Property Expo
×

လပိုင္းသာ ေနရေတာ့မည့္ အသက္ ၁၇ ႏွစ္အ႐ြယ္ ကင္ဆာေဝဒနာသည္ မိန္း ကေလးက ၎၏ သက္တူ႐ြယ္တူငယ္ခ်စ္ ဦးႏွင့္ ခမ္းခမ္းနားနား လက္ထပ္လိုက္ သည္။
 
၎တို႔မဂၤလာပြဲႀကီးျဖစ္ေျမာက္လာ ေစရန္ ေစတနာရွင္မ်ားက ေဒၚလာ ၇ဝဝဝ လႉဒါန္းခဲ့ၾကသည္။ ကင္ဆာသည္ ဦးေႏွာက္ထဲထိ ပ်ံ့သြားၿပီဆိုသည္ကို သိ လိုက္ရၿပီးေနာက္ ၎တို႔ႏွစ္ဦးလုံးအလြန္ စိတ္ ထိခိုက္သြားၾကေတာ့သည္။ ကယ္ လန္ဖာ့ခ္ႏွင့္အမ္ဘာစေနဟမ္တို႔၏ မဂၤ လာပြဲႀကီးကို အဂၤလန္နိုင္ငံဘရစၥတိုၿမိဳ႕ တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။
 
ထိုမဂၤလာပြဲကိုႏွစ္ဖက္မိဘေဆြမ်ိဳးအသိုင္းအဝိုင္း ႏွင့္ အသိမိတ္ေဆြေပါင္းရာေပါင္းမ်ားစြာ တက္ေရာက္ခဲ့ၾကသည္။ ၎တို႔သည္ အခင္ဆုံးသူငယ္ခ်င္းမ်ားျဖစ္ခဲ့ၾကၿပီး လြန္ ခဲ့သည့္တစ္ႏွစ္ခန့္ကမွ စကာ ခ်စ္သူရည္း စားဘဝ ေရာက္သြားၾကျခင္းျဖစ္သည္။ အမ္ဘာသည္ အသက္ ၁၃ ႏွစ္ကတည္း ကစကာ အရိုးကင္ဆာကို ခံစားခဲ့ရသည္။ အႀကီးစား ခြဲစိတ္မႈတစ္ခုလည္း လုပ္ခဲ့ရ ၿပီး ဓာတုကုထုံးကိုလည္းေျခာက္ႀကိမ္ခံ ယူခဲ့ရသည္။
 
ထိုမွ်ကုသခဲ့ေသာ္ျငား ေအာက္တိုဘာလေႏွာင္းပိုင္းတြင္မူ၎ဦးေႏွာက္ထဲတြင္အက်ိတ္ရွိေနၿပီျဖစ္ ေၾကာင္း သိလိုက္ရသည္။လပိုင္းသာအသက္ရွင္ခြင့္ရေတာ့မည္ျဖစ္သျဖင့္၎ကငယ္ခ်စ္ဦးႏွင့္လက္ထပ္လိုက္
 ေတာ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
လပိုင်းသာ နေရတော့မည့် အသက် ၁၇ နှစ်အရွယ် ကင်ဆာဝေဒနာသည် မိန်း ကလေးက ၎င်း၏ သက်တူရွယ်တူငယ်ချစ် ဦးနှင့် ခမ်းခမ်းနားနား လက်ထပ်လိုက် သည်။



၎င်းတို့မင်္ဂလာပွဲကြီးဖြစ်မြောက်လာ စေရန် စေတနာရှင်များက ဒေါ်လာ ၇ဝဝဝ လှူဒါန်းခဲ့ကြသည်။ ကင်ဆာသည် ဦးနှောက်ထဲထိ ပျံ့သွားပြီဆိုသည်ကို သိ လိုက်ရပြီးနောက် ၎င်းတို့နှစ်ဦးလုံးအလွန် စိတ် ထိခိုက်သွားကြတော့သည်။ ကယ် လန်ဖာ့ခ်နှင့်အမ်ဘာစနေဟမ်တို့၏ မင်္ဂ လာပွဲကြီးကို အင်္ဂလန်နိုင်ငံဘရစ္စတိုမြို့ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။



ထိုမင်္ဂလာပွဲကိုနှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်း နှင့် အသိမိတ်ဆွေပေါင်းရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် အခင်ဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြပြီး လွန် ခဲ့သည့်တစ်နှစ်ခန့်ကမှ စကာ ချစ်သူရည်း စားဘဝ ရောက်သွားကြခြင်းဖြစ်သည်။ အမ်ဘာသည် အသက် ၁၃ နှစ်ကတည်း ကစကာ အရိုးကင်ဆာကို ခံစားခဲ့ရသည်။ အကြီးစား ခွဲစိတ်မှုတစ်ခုလည်း လုပ်ခဲ့ရ ပြီး ဓာတုကုထုံးကိုလည်းခြောက်ကြိမ်ခံ ယူခဲ့ရသည်။



ထိုမျှကုသခဲ့သော်ငြား အောက်တိုဘာလနှောင်းပိုင်းတွင်မူ၎င်းဦးနှောက်ထဲတွင်အကျိတ်ရှိနေပြီဖြစ် ကြောင်း သိလိုက်ရသည်။လပိုင်းသာအသက်ရှင်ခွင့်ရတော့မည်ဖြစ်သဖြင့်၎င်းကငယ်ချစ်ဦးနှင့်လက်ထပ်လိုက်

 တော့ ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top