Property Expo
×

ဦးေႏွာက္ ေသြးေၾကာပိတ္၍ ေလျဖတ္ေရာဂါ လကၡဏာ စတင္ျဖစ္ေပၚခ်ိန္မွ သံုးနာရီအတြင္း ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီး ေလျဖတ္ေရာဂါ အထူးကုသေဆာင္သို႔ ေရာက္လာသည့္ လူနာမ်ားကို ေသြးခဲေပ်ာ္ေဆး RTPA (Recombinant Tissue Plasminogen Activator) ျဖင့္ ကုသမႈေပးေနေၾကာင္း သိရသည္။
ေလျဖတ္ေရာဂါသည္ ေဆးပညာဆိုင္ရာ အေရးေပၚ အေျခအေန တစ္ရပ္ျဖစ္ၿပီး အခ်ိန္မီ ကုသမႈမရွိသည္ႏွင့္ ဦးေႏွာက္၏ လုပ္ေဆာင္ခ်က္၊ လုပ္ငန္းေဆာင္တာမ်ား ဆံုး႐ံႈးမည္ ျဖစ္ေၾကာင္း၊ ဦးေႏွာက္ ေသြးေၾကာပိတ္၍ ေလျဖတ္ေသာ လူနာျဖစ္ပါက ေလျဖတ္ေရာဂါ လကၡဏာမ်ား စတင္ျဖစ္ေပၚသည့္ အခ်ိန္မွ သံုးနာရီအတြင္း ေဆး႐ံုသို႔ ေရာက္ရွိလာလွ်င္ ေသြးခဲေပ်ာ္ေဆး RTPA ျဖင့္ ကုသမႈေပးရန္ စာရင္းထည့္သြင္းၿပီး ယင္းေဆးေပးသင့္ေသာ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသင့္ေလ်ာ္ျခင္း ရွိမရွိ စစ္ေဆးေၾကာင္းႏွင့္ လူနာသည္ ေသြးေၾကာပိတ္၍ ေလျဖတ္ျခင္း ျဖစ္ေသာ္လည္း တစ္ႀကိမ္ ေလျဖတ္ဖူးျခင္း၊ ဦးေႏွာက္ေသြးေၾကာ တစ္ႀကိမ္ေပါက္ဖူးျခင္း၊ လြန္ခဲ့ေသာ သံုးလက ႏွလံုးေသြးေၾကာ ပိတ္ေရာဂါ ျဖစ္ဖူးျခင္း၊ ဦးေႏွာက္ ထိခိုက္ဒဏ္ရာ ရဖူးျခင္း၊ ခြဲစိတ္ကုသမႈ အႀကီးစား ျပဳလုပ္ထားဖူးျခင္း၊ အစာအိမ္ ေသြးယိုစိမ့္ဖူးျခင္း၊ ခႏၶာကိုယ္မွ ေသြးယိုစိမ့္ဖူးျခင္း၊ အသက္ ၈၀ ေက်ာ္ေနျခင္း၊ ကိုယ္၀န္ေဆာင္ အမ်ဳိးသမီးျဖစ္ျခင္း စသည့္အေၾကာင္းမ်ားရွိပါက ေသြးခဲေပ်ာ္ေဆးသြင္း၍ ကုသ၍မရေၾကာင္း သိရသည္။

ေလျဖတ္သည့္ ေရာဂါလကၡဏာ စတင္ျဖစ္ေပၚသည့္ အခ်ိန္ႏွင့္ ေဆး႐ံုသို႔ေရာက္ရွိၿပီး ေဆးသြင္းကုသၿပီးသည္ အထိ အခ်ိန္ၾကာျမင့္ခ်ိန္ နည္းေလ သက္သာ ေပ်ာက္ကင္းသည့္ လူနာမ်ားေလျဖစ္ေၾကာင္း၊ ေဆးသြင္းကုသသည့္ လူနာမ်ား၏ ရာခိုင္ႏႈန္း ၃၀ မွာ ေဆးသြင္းကုသၿပီး သံုးလအၾကာတြင္ ကုသမႈ မခံယူခဲ့ရသူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ကိုယ္တစ္ျခမ္း မသန္စြမ္းျခင္းသည္ မရွိေတာ့ေၾကာင္း (သို႔မဟုတ္) အနည္းငယ္သာ က်န္ေတာ့ေၾကာင္း သိရသည္။

