Property Expo
×

၃၈ႏွစ္ၾကာေအာင္ တည္ေဆာက္ခဲ့ရတဲ့ “The Winchester Mystery House” America မွာထင္ရွားတဲ့ သရဲေျခာက္တဲ့ အိမ္ တစ္ခုျဖစ္ျပီး ေန႔စဥ္ လာေရာက္ လည္ပတ္သူ ေတြနဲ႔ စည္ကား ေနတဲ့ ေနရာ တစ္ခုပါ။

ပရေလာကကို စိတ္၀င္စား သူေတြ အေနနဲ႔ သရဲေျခာက္ တဲ့ေနရာ ေတြကို ေလ့လာတဲ့ ေနရာမွာ သရဲေျခာက္တဲ့ ေနအိမ္ ေတြဟာ မရွိမျဖစ္ ေလ့ လာစရာ ေနရာေတြ ျဖစ္လာ ပါတယ္။ အထူးသျဖင့္ ေနာက္ခံ ဇာတ္အိမ္ ေကာင္းေကာင္းရွိတဲ့ ေနအိမ္ ေတြဆိုရင္ သည္းေျခခိုက္ေလာက္ ေအာင္စိတ္၀င္စားဖို႔ ေကာင္းလွပါတယ္။ အခုမွာေတာ့ သရဲေျခာက္တဲ့ ေနအိမ္ေတြ အမ်ားၾကီး ရွိတဲ့ အထဲက America က The Winchester Mystery House အေၾကာင္း ေျပာျပ ပါရေစ။

The Winchester Mystery House


ဒီေရွးက်တဲ့ သမိုင္း၀င္ ေနအိမ္ဟာ San Jose ျမိဳ႕ California ျပည္နယ္မွာ တည္ရွိ ပါတယ္။ ၁၈၈၃ ခုႏွစ္ ကတည္းက စတင္ တည္ေဆာက္ခဲ့ ၿပီး အိမ္ပိုင္ရွင္ ျဖစ္သူ Sarah Winchester ႏွလံုးေရာဂါနဲ႔ အိပ္ရာထက္မွာ ေသဆံုး ခဲ့တဲ့ေန႔ ၁၉၂၂ ခုႏွစ္ စက္တင္ဘာလ ၅ရက္ေန႔မွာ အိမ္ ေဆာက္ လုပ္တာကို ရပ္တန္႔ ပစ္ခဲ့ပါတယ္။ အိမ္ေဆာက္ တာဟာ ၃၈ႏွစ္တိုင္ ၾကာခဲ့ျပီး ကုန္က်ေငြ စုစုေပါင္း ၅.၅ မီလီယံ ေဒၚလာ ကုန္က် ခဲ့ျပီး အဲဒီ ကုန္က်ေငြဟာ ၂၀၁၂ ခုႏွစ္နဲ႔ တြက္ၾကည့္မယ္ ဆိုရင္ ၇၅မီလီယံ ေဒၚလာေက်ာ္နဲ႔ ညီမွ် ပါတယ္။ ေမးစရာ ရွိတာက အိမ္တစ္လံုး ေဆာက္တာဟာ ဘာလို႔ ၃၈ႏွစ္ေတာင္ ၾကာခဲ့ျပီး ကုန္က်ေငြဟာ ဘာေၾကာင့္ ဒီေလာက္ မ်ားခဲ့ရ တာလဲ ဆိုတာပါပဲ။

