Kantharyar Centre
×

 ဇီကာေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို တစ္ကမာၻလံုးဆိုင္ရာ က်န္းမာေရး ျပႆနာႀကီး တစ္ခုအျဖစ္ သတ္မွတ္ထားရာမွ ျပန္လည္ ႐ုပ္သိမ္းလုိက္ေၾကာင္း ကမာၻ႕က်န္းမာေရး အဖဲြ႕ႀကီး (WHO)က ေၾကညာခဲ့သည္။

ဘရာဇီးတြင္ စတင္ကူးစက္ပ်ံ႕ႏွံ႔လာၿပီး ႏုိင္ငံတကာကို ၿခိမ္းေျခာက္ခဲ့သည့္ ဇီကာ အဖ်ားေရာဂါကို ကမာၻ႕က်န္းမာေရး ျပႆနာ တစ္ရပ္အျဖစ္ ၉ လတာ သတ္မွတ္ ေၾကညာထားခဲ့ၿပီး ယခုအခါ အလြန္စိုးရိမ္ရသည့္ အဆင့္တြင္ မရွိေတာ့ဟု WHOက ေျပာၾကားခဲ့သည္။

ဇီကာဗိုင္းရပ္စ္သည္ ျခင္ကိုက္ခံရမႈမွ အဓိက ကူးစက္ေလ့ရွိၿပီး သာမန္အဖ်ားမ်ိဳးသာ ျဖစ္တတ္ေသာ္လည္း ကိုယ္ဝန္ေဆာင္မ်ား ကူးစက္ခံရပါက သေႏၶသားကို ထိခိုက္မႈမ်ား ရွိႏုိင္သည္။ အဆိုပါ ဗိုင္းရပ္စ္ႏွင့္ ဆက္စပ္ၿပီး ႏုိင္ငံေပါင္း ၃၀ ခန္႔တြင္ ေမြးရာပါ ဦးေခါင္းေသးသည့္ ကေလးငယ္မ်ား ေမြးဖြားခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။

ဇီကာဗိုင္းရပ္စ္သည္ ကိုယ္ဝန္ေဆာင္ တစ္ဦးထံ ကူးစက္ခဲ့ပါက ကေလးငယ္တြင္ Microcephalyေခၚ ဦးေခါင္းေသးငယ္ေနသည့္ ေမြးရာပါ ခၽြတ္ယြင္းခ်က္မ်ိဳး ပါရွိလာႏုိင္ေျခရွိေၾကာင္း သိရသည္။ WHOက ဘရာဇီး တစ္ႏုိင္ငံတည္းတြင္ ဇီကာႏွင့္ ဆက္စပ္သည့္ ေမြးရာပါ ဦးေခါင္းေသးေသာ ကေလးေပါင္း ၂၁၀၀ ခန္႔ ေမြးဖြားခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

ဇီကာဗိုင္းရပ္စ္သည္ ျခင္ကိုက္ျခင္းေၾကာင့္ အဓိက ကူးစက္ႏုိင္ေသာ္လည္း လိင္ဆက္ဆံသည့္ အေျခအေနတြင္လည္း ကူးစက္မႈ ရွိတတ္ေၾကာင္း ဆိုသည္။ သာမန္အားျဖင့္ ဇီကာအဖ်ားေၾကာင့္ ကိုယ္ပူတက္ျခင္း၊ အဆစ္အျမစ္နာက်င္ျခင္း၊ အဖုအပိန္႔ထျခင္းမ်ား ျဖစ္တတ္သည္။

WHO၏ အေရးေပၚ အေျခအေန သတ္မွတ္ေၾကညာေရး ေကာ္မတီမွ ေဒါက္တာ ေဒးဗစ္ေဟးမန္းက “ဇီကာအတြက္ အေရးေပၚ အေျခအေန သတ္မွတ္ခ်က္ကို ႐ုပ္သိမ္းလုိက္ပါၿပီ။ ဒါေပမဲ့ အေရးႀကီးၿပီး သတိထားရမယ့္ အေျခအေန အျဖစ္ေတာ့ ဆက္ေစာင့္ၾကည့္ေနရပါမယ္”ဟု ေျပာၾကားခဲ့သည္။

