Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စပိန္နိုင္ငံဘာစီလိုနာမွာရွိတဲ့လူအေယာက္၂ဝေလာက္ဟာၿမိဳးလယ္လမ္းမွာသူတို႔ရဲ႕အဝတ္အစားေတြ
ကိုခြၽတ္ၿပီး ေသြးအတုေတြနဲ႕ကိုယ္ကိုသုတ္ၿပီး လူအမ်ားအံ့ၾသေစမယ့္အရာတစ္ခုကို လုပ္ေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္သူတို႔ဟာ စူပါမားကတ္ေတြမွာ ဝယ္ယူလို႔ရတဲ့ အသင့္ခ်က္စား အသားေတြပုံစံ
 ေဖာ့ဘူးေပၚမွာထိုင္ၿပီး အေပၚကေန ပလတ္စတစ္ပတ္ေစခဲ့ပါတယ္။

ဒီလိုလုပ္ရတဲ့အေၾကာင္းရင္းကေတာ့ ကမာၻႀကီးမွာ လက္ရွိတစ္ေန႕တစ္ျခားတိုးတက္လာတဲ့ အသားစားမႈႏႈန္းကို ေလွ်ာ့ခ်ေစဖို႔ျဖစ္ပါတယ္။ အသားေတြကို အဆမတန္စားသုံးမႈေၾကာင့္ တိရစာၦန္​ေလးေတြကို သနားၾကင္နာဖို႔အတြက္ သူတို႔ဟာ ဆိုင္းဘုတ္ေတြ၊ စာသားေတြ၊
 ေဟာေျပာပြဲေတြမလုပ္ေတာ့ဘဲ လူမ်ားတဲ့ေနရာမွာ အဆိုပါသ႐ုပ္ေဖာ္တာကို ျပဳလုပ္ခဲ့ၿပီး တစ္ကမာၻလုံးကို သိျမင္ေစခဲ့ပါတယ္။

အဆိုပါသ႐ုပ္ေဖာ္သူေတြဟာ တိရစာၦန္​အခြင့္အေရးကာကြယ္ေရး အဖြဲ႕အစည္းကျဖစ္ၿပီး တိရစာၦန္​ေတြရဲ႕ဘက္ကေန ဝင္ေရာက္ခံစားတတ္ေစဖို႔၊ အသားအေျမာက္အမ်ား စားသုံးေနမႈကို
 ေလွ်ာ့ခ်ေစနိုင္ဖို႔ သူတို႔ရဲ႕အားထုတ္မႈ အရာေရာက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ပလတ္စတစ္ပတ္ရဲ႕အေပၚမွာေတာ့ " Human Meat" အသင့္ခ်က္စားလူသားလို႔ တံဆိပ္ႏွိပ္ထားတာကိုေတြ႕ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload


#Unicode Version
စပိန်နိုင်ငံဘာစီလိုနာမှာရှိတဲ့လူအယောက်၂ဝလောက်ဟာမြိုးလယ်လမ်းမှာသူတို့ရဲ့အဝတ်အစားတွေ

ကိုချွတ်ပြီး သွေးအတုတွေနဲ့ကိုယ်ကိုသုတ်ပြီး လူအများအံ့သြစေမယ့်အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင်သူတို့ဟာ စူပါမားကတ်တွေမှာ ဝယ်ယူလို့ရတဲ့ အသင့်ချက်စား အသားတွေပုံစံ

 ဖော့ဘူးပေါ်မှာထိုင်ပြီး အပေါ်ကနေ ပလတ်စတစ်ပတ်စေခဲ့ပါတယ်။

ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာကြီးမှာ လက်ရှိတစ်နေ့တစ်ခြားတိုးတက်လာတဲ့ အသားစားမှုနှုန်းကို လျှော့ချစေဖို့ဖြစ်ပါတယ်။ အသားတွေကို အဆမတန်စားသုံးမှုကြောင့် တိရစ္ဆာန်လေးတွေကို သနားကြင်နာဖို့အတွက် သူတို့ဟာ ဆိုင်းဘုတ်တွေ၊ စာသားတွေ၊

 ဟောပြောပွဲတွေမလုပ်တော့ဘဲ လူများတဲ့နေရာမှာ အဆိုပါသရုပ်ဖော်တာကို ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို သိမြင်စေခဲ့ပါတယ်။

အဆိုပါသရုပ်ဖော်သူတွေဟာ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေး အဖွဲ့အစည်းကဖြစ်ပြီး တိရစ္ဆာန်တွေရဲ့ဘက်ကနေ ဝင်ရောက်ခံစားတတ်စေဖို့၊ အသားအမြောက်အများ စားသုံးနေမှုကို

 လျှော့ချစေနိုင်ဖို့ သူတို့ရဲ့အားထုတ်မှု အရာရောက်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပလတ်စတစ်ပတ်ရဲ့အပေါ်မှာတော့ " Human Meat" အသင့်ချက်စားလူသားလို့ တံဆိပ်နှိပ်ထားတာကိုတွေ့ရမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top