လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

တ႐ုတ္-ကေနဒါ ကျပားျဖစ္တဲ့ ပန္းခ်ီဆရာ လီရိ ေရးဆြဲထားတဲ့ ေဘဂ်င္း ၂၀၀၈ ဆိုတဲ့ ပန္းခ်ီကားဟာ အေတြးေပါင္းမ်ားစြာကို လႉပ္ႏွိုးေပးနိုင္စြမ္းပါတယ္။

ပုံထဲမွာ ေက်ာကိုေဆးမင္ေၾကာင္ခ်ယ္ထားတဲ့ အမ်ိဳးသမီးေလးဟာ တ႐ုတ္ျပည္ကို ကိုယ္စားျပဳၿပီး ဘယ္ဘက္က ကစားဝိုင္းကို အာ႐ုံစူးစိုက္ေနသူေလးကေတာ့ ဂ်ပန္ပါတဲ့။ ညဝတ္အက်ီနၤဲ့ ေခါင္းကို ေနာက္လွန္ထားသူကေတာ့ အေမရိကန္မယ္ေလးျဖစ္ၿပီး ၾကမ္းေပၚမွာလဲေလ်ာင္းေနတာကေတာ့ ႐ုရွားမိန္းကေလးျဖစ္ပါတယ္။ ေဘးနားမွာရပ္ၾကည့္ေနတဲ့ကေလးမေလးကေတာ့ ထိုင္ဝမ္သူေလးပါ။

ေဘဂ်င္း ၂၀၀၈ ပန္းခ်ီကားဟာ အေနာက္တိုင္းနဲ႕ အင္တာနက္ေပၚမွာ အႀကိတ္အနယ္ေဆြးေႏြးရတဲ့ အေၾကာင္းအရာတစ္ခု ျဖစ္ခဲ့ပါတယ္။ မိန္းမ ၄ ေယာက္ မာေဂ်ာင္ကစားေနတဲ့ပုံဟာ လ်ိဳ႕ဝွက္အဓိပၸါယ္မ်ိဳးစုံနဲ႕ ျပည့္ႏွက္ေနတဲ့အျပင္ နာမည္ကိုက ေဘဂ်င္း ၂၀၀၈ ပါတဲ့။

တ႐ုတ္ရဲ႕ ေခါင္းစဥ္ကိုက အေရွ႕ေလ လို႔ ႏွစ္ခြအဓိပၸါယ္ရေနပါတယ္။ တစ္ခုက တ႐ုတ္ျပည္ရဲ႕ ကမာၻ႔အင္အားၿပိဳင္ဘက္အဆင့္ကို ေဖာ္ျပၿပီး ေနာက္တစ္ခုကေတာ့ တ႐ုတ္ရဲ႕ စစ္အင္အားနဲ႕ လက္နက္အင္အားတို႔ဟာ စားပြဲေပၚမွာ အဆင္သင့္ေရာက္ေနၿပီလို႔ ျပသထားပါတယ္။ တစ္ဖက္မွာေတာ့ တ႐ုတ္ဟာ ေနရာေကာင္းရထားသလိုလိုရွိေနေပမဲ့လည္း မိန္းကေလးရဲ႕ တစ္ျခားလက္တစ္ဖက္ကို ျမင္ခြင့္မရပါဘူး။ ဒါ့အျပင္ မိန္းကေလးဟာ ေနာက္လက္တစ္ဖက္ကလည္း စားပြဲေအာက္မွာ ၀ွက္ကစားေနပါေသးတယ္။

အေမရိကန္သူေလးကေတာ့ သိပ္ကိုယုံၾကည္မႈရွိတဲ့ပုံစံေလးနဲ႕ပါ။ ထိုင္ဝမ္သူေလးကို လွမ္းၾကည့္အကဲခတ္ေနၿပီး မ်က္ႏွာရိပ္ မ်က္ႏွာကဲ ျပေနပုံေပၚပါတယ္။

႐ုရွားမယ္ကေတာ့ ကစားပြဲကို စိတ္မဝင္စားခ်င္ေယာင္ေဆာင္ေနေပမယ့္ တကယ္တမ္းမွာ ေျခတစ္ဖက္က အေမရိကန္ကို ခ်ိတ္လို႔ လက္တစ္ဖက္ကေတာ့ တ႐ုတ္ကို ကမ္းလွ်က္ရွိေနပါတယ္။ နိုင္ငံႏွစ္ခုလုံးနဲ႕ တိတ္တဆိတ္ အက်ိဳးစီးပြားဖလွယ္ေလ့ရွိတဲ့သေဘာပါ။

ဂ်ပန္ကေတာ့ အင္တိုက္အားတိုက္ကို သူ႕အက်ိဳးစီးပြားေတြကို အာ႐ုံျပဳေနၿပီး တျခားသူေတြကို ဂ႐ုမျပဳပါဘူး။