The Winchester Mystery House


အိမ္ပိုင္ရွင္ ျဖစ္သူ Sarah နဲ႔သူမ ခင္ပြန္းျဖစ္သူ William Wirt Winchester တို႔ဟာ နာမည္ေက်ာ္ Winchester ရုိင္ဖယ္ေတြ ထုတ္လုပ္တဲ့ Winchester Repeating Arms Company မွာ ၅၀ရာခိုင္ႏႈန္းေသာ ရွယ္ယာေတြ ပိုင္ဆုိင္ ပါတယ္။ ၁၈၈၁ ခုႏွစ္ သူမခင္ပြန္း ဆံုးပါးသြား ျပီး ေနာက္ သူမဟာ ခင္ပြန္း ျဖစ္သူရဲ႕ ပုိင္ဆိုင္မႈ ေတြကို အေမြ ဆက္ခံသူ ျဖစ္လာ ခဲ့ပါတယ္။ သမီးတစ္ေယာက္ ရွိခဲ့ေပ မယ့္လည္း တစ္လသား အ ရြယ္နဲ႔ပဲ ၁၈၆၆ ခုႏွစ္မွာ ဆံုးသြား ျပီးေနာက္ Sarah ဟာစိတ္ဓာတ္ အၾကီးအက်ယ္ က်ဆင္း ခဲ့ပါတယ္။ ေယာက္်ား ျဖစ္သူ ေသဆံုးျပီး ေနာက္ မွာေတာ့ ၀မ္းနည္းမႈ ေတြကို ပရေလာက သားေတြနဲ႔ ဆက္သြယ္ ဖလွယ္ရင္း ပရေလာကသား ေတြက သူမခင္ပြန္းဟာ သူတို႔နဲ႔ အတူ ရွိေနျပီး သူမခင္ပြန္း ျဖစ္သူ ၀ိညာဥ္က သူ႔ရဲ႕ ေသဆံုးမႈဟာ သူမတို႔ရဲ႕ ကုမၸဏီက ထုတ္တဲ့ Winchester ရုိင္ဖယ္ေတြ လက္ခ်က္နဲ႔ အသက္ေပ်ာက္ ခဲ့ရတဲ့ သူေတြရဲ႕ ၀ိညာဥ္ ေတြေၾကာင့္ ျဖစ္လာတဲ့ က်ိန္စာနဲ႔ သက္ဆိုင္ျပီး သူမရဲ႕ အသက္ ဟာလည္း ဒီက်ိန္စာေၾကာင့္ အႏၱရာယ္ ရွိမွာမို႔ အေနာက္ဘက္ကို ေျပာင္းေရႊ႕ျပီး ၀ိညာဥ္ ေတြအတြက္ အိမ္တစ္လံုး ေဆာက္ေပးဖို႔ ေစခိုင္းခဲ့ ပါတယ္။

Sarah Winchester

အဲဒီလိုနဲ႔ Sarah ဟာမူလ ေနထုိင္ရာ New Haven ျမိဳ႕ကေန San Jose ျမိဳ႕ကို ေျပာင္းေရႊ႕ ျပီးေနာက္ဒီ The Winchester Mystery House ကို၁၈၈၃ ခုႏွစ္မွာ စတင္ေဆာက္ ခဲ့ပါတယ္။ ေဆာက္လုပ္တဲ့ ေနရာမွာလည္း စည္းကမ္း တစ္ခု ရွိပါတယ္။ အကယ္၍ သူမဟာ ဒီအိမ္ေဆာက္ လုပ္မႈကို ရပ္လိုက္တာနဲ႔ က်ိန္စာအရ သူမဟာ ေသဆံုးရမွာ ျဖစ္ပါတယ္တဲ့။ ၀ိညာဥ္ေတြရဲ႕ ခိုင္းေစမႈ အတိုင္း ဒီအိမ္ကို အစဥ္မျပတ္ ေဆာက္ လုပ္ခဲ့ျပီး သူမေယာက္်ား ၀ိညာဥ္ နဲ႔တကြ ပရေလာက သားေတြနဲ႔ ဆက္သြယ္မႈ ေတြကို ဆက္လက္ ျပဳလုပ္ခဲ့ ပါတယ္။ သူမအိမ္မွာ ေခါင္း ေလာင္းစင္ တစ္ခု ထားရွိျပီး ပရေလာကသား ေတြကို ေခါင္းေလာင္းတီး ေခၚေဆာင္ကာ ဆက္သြယ္ျပီး ေခါင္းေလာင္း တီးျပီး ျပန္လႊတ္ ပါတယ္ တဲ့။ တစ္ခ်ိဳ႕ ေျပာၾကတာ ကေတာ့ အိမ္ရဲ႕ အလယ္ခ်က္မွာ ၀ိညာဥ္ ေတြနဲ႔ ဆက္သြယ္တဲ့ အခန္း တစ္ခုရွိျပီး သူမတစ္ဦး တည္းသာ ၀င္ေလ့ ရွိပါတယ္တဲ့။

