Property Expo
×

အဂၤါၿဂိဳဟ္ေပၚမွာၿဂိဳဟ္သားေတြ၊ၿဂိဳဟ္ေကာင္ေတြအမွန္တကယ္ရွိလားဆိုိတာ ေမးခြန္းထုတ္စရာျဖစ္
လာပါၿပီ။ တြားသြားသတၱဝါတစ္ေကာင္နဲ႔ ဆင္တူတဲ့ သ႑ာန္တစ္ခုကို ၿဂိဳဟ္တုမွာ ရုိက္ကူးရရွိခဲ့တာျဖစ္ၿပီး ၿဂိဳဟ္သားေတြကို ေလ့လာသူတစ္ေယာက္ကေတာ့ ဒါဟာ ေခါင္းမွာ ဂ်ိဳႏွစ္ခုပါရွိၿပီး ေက်ာမွာ အခြံတစ္ခု ဖံုးအုပ္ထားတဲ့ လိပ္ပံုစံ ၿဂိဳဟ္ေကာင္တစ္ေကာင္ျဖစ္တယ္လို႔ ယံုၾကည္လ်က္ရွိေနပါတယ္။

မားစ္ၿဂိဳဟ္ကို ေလ့လာေနတဲ့ ယာဥ္ကေန ရိုက္ကူးထားတဲ့ ဒီပံုရိပ္ဟာ ၿဂိဳဟ္နီႀကီးေပၚမွာ သက္ရွိေတြတစ္ကယ္ရွိတယ္ဆုိတာကို သက္ေသျပႏုိင္မယ့္ ဓာတ္ပံုျဖစ္လာႏိုင္မယ္လုိ႔ ေလ့လာသူေတြက ေမွ်ာ္လင့္လ်က္ရွိပါတယ္။

 Alien Art TV က Joe White ကေတာ့ “ဒါဟာ ေခါင္းမွာ ဂ်ိဳႏွစ္ခုပါဝင္ၿပီး တြားသြားေကာင္တစ္မ်ိဳးျဖစ္တယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ အရြယ္အစားကိုေတာ့ ေျပာျပဖို႔ခက္တယ္” ေျပာၾကားခဲ့ပါတယ္။

ပံုစံကေတာ့ လိပ္ကို ဂ်ိဳေပါက္ေနတဲ့ ပံုစံနဲ႔ ဆင္ဆင္တူၿပီး ေျခေထာက္ေတြလည္းရွိၿပီး ေက်ာမွာလည္း အခြံမာတစ္ခု ဖံုးအုပ္ထားတဲ့ ပံုစံမ်ိဳးပါပဲ။ ဒါကိုေတာ့ တစ္ခ်ိဳ႕ေသာလူေတြက ေက်ာက္တံုးတစ္တံုးသာျဖစ္တယ္လုိ႔ ေျပာေနၾကေပမယ့္ Joe White ကေတာ့ “ကၽြန္ေတာ့္အေတြ႕အၾကံဳအရဆိုရင္ေတာ့ မားစ္ေပၚမွာ အေဆာက္အံုပံုစံမ်ိဳးေတြ ၊ အရိုးေတြေတြ႕ရတာနဲ႔ ပတ္သက္ၿပီး ဒါဟာ သက္ရွိတစ္ေကာင္ျဖစ္ႏုိင္ေခ်ရွိပါတယ္” လို႔ ေျပာပါတယ္။

ဒီလိုမ်ိဳး မားစ္ေပၚမွာ သက္ရွိေတြေတြ႕တယ္လုိ႔ ေျပာေနၾကတာဟာ ၾကာျမင့္ေနၿပီျဖစ္ၿပီး ယံုၾကည္တဲ့သူေတြနဲ႔ မယံုၾကည္တဲ့သူေတြကေတာ့ အျမဲ အျငင္းပြားလ်က္ရွိေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
အင်္ဂါဂြိုဟ်ပေါ်မှာဂြိုဟ်သားတွေ၊ဂြိုဟ်ကောင်တွေအမှန်တကယ်ရှိလားဆိုတာ မေးခွန်းထုတ်စရာဖြစ်

လာပါပြီ။ တွားသွားသတ္တဝါတစ်ကောင်နဲ့ ဆင်တူတဲ့ သဏ္ဍာန်တစ်ခုကို ဂြိုဟ်တုမှာ ရိုက်ကူးရရှိခဲ့တာဖြစ်ပြီး ဂြိုဟ်သားတွေကို လေ့လာသူတစ်ယောက်ကတော့ ဒါဟာ ခေါင်းမှာ ဂျိုနှစ်ခုပါရှိပြီး ကျောမှာ အခွံတစ်ခု ဖုံးအုပ်ထားတဲ့ လိပ်ပုံစံ ဂြိုဟ်ကောင်တစ်ကောင်ဖြစ်တယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

မားစ်ဂြိုဟ်ကို လေ့လာနေတဲ့ ယာဉ်ကနေ ရိုက်ကူးထားတဲ့ ဒီပုံရိပ်ဟာ ဂြိုဟ်နီကြီးပေါ်မှာ သက်ရှိတွေတစ်ကယ်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် ဓာတ်ပုံဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေက မျှော်လင့်လျက်ရှိပါတယ်။

 Alien Art TV က Joe White ကတော့ “ဒါဟာ ခေါင်းမှာ ဂျိုနှစ်ခုပါဝင်ပြီး တွားသွားကောင်တစ်မျိုးဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အရွယ်အစားကိုတော့ ပြောပြဖို့ခက်တယ်” ပြောကြားခဲ့ပါတယ်။

ပုံစံကတော့ လိပ်ကို ဂျိုပေါက်နေတဲ့ ပုံစံနဲ့ ဆင်ဆင်တူပြီး ခြေထောက်တွေလည်းရှိပြီး ကျောမှာလည်း အခွံမာတစ်ခု ဖုံးအုပ်ထားတဲ့ ပုံစံမျိုးပါပဲ။ ဒါကိုတော့ တစ်ချို့သောလူတွေက ကျောက်တုံးတစ်တုံးသာဖြစ်တယ်လို့ ပြောနေကြပေမယ့် Joe White ကတော့ “ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ မားစ်ပေါ်မှာ အဆောက်အုံပုံစံမျိုးတွေ ၊ အရိုးတွေတွေ့ရတာနဲ့ ပတ်သက်ပြီး ဒါဟာ သက်ရှိတစ်ကောင်ဖြစ်နိုင်ချေရှိပါတယ်” လို့ ပြောပါတယ်။

ဒီလိုမျိုး မားစ်ပေါ်မှာ သက်ရှိတွေတွေ့တယ်လို့ ပြောနေကြတာဟာ ကြာမြင့်နေပြီဖြစ်ပြီး ယုံကြည်တဲ့သူတွေနဲ့ မယုံကြည်တဲ့သူတွေကတော့ အမြဲ အငြင်းပွားလျက်ရှိနေကြပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top