ထိုင္ဝမ္သူေလးက ရိုးရာအက်ၤီနီေလးကို ၀တ္ဆင္ထားၿပီး သူဟာ တ႐ုတ္ရဲ႕ ယဥ္ေက်းမႈ အေမြဆက္ခံသူျဖစ္ေၾကာင္း ျပသေနပါတယ္။ သူ႕လက္ထဲမွာ သစ္သီးပန္းကန္ကိုကိုင္လို႔ လက္တဖက္မွာေတာ့ ဓါးတစ္ေခ်ာင္းနဲ႕ပါ။ သူဟာ တ႐ုတ္ကို ေၾကကြဲနာက်င္တဲ့ အမုန္းေတြနဲ႕ စိုက္ၾကည့္ေနၿပီး ကစားပြဲမွာ ဘယ္သူပဲနိုင္နိုင္ သစ္သီးေတြကို ေကြၽးဖို႔ေစာင့္ေနရပါတယ္။

အျပင္ဘက္မွာေတာ့ ျမစ္ေရျပင္ဟာ ေလထန္ေနၿပီး မုန္တိုင္းက်ေတာ့မဲ့ အေျခအေနမ်ိဳးမို႔ ဒါဟာ တိုင္းျပည္ႏွစ္ခုၾကားက တင္းမာေပါက္ကြဲလုလုအေနအထားကို ျပဆိုပါတယ္။ နံရံမွာ ခ်ိတ္ဆြဲထားတဲ့ ပန္းခ်ီကားကလဲ သိပ္ကို အဓိပၸါယ္ရွိတာပါ။ မာအိုရဲ႕ မ်က္ႏွာ၊ ခ်န္ေကရွိတ္ရဲ႕ နဖူးေျပာင္နဲ႕ ဆြန္ယက္ဆင္ရဲ႕ မုတ္ဆိတ္တို႔ကို ေပါင္းစပ္ေရးဆြဲထားပါတယ္။

မိန္းကေလး ၄ ေယာက္ရဲ႕ အဝတ္အစားအေနအထားဟာ တိုင္းျပည္တစ္ခုစီရဲ႕ စီးပြားေရးကို ျပဆိုပါတယ္။ တ႐ုတ္ဟာ အေပၚပိုင္းဗလာေပမယ့္ ေအာက္ပိုင္းမွာေတာ့ စကတ္နဲ႕ အတြင္းခံကို ၀တ္ဆင္ထားပါတယ္။ အေမရိကန္ကေတာ့ ဘရာစီယာနဲ႕ အေပၚ႐ုံအက်ီကႋုဝတ္ထားေပမဲ့လည္း ေအာက္ပိုင္းဗလာျဖစ္ေနျပန္ပါတယ္။ ႐ုရွားကေတာ့ အတြင္းခံေဘာင္းဘီေလးသာက်န္ၿပီး ဂ်ပန္ကေတာ့ လုံးတီးနဲ႕ပါ။

႐ုတ္တရက္ၾကည့္လိုက္ရင္ အေမရိကန္က အေျခအေနအေကာင္းဆုံးလို႔ထင္ရၿပီး ေတာက္ေျပာင္ေနေပမယ့္ အထိအရွမခံနိုင္ဆုံး အပိုင္းဟာ ရွင္းရွင္းႀကီးေပၚေနပါၿပီ။ တ႐ုတ္နဲ႕ ႐ုရွားဟာ အဝတ္မပါဘူးဆိုေပမဲ့လည္း လုံရမယ့္အပိုင္းေတြကို လုံေအာင္ဖုံးထားနိုင္စြမ္းရွိေနပါေသးတယ္။

တကယ္လို႔မ်ား ဒီကစားပြဲအၿပီးမွာ က်န္သမွ်ကိုသာ ခြၽတ္ၾကရေၾကးဆိုရင္ တ႐ုတ္ရႉံးခဲ့ရင္ ႐ုရွားနဲ႕တူပါေတာ့မယ္။ ( ဒါဟာ ႐ုရွားၿပိဳကြဲျခင္းကို ၫႊန္းပါတယ္။ ) အေမရိကန္ ရႉံးခဲ့ရင္လဲ ႐ုရွားနဲ႕ပဲ တူျပန္မွာပါပဲ။ တကယ္လို႔ ႐ုရွားရႉံးရင္ေတာ့ အားလုံးရႉံးၿပီး ဂ်ပန္ကေတာ့ နဂိုကထဲက ဘာမွမက်န္ေတာ့တာပါ။

