Property Expo
×

ဆီလီကြန္ေတာင္ၾကားအေျခစိုက္ တျခားေသာ ပညာရွင္ေတြနည္း တူ အေမရိကန္ေရြးေကာက္ပြဲမွာ ေဒၚနယ္ထရန္႔ အႏိုင္ရခဲ့တာကို ဒက္စ္ေတာရစ္ခ္ဘာတန္လည္း မေပ်ာ္ပိုက္ႏုိင္ပါဘူး။ သူက တျခားသူ အမ်ားစုလုပ္ႏုိင္ဖုိ႔ ခက္ခဲတဲ့ လမ္းေၾကာင္းတစ္ခုကေန ဒီအေျခအေနကို တံု႔ျပန္ဖုိ႔ ေရြးခ်ယ္ခဲ့ပါ တယ္။

ၿဗိတိန္ႏုိင္ငံကေန တစ္ဆင့္ အေမရိကန္ကို ကူးေျပာင္းလာတဲ့ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းေန ထိုင္သူတစ္ဦးရဲ႕ သားလည္းျဖစ္တဲ့ ေတာရစ္ခ္ဘာတန္ဟာ အာကာသ စူးစမ္းေလ့လာေရးနည္း ပညာကုမၸဏီႀကီး SpaceX ရဲ႕ ဆက္သြယ္ေရးဌာန အႀကီးအကဲ အျဖစ္ကေန ႏုတ္ထြက္လိုက္ပါ တယ္။ သူဟာ ေဖ့စ္ဘြတ္ခ္နဲ႔ ဂူးဂဲလ္တို႔လို ကုမၸဏီႀကီးေတြမွာ အလုပ္လုပ္ခဲ့ၿပီး ကမ႓ာႀကီးရဲ႕ ဆက္သြယ္ေရးက႑ကို ျမႇင့္တင္ရာမွာ ပါဝင္ကူညီခဲ့သူ တစ္ ေယာက္ပါ။

ေရြးေကာက္ပြဲႀကိဳကာလမွာ တုန္းက ေတာရစ္ခ္ဘာတန္ဟာ ပြင့္လင္းျမင္သာမႈနဲ႔ လိုက္ေလ်ာ ညီေထြ ေနထိုင္မႈေတြကို ေဖာ္ ေဆာင္ဖုိ႔ အေမရိကန္ဟာ ဟီလာရီကလင္တန္ကို သမၼတအျဖစ္ မဲေပးေရြးခ်ယ္သင့္ေၾကာင္း အထင္ႀကီး ေလးစားစရာဘေလာ့ဂ္ တစ္ခုကို ေရးသားခဲ့ပါေသးတယ္။ ဒါေပမဲ့ အမွန္တကယ္ ေရြး ေကာက္ပြဲရလဒ္အရ ထရန္႔ေအာင္ပြဲခံခဲ့တဲ့ အခ်ိန္မွာေတာ့ သူ႔အတြက္ နာက်င္စရာျဖစ္လာ တယ္။

ေနာက္ဆံုးမွာေတာ့ ေတာ ရစ္ခ္ဘာတန္ဟာ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနေတြကို အရင္းစစ္ ေလ့လာဖို႔အတြက္ အေရးအပါဆံုး ဆံုးျဖတ္ခ်က္တစ္ရပ္ကို ခ်မွတ္လုိက္ပါၿပီ။ သူဟာ SpaceXကေန အလုပ္ထြက္ေတာ့မယ္လုိ႔ ေၾကညာခဲ့ပါတယ္။ SpaceX ရဲ႕ ဆက္သြယ္ေရးဌာန အႀကီးအကဲ ရာထူးဟာ သူသိပ္ျမတ္ႏုိးတဲ့ အလုပ္ေနရာတစ္ခုပါ။ ဒါေပမဲ့ အခုေတာ့ ပိုအေရးႀကီးတဲ့ စီမံကိန္း တစ္ခုအတြက္ အခ်ိန္ေပးဖို႔ ေတာရစ္ခ္ဘာတန္က ဆံုးျဖတ္လုိက္ပါတယ္။ သူက ထရန္႔ရဲ႕ ႀကီးျမင့္ လာမႈကို ရင္ဆိုင္တိုက္ခုိက္ဖို႔၊ ၿပီးေတာ့ ဆီလီကြန္ေတာင္ၾကားမွာ အေျခခ်ေနတဲ့ လူနည္းစုကို Glo-balization ေၾကာင့္ ေနာက္က်က်န္ေနတဲ့ ျပင္ပ လူ႔အသိုက္အ ဝန္းနဲ႔ ပိုၿပီး ထဲထဲဝင္ဝင္ ခ်ိတ္ ဆက္ေပးႏုိင္ဖုိ႔ အခ်ိန္ေပးႀကိဳးစား သြားမယ္လုိ႔ ဆိုပါတယ္။

