Property Expo
×

တ႐ုတ္ႏုိင္ငံတြင္ ႐ိုက္ကူးေရးတစ္ခု ျပဳလုပ္ေနစဥ္ နာမည္ေက်ာ္ ဂ်ိမ္းစ္ဘြန္းစတန္႔မင္သားသား Steve Truglia ဟာ အျမင့္ေပ 300 ခန္႔ရွိ ရဟတ္ယာဥ္ေပၚကေန ျပဳတ္က် ကြယ္လြန္ခဲ့ပါတယ္။ သူ ေသဆုံးျခင္းအေၾကာင္းကို တ႐ုတ္အာဏာပိုင္ဘက္က အေသးစိတ္ ထုတ္ျပန္ျခင္းေတာ့ မရွိပါဘူး။
Steve ရဲ႕ သူငယ္ခ်င္း ေျပာျပခ်က္အရ စုိး၀ါးလွတဲ့ ရာသီဥတုထဲမွာ ႐ုိက္ကူးခဲ့ရတဲ့ ဇာတ္၀င္ခန္းတစ္ခုထဲမွာ Steve က ပါ၀င္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ မုိးေတြသည္းထန္စြာရြာသြန္းေနတဲ့အတြက္ သူ႕ကို ခ်ည္ထားတဲ့ အသက္ကယ္ႀကိဳးက လုံၿခဳံမႈမရွိေတာ့ဘဲ ယခုလုိ အသက္ေသဆုံးခဲ့ရတာလုိ႔ သိရပါတယ္။ Steve ဟာ ဂ်ိမ္းစ္ဘြန္းမင္းသားရဲ႕ နာမည္ေက်ာ္ Tomorrow Never Dies ဇာတ္ကားထဲမွာ စတန္႔သ႐ုပ္ေဆာင္အျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Steve ဟာ SAS ေခၚ Special Air Service နဲ႔ SBS ေခၚ Special Boat Service မွာ အႏွစ္ 20 တာ၀န္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ၿပီး စြန္႔စားရတာေတြကို ႏွစ္သက္သူ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၾကာသာပေတးေန႔ကပင္လွ်င္ Fake စတန္႔ျပကြက္တစ္ခုကို Facebook မွာ ေနာက္ဆုံး ျပသခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။

လုပ္ေဖာ္ကုိင္ဘက္တစ္ေယာက္ျဖစ္တဲ့ Phil Tunnicliffe က ” ဘယ္လုိ ျဖစ္သြားတယ္ဆုိတာေတာ့ အေၾကာင္းစုံ ေျပာျပလုိ႔ မျဖစ္ပါဘူး … ဒါေပမယ့္ သူက ဒီ ဟယ္လီေကာ္ပတာရဲ႕ အရြယ္အစားကို သေဘာမက်ဘူး … ျမဴေတြႏွင္းေတြ မုိးေရေတြၾကားထဲမွာ တ႐ုတ္စတန္႔သမားနဲ႔အၿပိဳင္ သ႐ုပ္ေဆာင္ခဲ့ရတာပါ … “လုိ႔ ေျပာခဲ့ပါတယ္။

အျခား လုပ္ေဖာ္ကိုင္ဘက္ တစ္ေယာက္ကေတာ့ ” သူက ကၽြန္ေတာ္တုိ႔ အသုံးျပဳတဲ့ Kit ကုိ သေဘာမက်ဘူးဗ် … သူက ေျပာေသးတယ္ … ဒီအတုိင္းဆုိ တစ္ခ်ိဳ႕ႀကိဳးေတြက ေခ်ာ္ႏုိင္တယ္တဲ့ .. သူက သူ႕ကိုယ္ပုိင္ Kit ကုိ သုံးခ်င္တာပါ … က်ေနာ္ထင္တယ္ … သူ သူ သေဘာမက်တဲ့ ပစၥည္းပစၥယေတြကုိ သုံးခဲ့ရလုိ႔ ေပ်ာ္မယ္ မထင္ပါဘူး “လုိ႔ ျပန္လည္ေျပာျပခဲ့ပါတယ္။

Steve ဟာ 2004 ခုႏွစ္မွာ မီတာ 100 အနက္ရွိတဲ့ ေခ်ာက္ကမ္းပါးကုိ 8.9 စကၠန္႔အတြင္း အျမန္ဆုံးဆင္းႏုိင္သူအျဖစ္ Guinness World Record ဆုကို ရရွိခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ Guinness World Record အႏွစ္ငါးဆယ္ျပည့္ အထိန္းအမွတ္ပြဲမွာ လန္ဒန္ရွိ ေပ 400 အျမင့္ရွိတဲ့ Centre Point အေဆာက္ဦမွ အျမန္ဆင္းျပ သ႐ုပ္ေဆာင္ေပးခဲ့ပါေသးတယ္။