The bell

ဒီေနရာမွာ တစ္မ်ိဳး ထင္စရာ တစ္ခု ရွိတာက Sarah ရဲ႕စိတ္ က်န္းမာေရး အေျခအေန ပါပဲ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ အိမ္ရဲ႕ အခန္း ဖြဲ႔စည္း ပံုေတြ၊ တံခါးေတြ၊ေလွကားေတြ အစရွိတဲ့ အိမ္ပံုစံ ေတြဟာ ပံုမွန္ထက္ ထူးျခားေန လို႔ပါပဲ။ ျပတင္းေပါက္ အဆံုးရွိတဲ့ တံခါးေတြ၊ နံရံကပ္ လ်က္ တံခါးေတြ၊ ႏွစ္ထပ္ ျဖစ္ေနတဲ့ အမိုး တံခါးေတြ၊ အ၀ိုင္း တစ္ခု ပတ္ရသလို ဆက္ေနတဲ့ ေလွ်ာက္လမ္းေတြ၊ ေလွကား ၁၃ထစ္နဲ႔ အဆံုးမ ရွိတဲ့ ေလွကားေတြ စတဲ့ ထူးထူးျခားျခား ဖြဲ႔စည္းပံုေတြ အျပည့္ ရွိေနပါတယ္။ အိမ္ပုိင္ရွင္ Sarah ေျပာခဲ့တဲ့ စကားကေတာ့ ဒီထူးထူးဆန္းဆန္း ျပဳလုပ္ထား တာေတြဟာ Winchester ရုိင္ဖယ္ေၾကာင့္ ေသခဲ့တဲ့ ၀ိညာဥ္ဆိုး ေတြလာရင္ မ်က္စိလည္ လမ္းမွား ေအာင္ပါတဲ့။ ဒါေပမယ့္ ဘယ္ လိုပဲ ေျပာေျပာ သူမရဲ႕ အိမ္ဟာ နံပါတ္၁၃နဲ႔ ေတာ္ေတာ္ တိုက္ဆိုင္ ပါတယ္။ ၁၃ထစ္နဲ႔ ေလွကားေတြ၊ ျပတင္းေပါက္ ၁၃ခုရွိတဲ့ ၁၃ခုေၿမာက္ ေသာ ေရခ်ိဳးခန္း၊ ၁၃ခုေသာ ေရဆင္းေပါက္နဲ႔ ေဘစင္၊ ၁၃ခုေသာ မွန္အပိုင္း ေတြနဲ႔ ျပတင္းေပါက္ အေျမာက္အျမား၊ သူမရဲ႕ ဖန္လံုအိမ္ က ၁၃ခုေသာ ထပ္ခိုး အေသးစားေတြ၊ မွန္၁၃ခုနဲ႔ နံရံေတြ စတာေတြဟာ ဘယ္လို အေၾကာင္းနဲ႔ သူမ ၁၃ခုစီ တည္ေဆာက္ ေစခဲ့သလဲ ဆိုတာ ခုထိ အေျဖ မရွိေသးပါဘူး။

Stairs of Door to Nowhere

သရဲေျခာက္တဲ့ အျဖစ္အပ်က္ ေတြကေတာ့ ထင္ထင္ရွားရွား အေနနဲ႔ သူ႔အလိုလို လွန္ေနတဲ့ စာရြက္ေတြ၊ သူ႔အလိုလို အသံေတြထြက္ ေနတဲ့ ေအာ္ဂန္ေတြ၊ တံခါးေဆာင့္ ပိတ္သံေတြ၊ စကားေျပာ သံေတြ၊ ေတာင္ေျမာက္ ထိုးေနတဲ့ အလင္းေရာင္ေတြ၊ ေအးစက္စက္ ေနရာေတြ၊ မီးခိုး လိုလို လူပံုစံေတြ စတာေတြပဲ ျဖစ္ပါတယ္။ ခုထိလည္း အဲဒီ The Winchester Mystery House ဟာတကယ္ပဲ သရဲ ေျခာက္သည္ ၿဖစ္ေစ၊ မေျခာက္သည္ ျဖစ္ေစ အနည္းဆံုးေတာ့ ကမာၻလွည့္ ခရီးသည္မ်ားကို အဆြဲေဆာင္ ႏုိင္ဆံုး ေနရာထဲက တစ္ခု ျဖစ္ေနတာေတာ့ အေသအခ်ာ ပဲ ျဖစ္ပါတယ္။ သရဲေျခာက္တဲ့ အိမ္ေတြ ဆိုရင္ အမ်ားက ေၾကာက္ၾကပါတယ္။ ထိေရာက္တဲ့ နည္းလမ္းနဲ႔ အသံုးခ်ဖို႔ မေတြးမိ ၾကပါဘူး။ အခုမွာ ေတာ့ အဲဒီ Winchester House လိုလည္ပတ္ဖို႔ ေနရာတစ္ခု အျဖစ္ သတ္မွတ္ လိုက္တာဟာ အမ်ား ေၾကာက္စရာ ေနရာကေန ေဒသႏၱရ ဗဟုသုတ ရွာလို႔ရတဲ့ ေနရာအျဖစ္ ေျပာင္းသြား တာဟာ သတိျပဳ အတုယူဖြယ္ ေကာင္းတဲ့ ကိစၥတစ္ခု ပါလို႔ တင္ျပရင္း နိဂံုးခ်ဳပ္ အပ္ပါတယ္ဗ်ာ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mymc

