Property Expo
×

မ်ိဳးေစ့ေတြကေန အပင္ေလးေတြ စိုုက္ၾကတဲ့ အခါ အေညွာင့္ေလးေတြ ထြက္လာရင္ ၾကည့္ေနရင္းကို ပီတိ ျဖစ္ရတဲ့ အခိုက္အတန႔္ေလးေတြ ရွိပါတယ္။ ဒီလိုပါပဲ အခ်ိဳ႕ အသီးအႏွံေတြရဲ႕ စြန႔္ပစ္လိုက္တဲ့ အပိုင္းေတြကေန အပင္ေလးေတြ အျဖစ္ ျပန္ၿပီး ရွင္သန္လာတဲ့ အခါမွာလည္း အလားတူ ေပ်ာ္႐ႊင္မႈမ်ိဳးကို ရနိုင္ပါတယ္။ ဘယ္လို အပင္ေတြက ျပန္ၿပီး ရွင္သန္လာနိုင္ပါသလဲ။

၁။ ၾကက္သြန္ၿမိတ္

ၾကက္သြန္ၿမိတ္ေတြကို သုံးတဲ့ အခါ အျမစ္ေနရာေတြမွာ သဲေတြ ႐ြံ႕ေတြ ရွိေနတတ္လို႔ ျဖတ္ပစ္တတ္ၾကသလို အခ်ိဳ႕ကလည္း ေရေဆးၿပီး စားၾကပါတယ္။ အပင္ေလး အျဖစ္ ျပန္ၿပီး ျမင္ခ်င္တယ္ဆိုရင္ေတာ့ အဲ့ဒီအျမစ္ကို ျဖတ္ၿပီး ေရခြက္ထဲမွာ ထည့္ထားလိုက္ပါ။ တစ္ပတ္ၾကာတဲ့အခါ အေညွာင့္အသစ္ေလးေတြ ထြက္လာပါလိမ့္မယ္။

၂။ ၾကက္သြန္ျဖဴၿမိတ္

ၾကက္သြန္ျဖဴအတက္ေလးေတြမွာ အေညွာင့္ေလးေတြ ထြက္ေနတာ ျမင္ဖူးၾကမွာပါ။ ဒါေလးကို ေရခြက္ေလးထဲ ထည့္ထားၿပီး တစ္ပတ္ၾကာတဲ့ အခါ အပင္အေညွာင့္ေလးေတြ ရွင္သန္လာတာ ျမင္ရပါလိမ့္မယ္။

၃။ မုန္ညွင္းထုပ္

မုန္ညွင္းထုပ္ရဲ႕ အၿမီးပိုင္းကို ျဖတ္ၿပီး ေရထဲ ထည့္ထားပါ။ အေညွာင့္ေလးေတြ ျပန္ထြက္လာပါလိမ့္မယ္။ ေနေရာင္ရတဲ့ ေနရာမွာေတာ့ ထားေပးပါ။

၄။ မုန္လာဥနီ

မုန္လာဥနီ အျမစ္ပိုင္းေလးေတြကို ျဖတ္ၿပီး ေရထဲမွာ ထည့္ထားရင္ေတာ့ အပင္ေလးေတြ အသစ္ျပန္ထြက္လာပါလိမ့္မယ္။ အခန္းထဲမွာ စိမ္းစိမ္းစိုစိုေလးနဲ႕ အလွဆင္ခ်င္ရင္ေတာ့ မုန္လာဥနီေလးက ခ်စ္စရာပါ။

၅။ ဇီယာ႐ြက္

ဇီယာ႐ြက္ရဲ႕ ကိုင္းရင့္ရင့္ေလးေတြကို ဒီလို ေရထဲမွာ ျပန္ထည့္ရင္ အျမစ္ေလးေတြ ျပန္ထြက္လာပါလိမ့္မယ္။

၆။ စပါးလင္

စပါးလင္ေလးကိုလည္း အျမစ္ပိုင္းကို ေရထဲမွာ ေထာင္ၿပီး ၃ပတ္ေလာက္ထားရင္ အျမစ္အသစ္ေတြ ထြက္လာၿပီး ျပန္ႀကီးထြားလာပါလိမ့္မယ္။