သူ႔ရဲ႕ ပေရာဂ်က္ကို On-wards လုိ႔ နာမည္ေပးထားၿပီး အေမရိကန္ျပည္သူအမ်ားအျပား က ထရန္႔ကို ဘာေၾကာင့္ မဲေပးေရြးခ်ယ္ခဲ့သလဲ ဆိုတာကို နားလည္ သိရွိႏိုင္ဖုိ႔ စနည္းနာမယ့္ ခရီးစဥ္ေတြနဲ႔ အစျပဳမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ နည္းပညာသစ္ေတြက အေမရိကန္ေတြရဲ႕ လူေနမႈဘဝေတြကို ဘယ္လိုဘယ္ပံု ႐ုိက္ခတ္ခဲ့တယ္၊ ဘယ္လို အေျပာင္းအလဲ ေတြကို လိုလားတယ္ဆိုတဲ့ အခ်က္ေတြကိုပါ ဆန္းစစ္ဖို႔ ျဖစ္ပါ တယ္။ရရွိလာတဲ့ အသိအျမင္ ဗဟုသုတေတြကို ေပါင္းစည္းၿပီးတဲ့ အခါ ထရန္႔ကို ဆန္႔က်င္တဲ့ လူမႈအသိုက္အဝန္း လႈပ္ရွားမႈေတြကို ေထာက္ပံ့ေပးႏုိင္ဖုိ႔ ေမွ်ာ္လင့္ထားေၾကာင္း ေတာရစ္ခ္ဘာတန္က CNN ကို ေျပာပါတယ္။

‘‘ကၽြန္ေတာ့္ဘဝရဲ႕ အိပ္မက္လုိ႔ေတာင္ ေျပာႏုိင္တဲ့အလုပ္ကို စြန္႔ခြာဖုိ႔ဆိုတာ အေၾကာင္းရင္း တစ္ခုပဲ ရွိတယ္။ အဲဒါက အိပ္မက္ ဆိုးေတြကို တြန္းလွန္ဖို႔ပဲ။ ဘယ္လို အိပ္မက္ဆိုးမ်ိဳးလဲဆိုေတာ့ ပြင့္လင္းမႈ တျဖည္းျဖည္း ေလ်ာ့က် လာၿပီး အဆံုးသတ္မွာ လံုးဝလမ္းပိတ္သြားမယ့္ ကမၻာေျမမ်ိဳးပဲ’’ လုိ႔ ေတာရစ္ခ္ဘာတန္က CNNနဲ႔ အင္တာဗ်ဴးမွာ မွတ္ခ်က္ေပးပါ တယ္။ ‘‘အေျခခံအက်ဆံုး အ ေျပာင္းအလဲေတြကို အာ႐ံုစိုက္ ဆန္းစစ္မွသာ အႀကီးမားဆံုး ျခားနားမႈေတြကို လုပ္ႏုိင္မယ္လုိ႔ ကၽြန္ ေတာ္ထင္တယ္’’လုိ႔လည္း သူက ဆိုတယ္။

