Property Expo
×

1. ၾကက္ဥျပဳတ္

        ၾကက္ဥျပဳတ္ အခြံခြာၿပီးသားပဲျဖစ္ျဖစ္၊ အခြံနဲ႔ပဲျဖစ္ျဖစ္ မုိက္ခ႐ိုေဝ့ထဲမွာျပန္ၿပီး အပူေပးမယ္ဆုိရင္ စိုထုိင္းမႈေၾကာင့္ အပူခ်ိန္လြန္စြာျမင့္မားေစၿပီး ၾကက္ဥကြဲထြက္ေစပါတယ္။ ပိုၿပီးေၾကာက္ဖုိ႔ေကာင္းတာက ၾကက္ဥက မိုက္ခ႐ိုေဝ့ထဲမွာကြဲမထြက္ဘဲ လက္ထဲ၊ ပန္းကန္ထဲ (သို႔) ပါးစပ္ထဲေရာက္မွ ေပါက္ထြက္ျခင္းျဖစ္ပါတယ္။ မေပါက္ကြဲေစဖို႔အတြက္ ၾကက္ဥကို ေသးေသးေလးေတြလွီးၿပီးမွ မုိက္ခ႐ိုေဝ့ထဲထည့္ပါ။ အေကာင္းဆံုးကေတာ့ မိုက္ခ႐ိုေဝ့ထဲ လံုးဝမထည့္ျခင္းပါပဲ။



2. မိခင္ႏုိ႔ရည္

        မိခင္ေတြက ႏုိ႔ကိုညႇစ္အေအးခံၿပီးမွ ျပန္သံုးေလ့ရွိပါတယ္။ ႏုိ႔ရည္ကို microwave ထဲမွာ ျပန္မေႏႊးသင့္ပါဘူး။ မိုက္ခ႐ိုေဝ့က အစားအစာေတြအပူေပးတဲ့ေနရာမွာ မညီမွ်တဲ့အတြက္ ႏုိ႔ဘူးမွာလည္းပူတဲ့ေနရာက အရမ္းပူၿပီး ကေလးပါးစပ္နဲ႔ လည္ေခ်ာင္းအပူေလာင္ေစႏုိင္ပါတယ္။ ဒါ့အျပင္ ပလပ္စတစ္ႏုိ႔ဘူးကိုထည့္ေႏႊးျခင္းျဖင့္ ကင္ဆာျဖစ္ေစႏုိင္ပါတယ္။



3. အသင့္ျပဳလုပ္ထားေသာအသားမ်ား

        ဒီအသားေတြမွာပါဝင္တဲ့ ဓာတုပစၥည္းေတြနဲ႔ၾကာရွည္ခံပစၥည္းေတြက မိုက္ခ႐ိုေဝ့ေၾကာင့္ ပိုဆုိးေစႏုိင္ပါတယ္။ ဒါ့အျပင္ ဒီလုိအသားေတြကို မိုက္ခ႐ုိေဝ့ထဲထည့္ၿပီး ခ်က္ျပဳတ္ျခင္းျဖင့္ ဓာတ္ျပဳၿပီးသား ကိုလက္စထေရာလ္ေတြ(COP)ကို ထြက္လာေစပါတယ္။ COP က ႐ိုး႐ိုးကိုလက္စထေရာလ္ထက္ ေသြးေၾကာေတြကို ပိုပ်က္စီးေစၿပီး ႏွလံုးေသြးေၾကာေရာဂါ ျဖစ္ေစႏုိင္ပါတယ္။



4. ဆန္

        မခ်က္ထားတဲ့ဆန္မွာ အပူေပးတာကိုခံႏုိင္ရည္ရွိတဲ့ ဘက္တီးရီးယားပိုးရဲ႕ဥေတြပါဝင္ပါတယ္။ ဆန္ကို မုိက္ခ႐ိုေဝ့ထဲကထုတ္ၿပီး အခန္းထဲမွာထားလိုက္တာနဲ႔ မ်ိ္ဳးဥေတြပြားၿပီး အထက္လန္ေအာက္ေလွ်ာျဖစ္ေစပါတယ္။



5. ၾကက္သား

        ၾကက္သားမွာ Salmonella ဘက္တီးရီးယားရွိတတ္တဲ့အတြက္ ေသေသခ်ာခ်ာခ်က္ျပဳတ္ဖို႔လိုပါတယ္။ မိုက္ခ႐ိုေဝ့က အစားအစာေတြကို ညီမွ်စြာအပူမေပးႏုိင္တဲ့အတြက္ ၾကက္သားရဲ႕အခ်ိဳ႕ေနရာေတြမွာ ဘက္တီးရီးယားပိုးေတြ မေသဘဲဆက္ရွိေနတတ္ပါတယ္။ ဒါ့အျပင္ ၾကက္သားမွာ အသားဓာတ္ပါဝင္မႈမ်ားၿပီး ဒီအသားဓာတ္ေတြက အပူခ်ိန္တစ္ခုထဲမွာ မၿပိဳကြဲပါဘူး။ အခ်ိဳ႕ကျမန္ျမန္ေက်ပ်က္ၿပီး အခ်ိဳ႕ကေႏွးတဲ့အတြက္ ဗုိက္မအီမသာျဖစ္ေစႏုိင္ပါတယ္။



6. အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား

        ခ်က္ၿပီးသား တ႐ုတ္နံနံ၊ ကိုက္လန္၊ မုန္ညင္းေတြကို အခ်ိန္ၾကာမွျပန္စားခ်င္တယ္ဆုိရင္ မိုက္ခ႐ိုေဝ့ထဲမွာျပန္အပူေပးၿပီးမွ စားတာထက္စာရင္ သြန္ပစ္လိုက္တာက ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ထဲမွာပါဝင္တဲ့ ႏိုက္ထရိတ္ေတြက အပူျပန္ေပးလိုက္ရင္ အဆိပ္ျဖစ္ေစပါတယ္။ မိုက္ခ႐ိုေဝ့ထဲမွာထည့္ၿပီး အပူေပးျခင္းျဖင့္ သဘာဝအတိုင္းေတြ႕ရတဲ့ ႏုိက္ထရိတ္ကေန ကင္ဆာျဖစ္ေစႏုိင္တဲ့ ႏိုက္ထ႐ိုစမင္းအျဖစ္ ေျပာင္းလဲသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

1. ကြက်ဥပြုတ်

        ကြက်ဥပြုတ် အခွံခွာပြီးသားပဲဖြစ်ဖြစ်၊ အခွံနဲ့ပဲဖြစ်ဖြစ် မိုက်ခရိုဝေ့ထဲမှာပြန်ပြီး အပူပေးမယ်ဆိုရင် စိုထိုင်းမှုကြောင့် အပူချိန်လွန်စွာမြင့်မားစေပြီး ကြက်ဥကွဲထွက်စေပါတယ်။ ပိုပြီးကြောက်ဖို့ကောင်းတာက ကြက်ဥက မိုက်ခရိုဝေ့ထဲမှာကွဲမထွက်ဘဲ လက်ထဲ၊ ပန်းကန်ထဲ (သို့) ပါးစပ်ထဲရောက်မှ ပေါက်ထွက်ခြင်းဖြစ်ပါတယ်။ မပေါက်ကွဲစေဖို့အတွက် ကြက်ဥကို သေးသေးလေးတွေလှီးပြီးမှ မိုက်ခရိုဝေ့ထဲထည့်ပါ။ အကောင်းဆုံးကတော့ မိုက်ခရိုဝေ့ထဲ လုံးဝမထည့်ခြင်းပါပဲ။



2. မိခင်နို့ရည်

        မိခင်တွေက နို့ကိုညှစ်အအေးခံပြီးမှ ပြန်သုံးလေ့ရှိပါတယ်။ နို့ရည်ကို microwave ထဲမှာ ပြန်မနွှေးသင့်ပါဘူး။ မိုက်ခရိုဝေ့က အစားအစာတွေအပူပေးတဲ့နေရာမှာ မညီမျှတဲ့အတွက် နို့ဘူးမှာလည်းပူတဲ့နေရာက အရမ်းပူပြီး ကလေးပါးစပ်နဲ့ လည်ချောင်းအပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ပလပ်စတစ်နို့ဘူးကိုထည့်နွှေးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။



3. အသင့်ပြုလုပ်ထားသောအသားများ

        ဒီအသားတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ကြာရှည်ခံပစ္စည်းတွေက မိုက်ခရိုဝေ့ကြောင့် ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုအသားတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ချက်ပြုတ်ခြင်းဖြင့် ဓာတ်ပြုပြီးသား ကိုလက်စထရောလ်တွေ(COP)ကို ထွက်လာစေပါတယ်။ COP က ရိုးရိုးကိုလက်စထရောလ်ထက် သွေးကြောတွေကို ပိုပျက်စီးစေပြီး နှလုံးသွေးကြောရောဂါ ဖြစ်စေနိုင်ပါတယ်။



4. ဆန်

        မချက်ထားတဲ့ဆန်မှာ အပူပေးတာကိုခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားပိုးရဲ့ဥတွေပါဝင်ပါတယ်။ ဆန်ကို မိုက်ခရိုဝေ့ထဲကထုတ်ပြီး အခန်းထဲမှာထားလိုက်တာနဲ့ မျိုးဥတွေပွားပြီး အထက်လန်အောက်လျှောဖြစ်စေပါတယ်။



5. ကြက်သား

        ကြက်သားမှာ Salmonella ဘက်တီးရီးယားရှိတတ်တဲ့အတွက် သေသေချာချာချက်ပြုတ်ဖို့လိုပါတယ်။ မိုက်ခရိုဝေ့က အစားအစာတွေကို ညီမျှစွာအပူမပေးနိုင်တဲ့အတွက် ကြက်သားရဲ့အချို့နေရာတွေမှာ ဘက်တီးရီးယားပိုးတွေ မသေဘဲဆက်ရှိနေတတ်ပါတယ်။ ဒါ့အပြင် ကြက်သားမှာ အသားဓာတ်ပါဝင်မှုများပြီး ဒီအသားဓာတ်တွေက အပူချိန်တစ်ခုထဲမှာ မပြိုကွဲပါဘူး။ အချို့ကမြန်မြန်ကျေပျက်ပြီး အချို့ကနှေးတဲ့အတွက် ဗိုက်မအီမသာဖြစ်စေနိုင်ပါတယ်။



6. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

        ချက်ပြီးသား တရုတ်နံနံ၊ ကိုက်လန်၊ မုန်ညင်းတွေကို အချိန်ကြာမှပြန်စားချင်တယ်ဆိုရင် မိုက်ခရိုဝေ့ထဲမှာပြန်အပူပေးပြီးမှ စားတာထက်စာရင် သွန်ပစ်လိုက်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်ထဲမှာပါဝင်တဲ့ နိုက်ထရိတ်တွေက အပူပြန်ပေးလိုက်ရင် အဆိပ်ဖြစ်စေပါတယ်။ မိုက်ခရိုဝေ့ထဲမှာထည့်ပြီး အပူပေးခြင်းဖြင့် သဘာဝအတိုင်းတွေ့ရတဲ့ နိုက်ထရိတ်ကနေ ကင်ဆာဖြစ်စေနိုင်တဲ့ နိုက်ထရိုစမင်းအဖြစ် ပြောင်းလဲသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top