၇။ ၾကက္သြန္နီ

ၾကက္သြန္နီကေတာ့ အျမစ္ပါတဲ့ ေခါင္းပိုင္းကို ျဖတ္ၿပီး ေျမအနည္းငယ္ထဲမွာ ခ်ထားရင္ အျမစ္တြယ္ၿပီး အပင္ေလး ျဖစ္လာပါလိမ့္မယ္။ ၾကက္သြန္ၿမိတ္ကို လတ္လတ္ဆတ္ဆတ္ စားလို႔ အဆင္ေျပတာေပါ့ေနာ္။

၈။ မုန္ညွင္း

အျမစ္ဆုံ ပါတဲ့ ဘယ္အပင္မဆို ျပန္ၿပီး ရွင္သန္ေအာင္ လုပ္လို႔ ရပါတယ္။ မုန္ညွင္းထုပ္၊ ေကာ္ဖီထုပ္ အစရွိတဲ့ အပင္ေတြရဲ႕ အျမစ္ေတြကို အခုလို ျပန္ၿပီ ေရထဲကို ထည့္ထားျခင္းျဖင့္ အပင္အေညွာင့္အသစ္ေလးေတြ ထြက္လာမွာပါ။

၉။ ေထာပတ္သီး

ေထာပတ္သီး အေစ့ကို သြားၾကားထိုးတံနဲ႕ ထိုးၿပီး ေရထဲ ထည့္ထားရင္ အျမစ္အေညွာင့္ေလးေတြ ထြက္လာပါလိမ့္မယ္။ ၿပီးရင္ေတာ့ ေျမႀကီးေပၚ ေျပာင္းစိုက္ပါ။ ရာသီဥတုေပၚ မူတည္ၿပီး အသီး သီးပါလိမ့္မယ္။

၁၀။ ကန္စြန္းဥ

ကန္စြန္းဥ ရတဲ့ ကန္စြန္းပင္ကို စိုက္ခ်င္ရင္ေတာ့ ကန္စြန္းဥကို အခုလိုမ်ိဳး ေရမွာ ထည့္ၿပီး အပင္ထြက္လာေအာင္ လုပ္လို႔ ရပါတယ္။ အခန္းေလးေတြထဲမွာ အလွလည္း စိုုက္ၾကပါတယ္။ ႏြယ္ပင္မ်ိဳးမို႔ ႏြယ္တက္ပုံေလးက လွပါတယ္။

၁၁။ နာနတ္ပင္

နာနတ္သီးရဲ႕ ျဖတ္ထုတ္လိုက္တဲ့ အပိုင္းကို ေရမွာ ျပန္စိမ္ၿပီး အျမစ္အသစ္ေလးေတြ ျပန္ထြက္လာေအာင္ လုပ္လို႔ ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyFood

#Unicode Version
မျိုးစေ့တွေကနေ အပင်လေးတွေ စိုုက်ကြတဲ့ အခါ အညှောင့်လေးတွေ ထွက်လာရင် ကြည့်နေရင်းကို ပီတိ ဖြစ်ရတဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။ ဒီလိုပါပဲ အချို့ အသီးအနှံတွေရဲ့ စွန့်ပစ်လိုက်တဲ့ အပိုင်းတွေကနေ အပင်လေးတွေ အဖြစ် ပြန်ပြီး ရှင်သန်လာတဲ့ အခါမှာလည်း အလားတူ ပျော်ရွှင်မှုမျိုးကို ရနိုင်ပါတယ်။ ဘယ်လို အပင်တွေက ပြန်ပြီး ရှင်သန်လာနိုင်ပါသလဲ။

၁။ ကြက်သွန်မြိတ်

ကြက်သွန်မြိတ်တွေကို သုံးတဲ့ အခါ အမြစ်နေရာတွေမှာ သဲတွေ ရွံ့တွေ ရှိနေတတ်လို့ ဖြတ်ပစ်တတ်ကြသလို အချို့ကလည်း ရေဆေးပြီး စားကြပါတယ်။ အပင်လေး အဖြစ် ပြန်ပြီး မြင်ချင်တယ်ဆိုရင်တော့ အဲ့ဒီအမြစ်ကို ဖြတ်ပြီး ရေခွက်ထဲမှာ ထည့်ထားလိုက်ပါ။ တစ်ပတ်ကြာတဲ့အခါ အညှောင့်အသစ်လေးတွေ ထွက်လာပါလိမ့်မယ်။

၂။ ကြက်သွန်ဖြူမြိတ်

ကြက်သွန်ဖြူအတက်လေးတွေမှာ အညှောင့်လေးတွေ ထွက်နေတာ မြင်ဖူးကြမှာပါ။ ဒါလေးကို ရေခွက်လေးထဲ ထည့်ထားပြီး တစ်ပတ်ကြာတဲ့ အခါ အပင်အညှောင့်လေးတွေ ရှင်သန်လာတာ မြင်ရပါလိမ့်မယ်။