နည္းပညာ အသိုက္အဝန္း က ထရန္႔ကို က်ယ္က်ယ္ေလာင္ ေလာင္ေဝဖန္ေနၿပီး ထရန္႔သမၼတ ျဖစ္လာခ်ိန္မွာ သူ႔ရဲ႕ အျငင္းပြားဖြယ္ မူဝါဒေတြ၊ လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေပၚလာမွာကို စိုးရိမ္ေနၾကတယ္။ အခုဆိုရင္ ကယ္လီဖိုးနီးယား ျပည္နယ္ကို ႏုိင္ငံရဲ႕ တျခားအစိတ္အပိုင္းေတြ ကေန ခြဲထြက္ေနတဲ့ ရပ္တည္မႈ မ်ိဳး ပံုေဖာ္ႏုိင္ဖို႔ နည္းပညာလုပ္ ငန္းရွင္ႀကီးေတြက ႀကိဳးစားေန ပါတယ္။

ေတာရစ္ခ္ဘာတန္ကေတာ့ ဒီအားထုတ္မႈမ်ိဳးကို သူ႔အျမင္မွာ သေဘာမတူႏုိင္ဘူးလုိ႔ ဆိုတယ္။ ‘‘ဒါဆိုရင္ ကၽြန္ေတာ္တုိ႔ရဲ႕ျပႆနာ ေတြကို ေျဖရွင္းရာမေရာက္ေတာ့ ဘူး။ ထြက္ေျပးတဲ့ သေဘာမ်ိဳး ျဖစ္သြားမွာေပါ့’’လုိ႔ သူက ေထာက္ ျပတယ္။ ‘‘ဒီေရြးေကာက္ပြဲဟာ ဆီလီကြန္ေတာင္ၾကား အသိုက္ အဝန္းအေနနဲ႔ တျခား အေမရိကန္ ရဲ႕ေဒသေတြနဲ႔ပတ္သက္လုိ႔ ပိုၿပီးနားလည္ဖို႔၊ ပိုၿပီး ခ်ိတ္ဆက္ဖုိ႔ လိုပါတယ္။ ငွက္ကုလားအုတ္ ေတြလို သဲထဲကို ေခါင္းႏွစ္ထား တာမ်ိဳး မျဖစ္သင့္ဘူး’’လုိ႔လည္း သူက ေဝဖန္ခဲ့တယ္။ ၿပီးေတာ့ သူစတင္တဲ့ ေျခလွမ္းကို တျခားသူ ေတြလည္း လုိက္ပါလာဖုိ႔ ေတာရစ္ခ္ဘာတန္က ေမွ်ာ္လင့္ေနပါ တယ္။

‘‘ဒီလမ္းေၾကာင္းကို တျခားသူေတြ လိုက္မလာဘူးဆိုရင္ ကၽြန္ေတာ္ေတာ့ အံ့ဩမိမွာပဲ’’လို႔ သူက ဝန္ခံတယ္။ ၿပီးေတာ့ ေတာ ရစ္ခ္ဘာတန္က ဆီလီကြန္ေတာင္ ၾကားရဲ႕ ပညာရွင္တခ်ိဳ႕ဟာ သူနဲ႔အတူ ပူးေပါင္း အလုပ္လုပ္ၾက မယ္လုိ႔လည္း ေျပာပါတယ္။ ဘယ္သူဘယ္ဝါေတြ ဆိုတာကိုေတာ့ သူက ထုတ္မေျပာခဲ့ဘူး။

Tesla ရဲ႕ ဥကၠ႒လည္းျဖစ္တဲ့ အီလြန္မတ္စ္ခ္ စတင္ထူေထာင္ ခဲ့တဲ့ SpaceXကို မခ်ိတ္ဆက္ ခင္က ေတာရစ္ခ္ဘာတန္ဟာ ေဖ့စ္ဘြတ္ခ္အမႈေဆာင္ခ်ဳပ္ မက္ ဇူကာဘက္နဲ႔ ဂူးဂဲလ္အမႈေဆာင္ ဥကၠ႒ အဲရစ္ရွမစ္ဒ္တို႔ရဲ႕ မိန္႔ခြန္းေရးသားေပးသူအေနနဲ႔လည္း အ လုပ္လုပ္ခဲ့ဖူးပါတယ္။