႐ုရွားဟာ အိမ္ျဖည့္႐ုံဝင္ကစားေနတယ္ထင္ရေပမယ့္ တကယ္ေတာ့ တ႐ုတ္နဲ႕ေပါင္းၿပီး လိမ္ကစားေနပါတယ္။ တကယ္အိမ္ျဖည့္ေနရသူကေတာ့ ဂ်ပန္ပါ။ ဒီတစ္ခါရႉံးရင္ေတာ့ ဂ်ပန္ဟာ ကစားဝိုင္းကထြက္ရပါေတာ့မယ္။

အေမရိကန္ဟာ အေကာင္းဆုံးျဖစ္ေနတယ္ဆိုေပမယ့္ အႏၲရာယ္ေတြဝိုင္းလို႔ပါ။ ဒီတစ္ခ်ီရႉံးရင္ ကမာၻ႔အင္အားႀကီးအေနအထားကို စြန႔္လႊတ္ရပါမယ္။ ႐ုရွားကေတာ့ ႏွစ္ဖက္ကစားေနၿပီး တ႐ုတ္လြတ္လပ္ခါစ အေနအထားမ်ိဳးျဖစ္ေနပါတယ္။ အဲဒီတုန္းက တ႐ုတ္ဟာ ရွင္သန္ရပ္တည္ေရးအတြက္ ႐ုရွားကိုမွီခိုၿပီးေနာက္ အေမရိကန္ကို မွီခိုခဲ့ရပါတယ္။

တ႐ုတ္ရဲ႕ မာေဂ်ာင္အတုံးကေလးေတာ္ေတာ္မ်ားမ်ားကို ျမင္ခြင့္မရတာဟာ တ႐ုတ္မွာ လ်ိဳ႕ဝွက္ဖုံးကြယ္ထားတဲ့ ရည္မွန္းခ်က္အေတာ္မ်ားမ်ားရွိလိမ့္မယ္လို႔ ျပဆိုပါတယ္။ ဒါ့အျပင္ တ႐ုတ္ဟာ ႐ုရွားနဲ႕ တိတ္တိတ္ဖလွယ္ေနၿပီး အေမရိကန္ကေတာ့ ထိုင္ဝမ္သူေလးရဲ႕ ပုံစံကေနသာ မွန္းဆေနရပါတယ္။ ဂ်ပန္ကေတာ့ သူ႕ကိုယ္သူကလြဲလို႔ ဘယ္အရာမွ စိတ္မဝင္စားပါ။

ထိုင္ဝမ္ကေလးမကေတာ့ ကစားပြဲကို ေအးစက္စက္နဲ႕ၾကည့္ေနပါတယ္။ ကစားသမား ၄ ေယာက္လုံး ဘာလုပ္ေနသလဲလို႔ ေကာင္းေကာင္းျမင္နိုင္ၿပီး ဘာေတြဆက္ျဖစ္မလဲလို႔ နားလည္ထားပါတယ္။ ဒါေပမဲ့လည္း ကစားပြဲကို ၀င္ခြင့္လုံးဝမရွိတဲ့အျပင္ စကားေတာင္ေျပာခြင့္မရပါဘူး။ သူ႕မွာ ေျပာစရာ၊ အျပစ္တင္စရာအေတာ္မ်ားမ်ားရွိတာေတာင္မွ ဘယ္သူ႕ကိုမွ ေျပာခြင့္မရပါဘူး။ သူလုပ္နိုင္သမွ်ကေတာ့ လိမၼာတဲ့မိန္းကေလးလို ေနျပၿပီး ေအာင္နို္င္သူကို သစ္သီးဆက္ဖို႔ပါပဲ။

ေနာက္ဆုံးဘယ္သူနိုင္မလဲဆိုတာ တ႐ုတ္နဲ႕ အေမရိကန္ၾကားမွာပဲ ရွိေနတာထင္ရွားလွပါတယ္။ အနီးကပ္ထပ္ၾကည့္ရင္ေတာ့ အေမရိကန္က ကစားအားရွိေနေသးေပမဲ့ ကစားေနတာက တ႐ုတ္မာေဂ်ာင္ပါ။ အေနာက္တိုင္းပိုကာ ကစားနည္းမဟုတ္ပါဘူး။ တ႐ုတ္ရဲ႕ ကစားပြဲစည္းမ်ဥ္းေတြနဲ႕ ကစားေနၿပီးတဲ့ေနာက္ အေမရိကန္နိုင္ဖို႔ အခြင့္အလမ္း ဘယ္ေလာက္မ်ားရွိနိုင္ပါ့မလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာျပည္သား

#Unicode Version
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ညဝတ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ဝှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။

ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မဝင်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအကျၤီနီလေးကို ဝတ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အဝတ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ဝတ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အဝတ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ဝင်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာပြည်သား






 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top