Property Expo
×

ကင်ဆယ်ယွန်သည် ‘Man From Nowhere’ ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် နာ မည်ရလာပြီး မကြာသေးမီက ‘Witch Exemplar’ဇာတ်ကား၌ မင်းသား ယွန်းစီယွန်းနှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ကင်ဆယ် ယွန်သည် ပြီးခဲ့သည့်လက Fantagio ကုမ္ပဏီနှင့် စာချုပ် သက်တမ်းကုန်ခဲ့ပြီး YG Enter-tainment ကုမ္ပဏီနှင့် ဆက်သွယ် လိမ့်မည်ဟူသော ကောလာဟလ များ ထွက်ပေါ်ခဲ့သည်။ ယခုမူ အ ဆိုပါကောလာဟလက မှန်ကန်ခဲ့ သည်။

နိုဝင်ဘာ ၁၄ ရက်တွင် YG Entertainment က ‘‘ကင်ဆယ် ယွန်နဲ့ မိသားစုဝင်တွေဖြစ်ရတာ ၀မ်းသာပါတယ်။ ကင်ဆယ်ယွန်  က သရုပ်ဆောင်လည်း တော် တယ်။ ဆွဲဆောင်မှုလည်းရှိတယ်။ သူပိုပြီးအောင်မြင်ဖို့ ကျွန်တော် တို့ တတ်နိုင်သလောက် ပံ့ပိုး သွားမှာပါ’’ဟု ထုတ်ပြန်ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top