ထရန္႔ရဲ႕ ေအာင္ပြဲနဲ႔အတူ အေမရိကန္ တစ္နံတစ္လ်ားက အမ်ိဳးသမီးေတြ၊ လူနည္းစုတိုင္း ရင္းသားအႏြယ္ေတြ၊ ေ႐ႊ႕ေျပာင္းအေျခခ်ေနထုိင္သူေတြရဲ႕ ဘဝလံုၿခံဳမႈေလ်ာ့က်လာသလို ခံစားေန

ရတဲ့ လက္ရွိအခ်ိန္အခါမ်ိဳးမွာ နည္းပညာအမႈေဆာင္ႀကီးေတြ အေနနဲ႔ ဘယ္လုိတံု႔ျပန္သင့္သလဲ လို႔ CNNက ေတာရစ္ခ္ဘာတန္ကို ေမးပါတယ္။

‘‘ဒီနယ္ပယ္ကို ဦးေဆာင္ေနသူအားလံုးဟာ လူေတြရဲ႕ စိုးရိမ္ မႈ၊ ေမးခြန္းထုတ္မႈေတြနဲ႔ ပိုၿပီး နီးနီးကပ္ကပ္ ထိေတြ႕ႏုိင္ဖုိ႔ လိုပါတယ္။ ပါးစပ္ပိတ္ေနတာ၊ ဒါမွမဟုတ္ အသာေလး ေဘးဖယ္ေန တာဟာ တာဝန္ခံမႈကို ေရွာင္လႊဲတဲ့ သေဘာမ်ိဳး ျဖစ္ပါလိမ့္မယ္’’ လုိ႔လည္း သူက ေျပာၾကားသြားပါ တယ္။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဆီလီကွန်တောင်ကြားအခြေစိုက် တခြားသော ပညာရှင်တွေနည်း တူ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရခဲ့တာကို ဒက်စ်တောရစ်ခ်ဘာတန်လည်း မပျော်ပိုက်နိုင်ပါဘူး။ သူက တခြားသူ အများစုလုပ်နိုင်ဖို့ ခက်ခဲတဲ့ လမ်းကြောင်းတစ်ခုကနေ ဒီအခြေအနေကို တုံ့ပြန်ဖို့ ရွေးချယ်ခဲ့ပါ တယ်။

ဗြိတိန်နိုင်ငံကနေ တစ်ဆင့် အမေရိကန်ကို ကူးပြောင်းလာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေ ထိုင်သူတစ်ဦးရဲ့ သားလည်းဖြစ်တဲ့ တောရစ်ခ်ဘာတန်ဟာ အာကာသ စူးစမ်းလေ့လာရေးနည်း ပညာကုမ္ပဏီကြီး SpaceX ရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်လိုက်ပါ တယ်။ သူဟာ ဖေ့စ်ဘွတ်ခ်နဲ့ ဂူးဂဲလ်တို့လို ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့ပြီး ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ရာမှာ ပါဝင်ကူညီခဲ့သူ တစ် ယောက်ပါ။

ရွေးကောက်ပွဲကြိုကာလမှာ တုန်းက တောရစ်ခ်ဘာတန်ဟာ ပွင့်လင်းမြင်သာမှုနဲ့ လိုက်လျော ညီထွေ နေထိုင်မှုတွေကို ဖော် ဆောင်ဖို့ အမေရိကန်ဟာ ဟီလာရီကလင်တန်ကို သမ္မတအဖြစ် မဲပေးရွေးချယ်သင့်ကြောင်း အထင်ကြီး လေးစားစရာဘလော့ဂ် တစ်ခုကို ရေးသားခဲ့ပါသေးတယ်။ ဒါပေမဲ့ အမှန်တကယ် ရွေး ကောက်ပွဲရလဒ်အရ ထရန့်အောင်ပွဲခံခဲ့တဲ့ အချိန်မှာတော့ သူ့အတွက် နာကျင်စရာဖြစ်လာ တယ်။

