Property Expo
×

ဘရာဇီးေဘာလံုးကလပ္အသင္းသားမ်ား လုိက္ပါလာသည့္ ေလယာဥ္ မယ္ဒယ္လင္းၿမိဳ႕အနီး ေတာအုပ္တစ္ခုထဲသို႔ ပ်က္က် သြားရာေနရာ၌ ေတြ႕ရေသာ ကယ္ဆယ္ေရးလုပ္သားမ်ား (Jaime Saldarriaga/reuters)

 ကိုလံဘီယာႏိုင္ငံ တြင္ ဗိုလ္လုပဲြကစားရန္ လာ ေရာက္သည့္ ဘရာဇီးမွ ခ်ာပီကို အန္ဆီ ေဘာလံုးအသင္းသားမ်ား အပါအ၀င္ လူ ၇၁ ဦး ေသဆံုးခဲ့ သည့္ ေလယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္သန္သူမ်ားအား ဆရာ ၀န္မ်ားက အႀကီးစားခဲြစိတ္ ကုသ မႈမ်ား ျပဳလုပ္ေပးေနၿပီး စတင္ ၍ စံုစမ္းစစ္ေဆးေနၿပီျဖစ္သည္။

မယ္ဒယ္လင္းၿမိဳ႕တြင္ ကိုပါ ဆူဒါမီရီကနာဖလား ဗိုလ္လုပြဲ ကစားရန္ လာေရာက္စဥ္ ခ်ာပီကို အန္ဆီအသင္းက ငွားရမ္းထား ေသာ ေလယာဥ္သည္ ေတာင္တစ္ လံုးကို ၀င္တိုက္၍ ပ်က္က်မႈအ တြင္း ေလယာဥ္အမႈထမ္းႏွစ္ဦး၊ သတင္းေထာက္ တစ္ဦးႏွင့္ ေဘာလံုးသမားသံုးဦး၊ စုစုေပါင္း ေျခာက္ဦးသာ အသက္ရွင္ႏိုင္ခဲ့ သည္။


၎တို႔အား ေဒသဆိုင္ရာ ေဆး႐ံုမ်ား၌ ကုသေပးေနၿပီး ေဘာလံုးသမားမ်ားအနက္ ဂိုးသ မား ဂ်က္ဆင္ဖိုလ္မန္းသည္ ညာဘက္ေျခေထာက္ကို ျဖတ္ေတာက္ပစ္ခဲ့ရသည္။

ေနာက္ခံလူဟယ္လီယိုနီတို သည္ ဦးေခါင္းခံြ၊ အဆုတ္ႏွင့္ ရင္ ဘတ္၌ ျပင္းထန္ေသာ ဒဏ္ရာ ေၾကာင့္ အထူးၾကပ္မတ္ကုသမႈ ခံယူေနရသည္။

ေနာက္ထပ္ ေနာက္ခံလူ တစ္ဦးျဖစ္ေသာ အလန္႐ုစ္ခ်ဲလ္ သည္ ေက်ာ႐ိုးဒဏ္ရာအတြက္ ခဲြ စိတ္ကုသမႈခံယူခဲ့ရသည္။

ယင္းေလယာဥ္ ပ်က္က်မႈ ကို ဘရာဇီးႏွင့္ ကိုလံဘီယာတို႔က ပူးတဲြစံုစမ္း စစ္ေဆးေနေၾကာင္း သတင္းေပးပို႔ခဲ့သည္ဟု သိရၿပီး ရာသီဥတုအေျခအေနလည္း မေကာင္းဟု သိရသည္။

 ခ်ာပီကိုအန္ဆီအသင္း၏ ၿပိဳင္ဘက္ အက္သလက္တီကိုေန ရွင္နယ္အသင္းက ေသဆံုးသူမ်ား အား ဂုဏ္ျပဳျခင္းအျဖစ္ ဆုဖလား ကို ၎အသင္းအား ခ်ီးျမႇင့္ေပးရန္ ေတာင္းဆိုထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကိုလံဘီယာနိုင်ငံ တွင် ဗိုလ်လုပွဲကစားရန် လာ ရောက်သည့် ဘရာဇီးမှ ချာပီကို အန်ဆီ ဘောလုံးအသင်းသားများ အပါအဝင် လူ ၇၁ ဦး သေဆုံးခဲ့ သည့် လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်သန်သူများအား ဆရာ ဝန်များက အကြီးစားခွဲစိတ် ကုသ မှုများ ပြုလုပ်ပေးနေပြီး စတင် ၍ စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

မယ်ဒယ်လင်းမြို့တွင် ကိုပါ ဆူဒါမီရီကနာဖလား ဗိုလ်လုပွဲ ကစားရန် လာရောက်စဉ် ချာပီကို အန်ဆီအသင်းက ငှားရမ်းထား သော လေယာဉ်သည် တောင်တစ် လုံးကို ဝင်တိုက်၍ ပျက်ကျမှုအ တွင်း လေယာဉ်အမှုထမ်းနှစ်ဦး၊ သတင်းထောက် တစ်ဦးနှင့် ဘောလုံးသမားသုံးဦး၊ စုစုပေါင်း ခြောက်ဦးသာ အသက်ရှင်နိုင်ခဲ့ သည်။


၎င်းတို့အား ဒေသဆိုင်ရာ ဆေးရုံများ၌ ကုသပေးနေပြီး ဘောလုံးသမားများအနက် ဂိုးသ မား ဂျက်ဆင်ဖိုလ်မန်းသည် ညာဘက်ခြေထောက်ကို ဖြတ်တောက်ပစ်ခဲ့ရသည်။

နောက်ခံလူဟယ်လီယိုနီတို သည် ဦးခေါင်းခွံ၊ အဆုတ်နှင့် ရင် ဘတ်၌ ပြင်းထန်သော ဒဏ်ရာ ကြောင့် အထူးကြပ်မတ်ကုသမှု ခံယူနေရသည်။

နောက်ထပ် နောက်ခံလူ တစ်ဦးဖြစ်သော အလန်ရုစ်ချဲလ် သည် ကျောရိုးဒဏ်ရာအတွက် ခွဲ စိတ်ကုသမှုခံယူခဲ့ရသည်။

ယင်းလေယာဉ် ပျက်ကျမှု ကို ဘရာဇီးနှင့် ကိုလံဘီယာတို့က ပူးတွဲစုံစမ်း စစ်ဆေးနေကြောင်း သတင်းပေးပို့ခဲ့သည်ဟု သိရပြီး ရာသီဥတုအခြေအနေလည်း မကောင်းဟု သိရသည်။

 ချာပီကိုအန်ဆီအသင်း၏ ပြိုင်ဘက် အက်သလက်တီကိုနေ ရှင်နယ်အသင်းက သေဆုံးသူများ အား ဂုဏ်ပြုခြင်းအဖြစ် ဆုဖလား ကို ၎င်းအသင်းအား ချီးမြှင့်ပေးရန် တောင်းဆိုထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top