Property Expo
×


နန္းတက္ ဘိသိက္ခံရန္အတြက္ ထိုင္းအိမ္ေ႐ွ႕မင္းသား မဟာ ဗီဂ်ရာေလာင္ကြန္းသည္ ဘန္ေကာက္ၿမိဳ႕ေတာ္သို႔ ျပန္လည္ ေရာက္ရွိလာၿပီ ျဖစ္သည္။
ထိုင္းလႊတ္ေတာ္က ကံေတာ္ကုန္သြားသည့္ ဘုရင္ႀကီး ဘူမိေဘာ အဒူလုိင္ဒက္ဂ်္၏ အ႐ိုက္အရာကို ဆက္ခံရန္ ဗီဂ်ရာေလာင္ကြန္းကို ဖိတ္ေခၚမည္ဟု ဆံုးျဖတ္ၿပီး ၂ ရက္အၾကာတြင္ အိမ္ေ႐ွ႕မင္းသားသည္ ဂ်ာမနီမွ
ျပန္လည္ ေရာက္ရွိလာျခင္း ျဖစ္သည္။ ၎သည္ ဖခင္၏ နန္းေမြကို ဆက္လက္ခံယူၿပီးေနာက္ ဒႆမ ရာမဘုရင္ ဘြဲ႕ကိုယူကာ နန္းတက္မည္ဟု သိရသည္။

ဘူမိေဘာ ကံေတာ္ကုန္ၿပီး ရက္ေပါင္း ၅၀ အၾကာတြင္ အိမ္ေ႐ွ႕မင္းသားသည္ ထုိင္းလႊတ္ေတာ္ အႀကီးအကဲ ပြန္ပတ္ခ်္ ဝီခ်စ္ခ်ိဳလ္ခ်ိဳင္ႏွင့္ ေတြ႕ဆံုရန္လည္း စီစဉ္ထားသည္။ ထို႔ေနာက္ သက္ဆိုင္ရာ ထံုးတမ္းဓေလ့မ်ားႏွင့္အညီ လုပ္ငန္းေဆာင္တာ အခ်ိဳ႕ကို ျဖတ္သန္းၿပီးေနာက္ နန္းတက္ရန္ လႊတ္ေတာ္၏ ဖိတ္ေခၚမႈကို ဗီဂ်ရာေလာင္ကြန္းက တရားဝင္ လက္ခံသြားဖြယ္ ရွိေနသည္။

နန္းေတာ္တြင္ က်င္းပမည့္ အခမ္းအနားကို ထိုင္းဝန္ႀကီးခ်ဳပ္ ပယာရြတ္သ္ ခ်န္အိုခ်ာႏွင့္ ေတာ္ဝင္မိသားစု အႀကံေပး အရာရွိ ပရမ္ တင္ဆူလန္ႏြန္ဒါတို႔လည္း တက္ေရာက္ရန္ စီစဉ္ထားၾကသည္။ ဗီဂ်ရာေလာင္ကြန္းသည္ ဂ်ာမနီတြင္ အေျခခ် ေနထုိင္သူ ျဖစ္ေသာ္လည္း ယခုအခါတြင္မူ နန္းေမြဆက္ခံရန္အတြက္ ထုိင္းသို႔ ျပန္လည္ ေျပာင္းေ႐ႊ႕လာဖြယ္ရွိသည္။ “မနက္ပိုင္းမွာ အရွင္ျမတ္ ေခ်ာေခ်ာေမာေမာ ျပန္လည္ ဆိုက္ေရာက္လာတာကို အတည္ျပဳပါတယ္”ဟု နန္းေတာ္ အရာရွိ တစ္ဦးက ေျပာၾကားခဲ့သည္။

ဗီဂ်ရာေလာင္ကြန္းသည္ သက္တမ္း ၂၃၄ ႏွစ္ ရွည္လ်ားခဲ့ၿပီျဖစ္သည့္ ခ်ာကရီမင္းဆက္၏ ဒႆမေျမာက္ ဘုရင္အျဖစ္ ရာမဘြဲ႕ကိုခံယူကာ နန္းတက္မည္ျဖစ္သည္။ ၎သည္ လႊတ္ေတာ္၏ ဖိတ္ၾကားမႈကို လက္ခံကာ ထီးနန္းဆက္ခံယူၿပီးေနာက္ မ်ားမၾကာမီတြင္ပင္ နန္းေတာ္၏ သီးျခားအစီအစဉ္ အခမ္းအနားမ်ားျဖင့္ နန္းတက္ပြဲကို ဆက္လက္ က်င္းပဖြယ္ ရွိေနသည္။

