Kantharyar Centre
×




Credit:Trend Myanmar

Unicode Version



Samsung အနေနဲ့ ၂၀၁၆ အတွင်း အဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့နေရပါတယ်။ ဒီနည်းပညာကုမ္ပဏီဟာ ဘက်ထရီပေါက်ကွဲမှု သတင်းတွေထွက်ပြီးနောက် သူ့ရဲ့ Galaxy Note 7 စမတ်ဖုန်းအလုံးရေ ၂.၅ သန်း ပြန်ုအစားထိုးပေးခဲ့ရပါတယ်။ ခုလည်း Samsung အဝတ်လျှော်စက်တွေမှာ အလားတူပြသနာ ဖြစ်ပေါ်နေဟန်ရှိပါတယ်။

သုံးစွဲသူတွေအတွက် ထုတ်ကုန်တွေစိတ်ချလုံခြုံမှုရှိစေဖို့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ကလည်း နိုင်ငံတော်အဆင့် တရားစွဲဆိုမှုပြုလုပ်ပြီးနောက် ၂၀၁၁ မတ်လနဲ့ ၂၀၁၆ ဧပြီလအတွင်း ထုတ်လုပ်တဲ့ Samsung အဝတ်လျှော်စက်တွေပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးက "သူမရဲ့ အဝတ်လျှော်စက်ဟာ ကြောက်လန့်စရာကောင်းအောင်ကို ပေါက်ကွဲခဲ့ပြီး သူမရဲ့ ကားဂိုဒေါင်နံရံတွေတောင် ပျက်စီးသွားခဲ့တယ်" လို့ အခိုင်အမာပြောဆိုခဲ့ကြောင်း တရားရုံးစာရွက်စားတမ်းတွေအရ သိရပါတယ်။ နောက်တစ်ဦးကလည်း သူမအဝတ်လျှော်နေတုန်း ဗုံးပေါက်ကွဲသလို အသံထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Samsung အဝတ်လျှော်စက်ကို အသုံးပြုမယ်ဆိုရင် မွေ့ယာ၊ အိပ်ယာခင်း နဲ့ အခြားအရွယ်ပမာဏကြီးမားတဲ့ပစ္စည်းတွေ လျှော်ရာမှာသာ အသုံးပြုဖို့ ကော်မရှင်က အကြံပြုထားပါတယ်။ Samsung အနေဖြင့် အဲဒီပြသနာအပေါ် ပြောဆိုမှုတွေ သိပ်မလုပ်ခဲ့ပေမယ့် ပြသနာကို ဖြေရှင်းနေကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top