ဇီကာေရာဂါအတြက္ တိက်သည့္ ေဆးဝါးမ်ိဳး မရွိေသးေခ်။ အဆိုပါဗိုင္းရပ္စ္ကို ၁၉၄၀ ျပည့္လြန္ႏွစ္မ်ား ကတည္းက ေတြ႕ရွိခဲ့ေသာ္လည္း Micorcephalyႏွင့္ ဆက္စပ္သည္ကို မေဖာ္ထုတ္ႏုိင္ေသးမီက လူ႔က်န္းမာေရးအတြက္ ၿခိမ္းေျခာက္မႈ တစ္ခုအေနျဖင့္ သတ္မွတ္ခဲ့ျခင္း မရွိေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
 ဇီကာရောဂါ ကူးစက်ပျံ့နှံ့မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီး တစ်ခုအဖြစ် သတ်မှတ်ထားရာမှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့သည်။

ဘရာဇီးတွင် စတင်ကူးစက်ပျံ့နှံ့လာပြီး နိုင်ငံတကာကို ခြိမ်းခြောက်ခဲ့သည့် ဇီကာ အဖျားရောဂါကို ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ၉ လတာ သတ်မှတ် ကြေညာထားခဲ့ပြီး ယခုအခါ အလွန်စိုးရိမ်ရသည့် အဆင့်တွင် မရှိတော့ဟု WHOက ပြောကြားခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် ခြင်ကိုက်ခံရမှုမှ အဓိက ကူးစက်လေ့ရှိပြီး သာမန်အဖျားမျိုးသာ ဖြစ်တတ်သော်လည်း ကိုယ်ဝန်ဆောင်များ ကူးစက်ခံရပါက သန္ဓေသားကို ထိခိုက်မှုများ ရှိနိုင်သည်။ အဆိုပါ ဗိုင်းရပ်စ်နှင့် ဆက်စပ်ပြီး နိုင်ငံပေါင်း ၃၀ ခန့်တွင် မွေးရာပါ ဦးခေါင်းသေးသည့် ကလေးငယ်များ မွေးဖွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင် တစ်ဦးထံ ကူးစက်ခဲ့ပါက ကလေးငယ်တွင် Microcephalyခေါ် ဦးခေါင်းသေးငယ်နေသည့် မွေးရာပါ ချွတ်ယွင်းချက်မျိုး ပါရှိလာနိုင်ခြေရှိကြောင်း သိရသည်။ WHOက ဘရာဇီး တစ်နိုင်ငံတည်းတွင် ဇီကာနှင့် ဆက်စပ်သည့် မွေးရာပါ ဦးခေါင်းသေးသော ကလေးပေါင်း ၂၁၀၀ ခန့် မွေးဖွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် ခြင်ကိုက်ခြင်းကြောင့် အဓိက ကူးစက်နိုင်သော်လည်း လိင်ဆက်ဆံသည့် အခြေအနေတွင်လည်း ကူးစက်မှု ရှိတတ်ကြောင်း ဆိုသည်။ သာမန်အားဖြင့် ဇီကာအဖျားကြောင့် ကိုယ်ပူတက်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ အဖုအပိန့်ထခြင်းများ ဖြစ်တတ်သည်။

WHO၏ အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာရေး ကော်မတီမှ ဒေါက်တာ ဒေးဗစ်ဟေးမန်းက “ဇီကာအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ရုပ်သိမ်းလိုက်ပါပြီ။ ဒါပေမဲ့ အရေးကြီးပြီး သတိထားရမယ့် အခြေအနေ အဖြစ်တော့ ဆက်စောင့်ကြည့်နေရပါမယ်”ဟု ပြောကြားခဲ့သည်။

ဇီကာရောဂါအတွက် တိကျသည့် ဆေးဝါးမျိုး မရှိသေးချေ။ အဆိုပါဗိုင်းရပ်စ်ကို ၁၉၄၀ ပြည့်လွန်နှစ်များ ကတည်းက တွေ့ရှိခဲ့သော်လည်း Micorcephalyနှင့် ဆက်စပ်သည်ကို မဖော်ထုတ်နိုင်သေးမီက လူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှု တစ်ခုအနေဖြင့် သတ်မှတ်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top