Shwe Zabu River View Condominium Promotion
×

ျဗိတိန္ႏုိင္ငံရဲ႕ ေတာ္ဝင္မင္းသား ဟယ္ရီဟာ အေမရိကန္မင္းသမီး Meghan Markle နဲ႔ တြဲခုတ္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာပါတယ္။ အဲဒီမင္းသမီးဟာ တီဗီဇာတ္လမ္း "Suits" ဇာတ္ကားကေနတစ္ဆင့္ ပရိသတ္ေတြၾကား ေရပန္းစားခဲ့တာျဖစ္ျပီး  ဒီဇာတ္ကားဟာ သူမသရုပ္ေဆာင္ခ်က္ေၾကာင့္သာ လူသိမ်ားခဲ့တာျဖစ္တယ္လို႕လည္း သတင္းအရင္းအျမစ္တစ္ခုက Sunday Express ကို ေျပာျပခဲ့ပါတယ္။

သူတို႔စံုတြဲ အခ်စ္ေရးဘက္တျဖည္းျဖည္း ေျပာင္းလဲေနျပီလုိ႔ အဲဒီသတင္းအရင္းအျမစ္က ဆိုေပမယ့္ နက္ေမွာင္တဲ့ ဆံေကသာပိုင္ရွင္အလွဧကရီကေတာ့ မင္းသားကို အရူးအမူးျဖစ္ေနေၾကာင္းေတာင္ ဖြင့္ဟျပီးျပီလို႕ ေျပာဆိုခဲ့ပါတယ္။ သူတုိ႔ေတြဟာ အခ်င္းခ်င္းေတြ႔ဆုံရတာ ႏွစ္သက္သေဘာက်ျပီး သူတုိ႔ႏွစ္ဦးၾကား ေသခ်ာတဲ့ ရင္းႏွီးမႈရိွေနျပီလုိ႔ ဆိုရပါမယ္။

အစပိုင္းမွာေတာ့ Meghan ေၾကာက္လန္႕သြားမွာ မလုိလားတာေၾကာင့္ အခ်စ္ေရးကို သုိသိုသိပ္သိပ္ ထိန္းထားဖုိ႔ ဟယ္ရီက စိတ္အားထက္သန္ခဲ့ပါတယ္။ သူတို႔အခ်စ္ဇာတ္လမ္း လူအမ်ားသိရင္ ေျပာင္းလဲမႈေတြ ျဖစ္မယ္ဆိုတာ သိေပမယ့္ ၾကာၾကာ လ်ဳိ႕ဝွက္လုိ႔မရဘူးဆိုုတာလည္း သူနားလည္ထားပါတယ္။

သူတုိ႔ႏွစ္ဦးဟာ Suits ရုပ္ရွင္ရုိက္ကူးရာ Toronto သုိ႔ ဟယ္ရီေရာက္ရိွခုိက္ ေတြ႔ဆုံခဲ့ၾကတာလုိ႔ ဆုိပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ရိွျပီျဖစ္တဲ့ အဲဒီမင္းသမီးက ေႏြရာသီအတြင္း လန္ဒန္ခရီးက သူတုိ႕ဓာတ္ပုံေတြ Instagram ေပၚ တင္ခဲ့ပါတယ္။ ဒီအခ်စ္ေရး ေရရွည္ျဖစ္မျဖစ္ဆုိတာ ေျပာဆိုဖုိ႔ အလြန္ေစာေနေသးေၾကာင္း သတင္းအရင္းအျမစ္က ေျပာဆိုခဲ့ေပမယ့္ အေျခအေနေတြ ဘယ္လုိတိုးတက္ေျပာင္းလဲမႈေတြျဖစ္လာမလဲဆုိတာကိုေတာ့ အားလံုးက စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar
Unicode Version

ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသား ဟယ်ရီဟာ အမေရိကန်မင်းသမီး Meghan Markle နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ အဲဒီမင်းသမီးဟာ တီဗီဇာတ်လမ်း "Suits" ဇာတ်ကားကနေတစ်ဆင့် ပရိသတ်တွေကြား ရေပန်းစားခဲ့တာဖြစ်ပြီး  ဒီဇာတ်ကားဟာ သူမသရုပ်ဆောင်ချက်ကြောင့်သာ လူသိများခဲ့တာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တစ်ခုက Sunday Express ကို ပြောပြခဲ့ပါတယ်။

သူတို့စုံတွဲ အချစ်ရေးဘက်တဖြည်းဖြည်း ပြောင်းလဲနေပြီလို့ အဲဒီသတင်းအရင်းအမြစ်က ဆိုပေမယ့် နက်မှောင်တဲ့ ဆံကေသာပိုင်ရှင်အလှဧကရီကတော့ မင်းသားကို အရူးအမူးဖြစ်နေကြောင်းတောင် ဖွင့်ဟပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။ သူတို့တွေဟာ အချင်းချင်းတွေ့ဆုံရတာ နှစ်သက်သဘောကျပြီး သူတို့နှစ်ဦးကြား သေချာတဲ့ ရင်းနှီးမှုရှိနေပြီလို့ ဆိုရပါမယ်။

အစပိုင်းမှာတော့ Meghan ကြောက်လန့်သွားမှာ မလိုလားတာကြောင့် အချစ်ရေးကို သိုသိုသိပ်သိပ် ထိန်းထားဖို့ ဟယ်ရီက စိတ်အားထက်သန်ခဲ့ပါတယ်။ သူတို့အချစ်ဇာတ်လမ်း လူအများသိရင် ပြောင်းလဲမှုတွေ ဖြစ်မယ်ဆိုတာ သိပေမယ့် ကြာကြာ လျို့ဝှက်လို့မရဘူးဆိုုတာလည်း သူနားလည်ထားပါတယ်။

သူတို့နှစ်ဦးဟာ Suits ရုပ်ရှင်ရိုက်ကူးရာ Toronto သို့ ဟယ်ရီရောက်ရှိခိုက် တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီမင်းသမီးက နွေရာသီအတွင်း လန်ဒန်ခရီးက သူတို့ဓာတ်ပုံတွေ Instagram ပေါ် တင်ခဲ့ပါတယ်။ ဒီအချစ်ရေး ရေရှည်ဖြစ်မဖြစ်ဆိုတာ ပြောဆိုဖို့ အလွန်စောနေသေးကြောင်း သတင်းအရင်းအမြစ်က ပြောဆိုခဲ့ပေမယ့် အခြေအနေတွေ ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top