ထိုင္းတြင္ ေအာက္တိုဘာ ၁၃ ရက္က ဘုရင္ ဘူမိေဘာ ကြယ္လြန္ၿပီးကတည္းက ဘုရင္မဲ့လ်က္ ရွိသည္။ ထိုအေတာအတြင္း ဘုရင္၏ လုပ္ငန္းတာဝန္မ်ားကို အသက္ ၉၆ ႏွစ္ရွိ ေတာ္ဝင္မိသားစု အႀကံေပး ပရမ္က ယာယီအားျဖင့္ စီမံေဆာင္ရြက္ေပးေနခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 နန်းတက် ဘိသိက်ခံရန်အတွက် ထိုင်းအိမ်ရှေ့မင်းသား မဟာ ဗီဂျရာလောင်ကွန်းသည် ဘန်ကောက်မြို့တော်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

ထိုင်းလွှတ်တော်က ကံတော်ကုန်သွားသည့် ဘုရင်ကြီး ဘူမိဘော အဒူလိုင်ဒက်ဂျ်၏ အရိုက်အရာကို ဆက်ခံရန် ဗီဂျရာလောင်ကွန်းကို ဖိတ်ခေါ်မည်ဟု ဆုံးဖြတ်ပြီး ၂ ရက်အကြာတွင် အိမ်ရှေ့မင်းသားသည် ဂျာမနီမှ
ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ဖခင်၏ နန်းမွေကို ဆက်လက်ခံယူပြီးနောက် ဒဿမ ရာမဘုရင် ဘွဲ့ကိုယူကာ နန်းတက်မည်ဟု သိရသည်။

ဘူမိဘော ကံတော်ကုန်ပြီး ရက်ပေါင်း ၅၀ အကြာတွင် အိမ်ရှေ့မင်းသားသည် ထိုင်းလွှတ်တော် အကြီးအကဲ ပွန်ပတ်ချ် ဝီချစ်ချိုလ်ချိုင်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။ ထို့နောက် သက်ဆိုင်ရာ ထုံးတမ်းဓလေ့များနှင့်အညီ လုပ်ငန်းဆောင်တာ အချို့ကို ဖြတ်သန်းပြီးနောက် နန်းတက်ရန် လွှတ်တော်၏ ဖိတ်ခေါ်မှုကို ဗီဂျရာလောင်ကွန်းက တရားဝင် လက်ခံသွားဖွယ် ရှိနေသည်။

နန်းတော်တွင် ကျင်းပမည့် အခမ်းအနားကို ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာနှင့် တော်ဝင်မိသားစု အကြံပေး အရာရှိ ပရမ် တင်ဆူလန်နွန်ဒါတို့လည်း တက်ရောက်ရန် စီစဉ်ထားကြသည်။ ဗီဂျရာလောင်ကွန်းသည် ဂျာမနီတွင် အခြေချ နေထိုင်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ နန်းမွေဆက်ခံရန်အတွက် ထိုင်းသို့ ပြန်လည် ပြောင်းရွှေ့လာဖွယ်ရှိသည်။ “မနက်ပိုင်းမှာ အရှင်မြတ် ချောချောမောမော ပြန်လည် ဆိုက်ရောက်လာတာကို အတည်ပြုပါတယ်”ဟု နန်းတော် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဗီဂျရာလောင်ကွန်းသည် သက်တမ်း ၂၃၄ နှစ် ရှည်လျားခဲ့ပြီဖြစ်သည့် ချာကရီမင်းဆက်၏ ဒဿမမြောက် ဘုရင်အဖြစ် ရာမဘွဲ့ကိုခံယူကာ နန်းတက်မည်ဖြစ်သည်။ ၎င်းသည် လွှတ်တော်၏ ဖိတ်ကြားမှုကို လက်ခံကာ ထီးနန်းဆက်ခံယူပြီးနောက် များမကြာမီတွင်ပင် နန်းတော်၏ သီးခြားအစီအစဉ် အခမ်းအနားများဖြင့် နန်းတက်ပွဲကို ဆက်လက် ကျင်းပဖွယ် ရှိနေသည်။

ထိုင်းတွင် အောက်တိုဘာ ၁၃ ရက်က ဘုရင် ဘူမိဘော ကွယ်လွန်ပြီးကတည်းက ဘုရင်မဲ့လျက် ရှိသည်။ ထိုအတောအတွင်း ဘုရင်၏ လုပ်ငန်းတာဝန်များကို အသက် ၉၆ နှစ်ရှိ တော်ဝင်မိသားစု အကြံပေး ပရမ်က ယာယီအားဖြင့် စီမံဆောင်ရွက်ပေးနေခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top