တ႐ုတ္ႏုိင္ငံ ႏုိင္ငံျခားေရးရာ႐ုံးကလည္း above Wolong National Nature Reserve မွာ မေတာ္တဆမႈနဲ႔ ေသဆုံးခဲ့တဲ့ Steve ရဲ႕ ၿဗိတိန္မွာ က်န္ရွိခဲ့တဲ့ မိသားစုထံကို ၀မ္းနည္းေၾကာင္းသ၀န္လႊာ ေပးပုိ႔ထားတယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။ Steve ေသဆုံးခ်ိန္မွာ အသက္ 54 ႏွစ္ အရြယ္သာ ရွိပါေသးတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
တရုတ်နိုင်ငံတွင် ရိုက်ကူးရေးတစ်ခု ပြုလုပ်နေစဉ် နာမည်ကျော် ဂျိမ်းစ်ဘွန်းစတန့်မင်သားသား Steve Truglia ဟာ အမြင့်ပေ 300 ခန့်ရှိ ရဟတ်ယာဉ်ပေါ်ကနေ ပြုတ်ကျ ကွယ်လွန်ခဲ့ပါတယ်။ သူ သေဆုံးခြင်းအကြောင်းကို တရုတ်အာဏာပိုင်ဘက်က အသေးစိတ် ထုတ်ပြန်ခြင်းတော့ မရှိပါဘူး။
Steve ရဲ့ သူငယ်ချင်း ပြောပြချက်အရ စိုးဝါးလှတဲ့ ရာသီဥတုထဲမှာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲမှာ Steve က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မိုးတွေသည်းထန်စွာရွာသွန်းနေတဲ့အတွက် သူ့ကို ချည်ထားတဲ့ အသက်ကယ်ကြိုးက လုံခြုံမှုမရှိတော့ဘဲ ယခုလို အသက်သေဆုံးခဲ့ရတာလို့ သိရပါတယ်။ Steve ဟာ ဂျိမ်းစ်ဘွန်းမင်းသားရဲ့ နာမည်ကျော် Tomorrow Never Dies ဇာတ်ကားထဲမှာ စတန့်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။


Steve ဟာ SAS ခေါ် Special Air Service နဲ့ SBS ခေါ် Special Boat Service မှာ အနှစ် 20 တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပြီး စွန့်စားရတာတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကပင်လျှင် Fake စတန့်ပြကွက်တစ်ခုကို Facebook မှာ နောက်ဆုံး ပြသခဲ့သေးတယ်လို့ ဆိုပါတယ်။

လုပ်ဖော်ကိုင်ဘက်တစ်ယောက်ဖြစ်တဲ့ Phil Tunnicliffe က ” ဘယ်လို ဖြစ်သွားတယ်ဆိုတာတော့ အကြောင်းစုံ ပြောပြလို့ မဖြစ်ပါဘူး … ဒါပေမယ့် သူက ဒီ ဟယ်လီကော်ပတာရဲ့ အရွယ်အစားကို သဘောမကျဘူး … မြူတွေနှင်းတွေ မိုးရေတွေကြားထဲမှာ တရုတ်စတန့်သမားနဲ့အပြိုင် သရုပ်ဆောင်ခဲ့ရတာပါ … “လို့ ပြောခဲ့ပါတယ်။

အခြား လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကတော့ ” သူက ကျွန်တော်တို့ အသုံးပြုတဲ့ Kit ကို သဘောမကျဘူးဗျ … သူက ပြောသေးတယ် … ဒီအတိုင်းဆို တစ်ချို့ကြိုးတွေက ချော်နိုင်တယ်တဲ့ .. သူက သူ့ကိုယ်ပိုင် Kit ကို သုံးချင်တာပါ … ကျနော်ထင်တယ် … သူ သူ သဘောမကျတဲ့ ပစ္စည်းပစ္စယတွေကို သုံးခဲ့ရလို့ ပျော်မယ် မထင်ပါဘူး “လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

Steve ဟာ 2004 ခုနှစ်မှာ မီတာ 100 အနက်ရှိတဲ့ ချောက်ကမ်းပါးကို 8.9 စက္ကန့်အတွင်း အမြန်ဆုံးဆင်းနိုင်သူအဖြစ် Guinness World Record ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် Guinness World Record အနှစ်ငါးဆယ်ပြည့် အထိန်းအမှတ်ပွဲမှာ လန်ဒန်ရှိ ပေ 400 အမြင့်ရှိတဲ့ Centre Point အဆောက်ဦမှ အမြန်ဆင်းပြ သရုပ်ဆောင်ပေးခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးရာရုံးကလည်း above Wolong National Nature Reserve မှာ မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ Steve ရဲ့ ဗြိတိန်မှာ ကျန်ရှိခဲ့တဲ့ မိသားစုထံကို ဝမ်းနည်းကြောင်းသဝန်လွှာ ပေးပို့ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Steve သေဆုံးချိန်မှာ အသက် 54 နှစ် အရွယ်သာ ရှိပါသေးတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top