Property Expo
×

“The Road to Mandalay - မႏၱေလးသို႔ခရီးစဥ္” ဆိုတဲ့ ဇာတ္ကားကို ႐ိုက္ကူးခဲ့သူ ျမန္မာႏုိင္ငံဖြား ထုိင္၀မ္႐ုပ္ရွင္ဒါ႐ိုက္တာ မီဒီ ဇီး (Midi Z) ဟာ ေသာၾကာေန႔က ျပင္သစ္ႏုိင္ငံမွာက်င္းပခဲ့တဲ့ ၃၆ ႀကိမ္ေျမာက္ Amiens ႏုိင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆံုး ႏုိင္ငံတကာ ႐ုပ္ရွင္ဆု ရရွိခဲ့ပါတယ္။

"The Road to Mandalay" ႐ုပ္ရွင္ဇာတ္ကားဟာ - ျမန္မာႏုိင္ငံ ျပည္တြင္းစစ္ကေန ထြက္ေျပး လာၾကၿပီး ေနာက္ ထုိင္းႏုိင္ငံမွာ ရပ္တည္ႏုိင္ဖို႔ ႀကိဳးစား႐ုန္းကန္ၾကရတဲ့ တရားမ၀င္ ေရႊ႕ေျပာင္းလာသူ ၂ ဦးရဲ႕ ဘ၀ကုိသ႐ုပ္ေဖာ္ထားတဲ့ အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ ဒါ႐ိုက္တာ မီဒီ ဇီး (Midi Z) ႐ိုက္ကူးတဲ့ ေလးကားေျမာက္ ႐ုပ္ရွင္ျဖစ္ၿပီး၊ ထုိင္၀မ္၊ တ႐ုတ္၊ ျမန္မာ၊ ျပင္သစ္နဲ႔ ဂ်ာမနီ တို႔ကေန ဒီ႐ုပ္ရွင္ကားကို ပူးေပါင္း ထုတ္လုပ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ စက္တင္ဘာလတုန္းက ၇၃ ႀကိမ္ေျမာက္ Venice ႏုိင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာလည္း FEDEORA အေကာင္းဆံုး႐ုပ္ရွင္ဇာတ္ကားဆုကို ရရွိခဲ့ပါတယ္။

ေသာၾကာေန႔က ဆုကို လက္ခံရယူၿပီးတဲ့ေနာက္ - ၃၃ ႏွစ္အရြယ္ ဒါ႐ိုက္တာ Midi Z က ထိုင္၀မ္ျပည္သူေတြ အပါအ၀င္ ဒီ႐ုပ္ရွင္ဇာတ္ေၾကာင္းကို အႀကံေပးခဲ့သူ သူ႔အမႀကီးကို ေက်းဇူးတင္စကား ေျပာၾကားသြားခဲ့ပါတယ္။

၁၉၈၂ ခုႏွစ္က ျမန္မာႏုိင္ငံမွာ ေမြးဖြားခဲ့သူ ဒါ႐ိုက္တာ Midi Z ဟာ ထုိင္၀မ္မွာ ႐ုပ္ရွင္ပညာကုိ ေလ့လာသင္ယူ ခဲ့ၿပီး၊ ၂၀၀၆ ခုႏွစ္မွာ ပထမဆုံး ဇာတ္ကားျဖစ္တဲ့ “Paloma Blanca” နဲ႔ ဘဲြ႔ရခဲ့တာ ျဖစ္ပါတယ္။ သူ႐ုိက္ကူးတဲ့ “Return to Burma” ျမန္မာျပည္သုိ႔အျပန္္ ဇတ္ကားဟာလည္း ေတာင္ကုိရီးယား ႏုိင္ငံက Busan ႏုိင္ငံတကာ ႐ုပ္ရွင္ပဲြေတာ္ရဲ႕ New Currents က႑မွာ ေရြးခ်ယ္ခံခဲ့ရဖူးပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)

#Unicode Version
“The Road to Mandalay - မန္တလေးသို့ခရီးစဉ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့သူ မြန်မာနိုင်ငံဖွား ထိုင်ဝမ်ရုပ်ရှင်ဒါရိုက်တာ မီဒီ ဇီး (Midi Z) ဟာ သောကြာနေ့က ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် Amiens နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

"The Road to Mandalay" ရုပ်ရှင်ဇာတ်ကားဟာ - မြန်မာနိုင်ငံ ပြည်တွင်းစစ်ကနေ ထွက်ပြေး လာကြပြီး နောက် ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်ကြရတဲ့ တရားမဝင် ရွှေ့ပြောင်းလာသူ ၂ ဦးရဲ့ ဘဝကိုသရုပ်ဖော်ထားတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒါရိုက်တာ မီဒီ ဇီး (Midi Z) ရိုက်ကူးတဲ့ လေးကားမြောက် ရုပ်ရှင်ဖြစ်ပြီး၊ ထိုင်ဝမ်၊ တရုတ်၊ မြန်မာ၊ ပြင်သစ်နဲ့ ဂျာမနီ တို့ကနေ ဒီရုပ်ရှင်ကားကို ပူးပေါင်း ထုတ်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ စက်တင်ဘာလတုန်းက ၇၃ ကြိမ်မြောက် Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း FEDEORA အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။

သောကြာနေ့က ဆုကို လက်ခံရယူပြီးတဲ့နောက် - ၃၃ နှစ်အရွယ် ဒါရိုက်တာ Midi Z က ထိုင်ဝမ်ပြည်သူတွေ အပါအဝင် ဒီရုပ်ရှင်ဇာတ်ကြောင်းကို အကြံပေးခဲ့သူ သူ့အမကြီးကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သူ ဒါရိုက်တာ Midi Z ဟာ ထိုင်ဝမ်မှာ ရုပ်ရှင်ပညာကို လေ့လာသင်ယူ ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှာ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ “Paloma Blanca” နဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ “Return to Burma” မြန်မာပြည်သို့အပြန် ဇတ်ကားဟာလည်း တောင်ကိုရီးယား နိုင်ငံက Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ New Currents ကဏ္ဍမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top