Kantharyar Centre
×

၁၉၇၃ ခုႏွစ္က ျပသခဲ့တဲ့ The Exorcist ဇာတ္ကားထဲမွာ သရဲဝင္ပူးခံထားရတဲ့ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးရဲ႕ ေခါင္းဟာ တစ္ပတ္ျပည့္ေအာင္ လွည့္ေနခဲ့တဲ့ျပကြက္အပါအဝင္ ေၾကာက္မက္ဖြယ္ အခန္းေတြ ျပည့္ေနခဲ့ပါတယ္။

အဲဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ကို အေျခခံထားတယ္လုိ႔ ဆုိပါတယ္။

အေမရိကန္မွာ ၁၉၇၉ ခုႏွစ္က ႐ိုလန္ဒိုဆုိတဲ့ အသက္ ၁၃ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယက္ကို ဘုန္းေတာ္ႀကီးေတြက သရဲႏွင္ေပးခဲ့ရဖူးပါတယ္။


မာရီလန္းမွာေနထိုင္တဲ့ ယင္းေကာင္ေလးကို သရဲဝင္ပူးေနခ်ိန္မွာ အိပ္ရာတစ္ခုလံုး တုန္ခါေနျခင္း၊ ပစၥည္းေတြ မုိးေပၚပ်ံျခင္း၊ အသံနက္ႀကီးနဲ႔ စကားေျပာျခင္း စတာေတြ ျဖစ္ခဲ့တယ္လို႔ ဆုိပါတယ္။

"ဘုရားစာ မရြတ္ခင္မွာ ပါလာတဲ့ ေရမန္းပုလင္းကို ဗီဒိုေပၚတင္လိုက္တယ္။ အိပ္ရာေရွ႕မွာ ဒူးေထာက္လုိက္ခ်ိန္မွာ ပုလင္းက ေခါင္းေပၚက ပ်ံသြားၿပီး နံရံကို ႐ိုက္ၿပီးကြဲသြားတယ္။ အဲဒီမွာတင္ ဒါ သရဲဝင္ပူးတာလို႔ ပိုေသခ်ာသြားတယ္" လို႔ သရဲႏွင္ေပးခဲ့ရတဲ့ ဘုန္းေတာ္ႀကီးေတြထဲက တစ္ဦးျဖစ္တဲ့ ေဝၚတာေဟာ္လိုရန္က ေျပာခဲ့ပါတယ္။

ယင္းသရဲႏွင္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း အဆိုပါ ကက္သလစ္ဘုရားေက်ာင္းကို သရဲႏွင္ေပးဖို႔ ေတာင္းဆုိမႈေတြဟာ ႏွစ္စဥ္ ေထာင္နဲ႔ခ်ီရွိခဲ့တယ္လို႔ ဆုိပါတယ္။

အဲဒီေတာ့ ႐ုပ္ရွင္ေတြထဲမွာ ၾကည့္ေနရတဲ့ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ သရဲဝင္ပူးတဲ့ျဖစ္ရပ္ေတြဟာ တကယ္ပဲ အျပင္မွာ ျဖစ္ခဲ့၊ ျဖစ္ေနဆဲလားဆုိတာ ေတြးစရာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

၁၉၇၃ ခုနှစ်က ပြသခဲ့တဲ့ The Exorcist ဇာတ်ကားထဲမှာ သရဲဝင်ပူးခံထားရတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ခေါင်းဟာ တစ်ပတ်ပြည့်အောင် လှည့်နေခဲ့တဲ့ပြကွက်အပါအဝင် ကြောက်မက်ဖွယ် အခန်းတွေ ပြည့်နေခဲ့ပါတယ်။

အဲဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ၁၉၇၉ ခုနှစ်က ရိုလန်ဒိုဆိုတဲ့ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယေက်ကို ဘုန်းတော်ကြီးတွေက သရဲနှင်ပေးခဲ့ရဖူးပါတယ်။

မာရီလန်းမှာနေထိုင်တဲ့ ယင်းကောင်လေးကို သရဲဝင်ပူးနေချိန်မှာ အိပ်ရာတစ်ခုလုံး တုန်ခါနေခြင်း၊ ပစ္စည်းတွေ မိုးပေါ်ပျံခြင်း၊ အသံနက်ကြီးနဲ့ စကားပြောခြင်း စတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘုရားစာ မရွတ်ခင်မှာ ပါလာတဲ့ ရေမန်းပုလင်းကို ဗီဒိုပေါ်တင်လိုက်တယ်။ အိပ်ရာရှေ့မှာ ဒူးထောက်လိုက်ချိန်မှာ ပုလင်းက ခေါင်းပေါ်က ပျံသွားပြီး နံရံကို ရိုက်ပြီးကွဲသွားတယ်။ အဲဒီမှာတင် ဒါ သရဲဝင်ပူးတာလို့ ပိုသေချာသွားတယ်" လို့ သရဲနှင်ပေးခဲ့ရတဲ့ ဘုန်းတော်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝေါ်တာဟော်လိုရန်က ပြောခဲ့ပါတယ်။

ယင်းသရဲနှင်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဆိုပါ ကက်သလစ်ဘုရားကျောင်းကို သရဲနှင်ပေးဖို့ တောင်းဆိုမှုတွေဟာ နှစ်စဉ် ထောင်နဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတော့ ရုပ်ရှင်တွေထဲမှာ ကြည့်နေရတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲဝင်ပူးတဲ့ဖြစ်ရပ်တွေဟာ တကယ်ပဲ အပြင်မှာ ဖြစ်ခဲ့၊ ဖြစ်နေဆဲလားဆိုတာ တွေးစရာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top