နောက်ဆုံးမှာတော့ တော ရစ်ခ်ဘာတန်ဟာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို အရင်းစစ် လေ့လာဖို့အတွက် အရေးအပါဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါပြီ။ သူဟာ SpaceXကနေ အလုပ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ SpaceX ရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲ ရာထူးဟာ သူသိပ်မြတ်နိုးတဲ့ အလုပ်နေရာတစ်ခုပါ။ ဒါပေမဲ့ အခုတော့ ပိုအရေးကြီးတဲ့ စီမံကိန်း တစ်ခုအတွက် အချိန်ပေးဖို့ တောရစ်ခ်ဘာတန်က ဆုံးဖြတ်လိုက်ပါတယ်။ သူက ထရန့်ရဲ့ ကြီးမြင့် လာမှုကို ရင်ဆိုင်တိုက်ခိုက်ဖို့၊ ပြီးတော့ ဆီလီကွန်တောင်ကြားမှာ အခြေချနေတဲ့ လူနည်းစုကို Glo-balization ကြောင့် နောက်ကျကျန်နေတဲ့ ပြင်ပ လူ့အသိုက်အ ဝန်းနဲ့ ပိုပြီး ထဲထဲဝင်ဝင် ချိတ် ဆက်ပေးနိုင်ဖို့ အချိန်ပေးကြိုးစား သွားမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပရောဂျက်ကို On-wards လို့ နာမည်ပေးထားပြီး အမေရိကန်ပြည်သူအများအပြား က ထရန့်ကို ဘာကြောင့် မဲပေးရွေးချယ်ခဲ့သလဲ ဆိုတာကို နားလည် သိရှိနိုင်ဖို့ စနည်းနာမယ့် ခရီးစဉ်တွေနဲ့ အစပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ နည်းပညာသစ်တွေက အမေရိကန်တွေရဲ့ လူနေမှုဘဝတွေကို ဘယ်လိုဘယ်ပုံ ရိုက်ခတ်ခဲ့တယ်၊ ဘယ်လို အပြောင်းအလဲ တွေကို လိုလားတယ်ဆိုတဲ့ အချက်တွေကိုပါ ဆန်းစစ်ဖို့ ဖြစ်ပါ တယ်။ရရှိလာတဲ့ အသိအမြင် ဗဟုသုတတွေကို ပေါင်းစည်းပြီးတဲ့ အခါ ထရန့်ကို ဆန့်ကျင်တဲ့ လူမှုအသိုက်အဝန်း လှုပ်ရှားမှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း တောရစ်ခ်ဘာတန်က CNN ကို ပြောပါတယ်။

‘‘ကျွန်တော့်ဘဝရဲ့ အိပ်မက်လို့တောင် ပြောနိုင်တဲ့အလုပ်ကို စွန့်ခွာဖို့ဆိုတာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ အဲဒါက အိပ်မက် ဆိုးတွေကို တွန်းလှန်ဖို့ပဲ။ ဘယ်လို အိပ်မက်ဆိုးမျိုးလဲဆိုတော့ ပွင့်လင်းမှု တဖြည်းဖြည်း လျော့ကျ လာပြီး အဆုံးသတ်မှာ လုံးဝလမ်းပိတ်သွားမယ့် ကမ္ဘာမြေမျိုးပဲ’’ လို့ တောရစ်ခ်ဘာတန်က CNNနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးပါ တယ်။ ‘‘အခြေခံအကျဆုံး အ ပြောင်းအလဲတွေကို အာရုံစိုက် ဆန်းစစ်မှသာ အကြီးမားဆုံး ခြားနားမှုတွေကို လုပ်နိုင်မယ်လို့ ကျွန် တော်ထင်တယ်’’လို့လည်း သူက ဆိုတယ်။

နည်းပညာ အသိုက်အဝန်း က ထရန့်ကို ကျယ်ကျယ်လောင် လောင်ဝေဖန်နေပြီး ထရန့်သမ္မတ ဖြစ်လာချိန်မှာ သူ့ရဲ့ အငြင်းပွားဖွယ် မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာမှာကို စိုးရိမ်နေကြတယ်။ အခုဆိုရင် ကယ်လီဖိုးနီးယား ပြည်နယ်ကို နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေ ကနေ ခွဲထွက်နေတဲ့ ရပ်တည်မှု မျိုး ပုံဖော်နိုင်ဖို့ နည်းပညာလုပ် ငန်းရှင်ကြီးတွေက ကြိုးစားနေ ပါတယ်။