#Unicode Version
၃၈နှစ်ကြာအောင် တည်ဆောက်ခဲ့ရတဲ့ “The Winchester Mystery House” America မှာထင်ရှားတဲ့ သရဲခြောက်တဲ့ အိမ် တစ်ခုဖြစ်ပြီး နေ့စဉ် လာရောက် လည်ပတ်သူ တွေနဲ့ စည်ကား နေတဲ့ နေရာ တစ်ခုပါ။

ပရလောကကို စိတ်ဝင်စား သူတွေ အနေနဲ့ သရဲခြောက် တဲ့နေရာ တွေကို လေ့လာတဲ့ နေရာမှာ သရဲခြောက်တဲ့ နေအိမ် တွေဟာ မရှိမဖြစ် လေ့ လာစရာ နေရာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် နောက်ခံ ဇာတ်အိမ် ကောင်းကောင်းရှိတဲ့ နေအိမ် တွေဆိုရင် သည်းခြေခိုက်လောက် အောင်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အခုမှာတော့ သရဲခြောက်တဲ့ နေအိမ်တွေ အများကြီး ရှိတဲ့ အထဲက America က The Winchester Mystery House အကြောင်း ပြောပြ ပါရစေ။

The Winchester Mystery House

ဒီရှေးကျတဲ့ သမိုင်းဝင် နေအိမ်ဟာ San Jose မြို့ California ပြည်နယ်မှာ တည်ရှိ ပါတယ်။ ၁၈၈၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ ပြီး အိမ်ပိုင်ရှင် ဖြစ်သူ Sarah Winchester နှလုံးရောဂါနဲ့ အိပ်ရာထက်မှာ သေဆုံး ခဲ့တဲ့နေ့ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့မှာ အိမ် ဆောက် လုပ်တာကို ရပ်တန့် ပစ်ခဲ့ပါတယ်။ အိမ်ဆောက် တာဟာ ၃၈နှစ်တိုင် ကြာခဲ့ပြီး ကုန်ကျငွေ စုစုပေါင်း ၅.၅ မီလီယံ ဒေါ်လာ ကုန်ကျ ခဲ့ပြီး အဲဒီ ကုန်ကျငွေဟာ ၂၀၁၂ ခုနှစ်နဲ့ တွက်ကြည့်မယ် ဆိုရင် ၇၅မီလီယံ ဒေါ်လာကျော်နဲ့ ညီမျှ ပါတယ်။ မေးစရာ ရှိတာက အိမ်တစ်လုံး ဆောက်တာဟာ ဘာလို့ ၃၈နှစ်တောင် ကြာခဲ့ပြီး ကုန်ကျငွေဟာ ဘာကြောင့် ဒီလောက် များခဲ့ရ တာလဲ ဆိုတာပါပဲ။