၃။ မုန်ညှင်းထုပ်

မုန်ညှင်းထုပ်ရဲ့ အမြီးပိုင်းကို ဖြတ်ပြီး ရေထဲ ထည့်ထားပါ။ အညှောင့်လေးတွေ ပြန်ထွက်လာပါလိမ့်မယ်။ နေရောင်ရတဲ့ နေရာမှာတော့ ထားပေးပါ။

၄။ မုန်လာဥနီ

မုန်လာဥနီ အမြစ်ပိုင်းလေးတွေကို ဖြတ်ပြီး ရေထဲမှာ ထည့်ထားရင်တော့ အပင်လေးတွေ အသစ်ပြန်ထွက်လာပါလိမ့်မယ်။ အခန်းထဲမှာ စိမ်းစိမ်းစိုစိုလေးနဲ့ အလှဆင်ချင်ရင်တော့ မုန်လာဥနီလေးက ချစ်စရာပါ။

၅။ ဇီယာရွက်

ဇီယာရွက်ရဲ့ ကိုင်းရင့်ရင့်လေးတွေကို ဒီလို ရေထဲမှာ ပြန်ထည့်ရင် အမြစ်လေးတွေ ပြန်ထွက်လာပါလိမ့်မယ်။

၆။ စပါးလင်



စပါးလင်လေးကိုလည်း အမြစ်ပိုင်းကို ရေထဲမှာ ထောင်ပြီး ၃ပတ်လောက်ထားရင် အမြစ်အသစ်တွေ ထွက်လာပြီး ပြန်ကြီးထွားလာပါလိမ့်မယ်။

၇။ ကြက်သွန်နီ

ကြက်သွန်နီကတော့ အမြစ်ပါတဲ့ ခေါင်းပိုင်းကို ဖြတ်ပြီး မြေအနည်းငယ်ထဲမှာ ချထားရင် အမြစ်တွယ်ပြီး အပင်လေး ဖြစ်လာပါလိမ့်မယ်။ ကြက်သွန်မြိတ်ကို လတ်လတ်ဆတ်ဆတ် စားလို့ အဆင်ပြေတာပေါ့နော်။

၈။ မုန်ညှင်း

အမြစ်ဆုံ ပါတဲ့ ဘယ်အပင်မဆို ပြန်ပြီး ရှင်သန်အောင် လုပ်လို့ ရပါတယ်။ မုန်ညှင်းထုပ်၊ ကော်ဖီထုပ် အစရှိတဲ့ အပင်တွေရဲ့ အမြစ်တွေကို အခုလို ပြန်ပြီ ရေထဲကို ထည့်ထားခြင်းဖြင့် အပင်အညှောင့်အသစ်လေးတွေ ထွက်လာမှာပါ။

၉။ ထောပတ်သီး

ထောပတ်သီး အစေ့ကို သွားကြားထိုးတံနဲ့ ထိုးပြီး ရေထဲ ထည့်ထားရင် အမြစ်အညှောင့်လေးတွေ ထွက်လာပါလိမ့်မယ်။ ပြီးရင်တော့ မြေကြီးပေါ် ပြောင်းစိုက်ပါ။ ရာသီဥတုပေါ် မူတည်ပြီး အသီး သီးပါလိမ့်မယ်။

၁၀။ ကန်စွန်းဥ

ကန်စွန်းဥ ရတဲ့ ကန်စွန်းပင်ကို စိုက်ချင်ရင်တော့ ကန်စွန်းဥကို အခုလိုမျိုး ရေမှာ ထည့်ပြီး အပင်ထွက်လာအောင် လုပ်လို့ ရပါတယ်။ အခန်းလေးတွေထဲမှာ အလှလည်း စိုုက်ကြပါတယ်။ နွယ်ပင်မျိုးမို့ နွယ်တက်ပုံလေးက လှပါတယ်။

၁၁။ နာနတ်ပင်

နာနတ်သီးရဲ့ ဖြတ်ထုတ်လိုက်တဲ့ အပိုင်းကို ရေမှာ ပြန်စိမ်ပြီး အမြစ်အသစ်လေးတွေ ပြန်ထွက်လာအောင် လုပ်လို့ ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:MyFood
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top