တောရစ်ခ်ဘာတန်ကတော့ ဒီအားထုတ်မှုမျိုးကို သူ့အမြင်မှာ သဘောမတူနိုင်ဘူးလို့ ဆိုတယ်။ ‘‘ဒါဆိုရင် ကျွန်တော်တို့ရဲ့ပြဿနာ တွေကို ဖြေရှင်းရာမရောက်တော့ ဘူး။ ထွက်ပြေးတဲ့ သဘောမျိုး ဖြစ်သွားမှာပေါ့’’လို့ သူက ထောက် ပြတယ်။ ‘‘ဒီရွေးကောက်ပွဲဟာ ဆီလီကွန်တောင်ကြား အသိုက် အဝန်းအနေနဲ့ တခြား အမေရိကန် ရဲ့ဒေသတွေနဲ့ပတ်သက်လို့ ပိုပြီးနားလည်ဖို့၊ ပိုပြီး ချိတ်ဆက်ဖို့ လိုပါတယ်။ ငှက်ကုလားအုတ် တွေလို သဲထဲကို ခေါင်းနှစ်ထား တာမျိုး မဖြစ်သင့်ဘူး’’လို့လည်း သူက ဝေဖန်ခဲ့တယ်။ ပြီးတော့ သူစတင်တဲ့ ခြေလှမ်းကို တခြားသူ တွေလည်း လိုက်ပါလာဖို့ တောရစ်ခ်ဘာတန်က မျှော်လင့်နေပါ တယ်။

‘‘ဒီလမ်းကြောင်းကို တခြားသူတွေ လိုက်မလာဘူးဆိုရင် ကျွန်တော်တော့ အံ့ဩမိမှာပဲ’’လို့ သူက ဝန်ခံတယ်။ ပြီးတော့ တော ရစ်ခ်ဘာတန်က ဆီလီကွန်တောင် ကြားရဲ့ ပညာရှင်တချို့ဟာ သူနဲ့အတူ ပူးပေါင်း အလုပ်လုပ်ကြ မယ်လို့လည်း ပြောပါတယ်။ ဘယ်သူဘယ်ဝါတွေ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ဘူး။

Tesla ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အီလွန်မတ်စ်ခ် စတင်ထူထောင် ခဲ့တဲ့ SpaceXကို မချိတ်ဆက် ခင်က တောရစ်ခ်ဘာတန်ဟာ ဖေ့စ်ဘွတ်ခ်အမှုဆောင်ချုပ် မက် ဇူကာဘက်နဲ့ ဂူးဂဲလ်အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှမစ်ဒ်တို့ရဲ့ မိန့်ခွန်းရေးသားပေးသူအနေနဲ့လည်း အ လုပ်လုပ်ခဲ့ဖူးပါတယ်။

ထရန့်ရဲ့ အောင်ပွဲနဲ့အတူ အမေရိကန် တစ်နံတစ်လျားက အမျိုးသမီးတွေ၊ လူနည်းစုတိုင်း ရင်းသားအနွယ်တွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝလုံခြုံမှုလျော့ကျလာသလို ခံစားနေ

ရတဲ့ လက်ရှိအချိန်အခါမျိုးမှာ နည်းပညာအမှုဆောင်ကြီးတွေ အနေနဲ့ ဘယ်လိုတုံ့ပြန်သင့်သလဲ လို့ CNNက တောရစ်ခ်ဘာတန်ကို မေးပါတယ်။

‘‘ဒီနယ်ပယ်ကို ဦးဆောင်နေသူအားလုံးဟာ လူတွေရဲ့ စိုးရိမ် မှု၊ မေးခွန်းထုတ်မှုတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ထိတွေ့နိုင်ဖို့ လိုပါတယ်။ ပါးစပ်ပိတ်နေတာ၊ ဒါမှမဟုတ် အသာလေး ဘေးဖယ်နေ တာဟာ တာဝန်ခံမှုကို ရှောင်လွှဲတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်’’ လို့လည်း သူက ပြောကြားသွားပါ တယ်။    

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top