The Winchester Mystery House

အိမ်ပိုင်ရှင် ဖြစ်သူ Sarah နဲ့သူမ ခင်ပွန်းဖြစ်သူ William Wirt Winchester တို့ဟာ နာမည်ကျော် Winchester ရိုင်ဖယ်တွေ ထုတ်လုပ်တဲ့ Winchester Repeating Arms Company မှာ ၅၀ရာခိုင်နှုန်းသော ရှယ်ယာတွေ ပိုင်ဆိုင် ပါတယ်။ ၁၈၈၁ ခုနှစ် သူမခင်ပွန်း ဆုံးပါးသွား ပြီး နောက် သူမဟာ ခင်ပွန်း ဖြစ်သူရဲ့ ပိုင်ဆိုင်မှု တွေကို အမွေ ဆက်ခံသူ ဖြစ်လာ ခဲ့ပါတယ်။ သမီးတစ်ယောက် ရှိခဲ့ပေ မယ့်လည်း တစ်လသား အ ရွယ်နဲ့ပဲ ၁၈၆၆ ခုနှစ်မှာ ဆုံးသွား ပြီးနောက် Sarah ဟာစိတ်ဓာတ် အကြီးအကျယ် ကျဆင်း ခဲ့ပါတယ်။ ယောက်ျား ဖြစ်သူ သေဆုံးပြီး နောက် မှာတော့ ဝမ်းနည်းမှု တွေကို ပရလောက သားတွေနဲ့ ဆက်သွယ် ဖလှယ်ရင်း ပရလောကသား တွေက သူမခင်ပွန်းဟာ သူတို့နဲ့ အတူ ရှိနေပြီး သူမခင်ပွန်း ဖြစ်သူ ဝိညာဉ်က သူ့ရဲ့ သေဆုံးမှုဟာ သူမတို့ရဲ့ ကုမ္ပဏီက ထုတ်တဲ့ Winchester ရိုင်ဖယ်တွေ လက်ချက်နဲ့ အသက်ပျောက် ခဲ့ရတဲ့ သူတွေရဲ့ ဝိညာဉ် တွေကြောင့် ဖြစ်လာတဲ့ ကျိန်စာနဲ့ သက်ဆိုင်ပြီး သူမရဲ့ အသက် ဟာလည်း ဒီကျိန်စာကြောင့် အန္တရာယ် ရှိမှာမို့ အနောက်ဘက်ကို ပြောင်းရွှေ့ပြီး ဝိညာဉ် တွေအတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ စေခိုင်းခဲ့ ပါတယ်။

Sarah Winchester

အဲဒီလိုနဲ့ Sarah ဟာမူလ နေထိုင်ရာ New Haven မြို့ကနေ San Jose မြို့ကို ပြောင်းရွှေ့ ပြီးနောက်ဒီ The Winchester Mystery House ကို၁၈၈၃ ခုနှစ်မှာ စတင်ဆောက် ခဲ့ပါတယ်။ ဆောက်လုပ်တဲ့ နေရာမှာလည်း စည်းကမ်း တစ်ခု ရှိပါတယ်။ အကယ်၍ သူမဟာ ဒီအိမ်ဆောက် လုပ်မှုကို ရပ်လိုက်တာနဲ့ ကျိန်စာအရ သူမဟာ သေဆုံးရမှာ ဖြစ်ပါတယ်တဲ့။ ဝိညာဉ်တွေရဲ့ ခိုင်းစေမှု အတိုင်း ဒီအိမ်ကို အစဉ်မပြတ် ဆောက် လုပ်ခဲ့ပြီး သူမယောက်ျား ဝိညာဉ် နဲ့တကွ ပရလောက သားတွေနဲ့ ဆက်သွယ်မှု တွေကို ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။ သူမအိမ်မှာ ခေါင်း လောင်းစင် တစ်ခု ထားရှိပြီး ပရလောကသား တွေကို ခေါင်းလောင်းတီး ခေါ်ဆောင်ကာ ဆက်သွယ်ပြီး ခေါင်းလောင်း တီးပြီး ပြန်လွှတ် ပါတယ် တဲ့။ တစ်ချို့ ပြောကြတာ ကတော့ အိမ်ရဲ့ အလယ်ချက်မှာ ဝိညာဉ် တွေနဲ့ ဆက်သွယ်တဲ့ အခန်း တစ်ခုရှိပြီး သူမတစ်ဦး တည်းသာ ဝင်လေ့ ရှိပါတယ်တဲ့။

