမျိုးမျိုးရဲ့ဒဏ်ကိုလည်း လျော့ပါးသွားစေနိုင်အောင် ပန်းသီးက လုပ်ဆောင်ပေးနိုင်ပါတယ်။

 Cornell တက္ကသိုလ်ရဲ့စစ်ဆေးရှာဖွေမှုအရ ပန်းသီးတစ်လုံးရဲ့အခွံမှာ Antioxidant ပါဝင်မှုမြင့်မားတာကြောင့် အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာရောဂါအန္တရာယ်မှ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ပန်းသီးတစ်လုံးမှာ Antioxidant ဓါတ်များများပါဝင်လေ ကင်ဆာဆဲလ်တွေကို ကိုယ်အတွင်းမပျံနိုင်အောင် တားဆီးပေလေလေပါပဲ။

ဒါကြောင့် ပန်းသီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ပေးနိုင်တဲ့ အသီးဝလံဖြစ်နေလို့ နေ့စဉ်စားသုံးဖို့ လိုအပ်တာပဲ ဖြစ်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top