The bell

ဒီနေရာမှာ တစ်မျိုး ထင်စရာ တစ်ခု ရှိတာက Sarah ရဲ့စိတ် ကျန်းမာရေး အခြေအနေ ပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်ရဲ့ အခန်း ဖွဲ့စည်း ပုံတွေ၊ တံခါးတွေ၊လှေကားတွေ အစရှိတဲ့ အိမ်ပုံစံ တွေဟာ ပုံမှန်ထက် ထူးခြားနေ လို့ပါပဲ။ ပြတင်းပေါက် အဆုံးရှိတဲ့ တံခါးတွေ၊ နံရံကပ် လျက် တံခါးတွေ၊ နှစ်ထပ် ဖြစ်နေတဲ့ အမိုး တံခါးတွေ၊ အဝိုင်း တစ်ခု ပတ်ရသလို ဆက်နေတဲ့ လျှောက်လမ်းတွေ၊ လှေကား ၁၃ထစ်နဲ့ အဆုံးမ ရှိတဲ့ လှေကားတွေ စတဲ့ ထူးထူးခြားခြား ဖွဲ့စည်းပုံတွေ အပြည့် ရှိနေပါတယ်။ အိမ်ပိုင်ရှင် Sarah ပြောခဲ့တဲ့ စကားကတော့ ဒီထူးထူးဆန်းဆန်း ပြုလုပ်ထား တာတွေဟာ Winchester ရိုင်ဖယ်ကြောင့် သေခဲ့တဲ့ ဝိညာဉ်ဆိုး တွေလာရင် မျက်စိလည် လမ်းမှား အောင်ပါတဲ့။ ဒါပေမယ့် ဘယ် လိုပဲ ပြောပြော သူမရဲ့ အိမ်ဟာ နံပါတ်၁၃နဲ့ တော်တော် တိုက်ဆိုင် ပါတယ်။ ၁၃ထစ်နဲ့ လှေကားတွေ၊ ပြတင်းပေါက် ၁၃ခုရှိတဲ့ ၁၃ခုမြောက် သော ရေချိုးခန်း၊ ၁၃ခုသော ရေဆင်းပေါက်နဲ့ ဘေစင်၊ ၁၃ခုသော မှန်အပိုင်း တွေနဲ့ ပြတင်းပေါက် အမြောက်အမြား၊ သူမရဲ့ ဖန်လုံအိမ် က ၁၃ခုသော ထပ်ခိုး အသေးစားတွေ၊ မှန်၁၃ခုနဲ့ နံရံတွေ စတာတွေဟာ ဘယ်လို အကြောင်းနဲ့ သူမ ၁၃ခုစီ တည်ဆောက် စေခဲ့သလဲ ဆိုတာ ခုထိ အဖြေ မရှိသေးပါဘူး။

Stairs of Door to Nowhere

သရဲခြောက်တဲ့ အဖြစ်အပျက် တွေကတော့ ထင်ထင်ရှားရှား အနေနဲ့ သူ့အလိုလို လှန်နေတဲ့ စာရွက်တွေ၊ သူ့အလိုလို အသံတွေထွက် နေတဲ့ အော်ဂန်တွေ၊ တံခါးဆောင့် ပိတ်သံတွေ၊ စကားပြော သံတွေ၊ တောင်မြောက် ထိုးနေတဲ့ အလင်းရောင်တွေ၊ အေးစက်စက် နေရာတွေ၊ မီးခိုး လိုလို လူပုံစံတွေ စတာတွေပဲ ဖြစ်ပါတယ်။ ခုထိလည်း အဲဒီ The Winchester Mystery House ဟာတကယ်ပဲ သရဲ ခြောက်သည် ဖြစ်စေ၊ မခြောက်သည် ဖြစ်စေ အနည်းဆုံးတော့ ကမ္ဘာလှည့် ခရီးသည်များကို အဆွဲဆောင် နိုင်ဆုံး နေရာထဲက တစ်ခု ဖြစ်နေတာတော့ အသေအချာ ပဲ ဖြစ်ပါတယ်။ သရဲခြောက်တဲ့ အိမ်တွေ ဆိုရင် အများက ကြောက်ကြပါတယ်။ ထိရောက်တဲ့ နည်းလမ်းနဲ့ အသုံးချဖို့ မတွေးမိ ကြပါဘူး။ အခုမှာ တော့ အဲဒီ Winchester House လိုလည်ပတ်ဖို့ နေရာတစ်ခု အဖြစ် သတ်မှတ် လိုက်တာဟာ အများ ကြောက်စရာ နေရာကနေ ဒေသန္တရ ဗဟုသုတ ရှာလို့ရတဲ့ နေရာအဖြစ် ပြောင်းသွား တာဟာ သတိပြု အတုယူဖွယ် ကောင်းတဲ့ ကိစ္စတစ်ခု ပါလို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။


ဖိုးသူတော် (www.phothutaw.com)
Credit:mymc
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top