ေလျဖတ္ေရာဂါ အထူးကုသေဆာင္တြင္ ေသြးခဲေပ်ာ္ေဆး RTPA ျဖင့္ ဦးေႏွာက္ေသြးေၾကာပိတ္ လူနာမ်ားအား ေဆးသြင္း ကုသေပးမႈကို နံနက္ ၇ နာရီမွ ညေန ၄ နာရီ အထိ ၀န္ေဆာင္မႈေပးေနၿပီး ကြၽမ္းက်င္ ၀န္ထမ္းမ်ားကို ထပ္မံ ေလ့က်င့္သင္ၾကားေပးလ်က္ ရွိရာ ယခုထက္ အခ်ိန္ပိုမိုတိုးခ်ဲ႕၍ ၀န္ေဆာင္မႈ ေပးႏိုင္ရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္းႏွင့္ က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာနအေနျဖင့္ ႏုိင္ငံတစ္၀န္းရွိ ျပည္သူ႔ေဆး႐ံုမ်ားႏွင့္ ပုဂၢလိကေဆး႐ံုမ်ားတြင္ ေလျဖတ္ေရာဂါ အထူးကုသေဆာင္မ်ား ဖြင့္ႏုိင္ေရးႏွင့္ RTPA ေဆးျဖင့္ ေသြးခဲေဖ်ာ္ျခင္း ကုသမႈကို ေပးႏုိင္ရန္ အေထာက္အကူ အဖြဲ႕ဖြဲ႕စည္းကာ လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။

ေသြးခဲေပ်ာ္ေဆးတြင္ ေဘးထြက္ဆိုးက်ဳိးမ်ားရွိၿပီး ေဆးသြင္းေနစဥ္ ေသြးေပါင္ခ်ိန္ အလြန္အမင္း က်ဆင္းသြားျခင္း၊ ဓာတ္မတည့္ျခင္းႏွင့္ အဓိကမွာ ေသြးယိုစိမ့္ျခင္းျဖစ္ၿပီး ေဆးသြင္း ကုသမႈ ခံယူထားေသာ ေလျဖတ္ေရာဂါ လူနာမ်ားတြင္ လကၡဏာမျပေသာ ေသြးယိုစိမ့္မႈမွာ ၁၉ ရာခိုင္ႏႈန္းရွိၿပီး အသက္အႏၲရာယ္ရွိေသာ ေသြးယိုစိမ့္မႈမွာ ၀ ဒသမ ၇ ရာခိုင္ႏႈန္း ရွိေၾကာင္း၊ အခ်ိန္ ေလးနာရီေက်ာ္မွ ေသြးခဲေပ်ာ္ ေဆးသြင္းလွ်င္ ေဆး၏ေဘးထြက္ ဆိုးက်ဳိးျဖစ္သည့္ ခႏၶာကိုယ္ ေသြးယိုစိမ့္မႈမ်ား ပိုမိုေတြ႕ရွိရေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ရောဂါ လက္ခဏာ စတင်ဖြစ်ပေါ်ချိန်မှ သုံးနာရီအတွင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး လေဖြတ်ရောဂါ အထူးကုသဆောင်သို့ ရောက်လာသည့် လူနာများကို သွေးခဲပျော်ဆေး RTPA (Recombinant Tissue Plasminogen Activator) ဖြင့် ကုသမှုပေးနေကြောင်း သိရသည်။
လေဖြတ်ရောဂါသည် ဆေးပညာဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ရပ်ဖြစ်ပြီး အချိန်မီ ကုသမှုမရှိသည်နှင့် ဦးနှောက်၏ လုပ်ဆောင်ချက်၊ လုပ်ငန်းဆောင်တာများ ဆုံးရှုံးမည် ဖြစ်ကြောင်း၊ ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်သော လူနာဖြစ်ပါက လေဖြတ်ရောဂါ လက္ခဏာများ စတင်ဖြစ်ပေါ်သည့် အချိန်မှ သုံးနာရီအတွင်း ဆေးရုံသို့ ရောက်ရှိလာလျှင် သွေးခဲပျော်ဆေး RTPA ဖြင့် ကုသမှုပေးရန် စာရင်းထည့်သွင်းပြီး ယင်းဆေးပေးသင့်သော သတ်မှတ်ချက်များနှင့် ကိုက်ညီသင့်လျော်ခြင်း ရှိမရှိ စစ်ဆေးကြောင်းနှင့် လူနာသည် သွေးကြောပိတ်၍ လေဖြတ်ခြင်း ဖြစ်သော်လည်း တစ်ကြိမ် လေဖြတ်ဖူးခြင်း၊ ဦးနှောက်သွေးကြော တစ်ကြိမ်ပေါက်ဖူးခြင်း၊ လွန်ခဲ့သော သုံးလက နှလုံးသွေးကြော ပိတ်ရောဂါ ဖြစ်ဖူးခြင်း၊ ဦးနှောက် ထိခိုက်ဒဏ်ရာ ရဖူးခြင်း၊ ခွဲစိတ်ကုသမှု အကြီးစား ပြုလုပ်ထားဖူးခြင်း၊ အစာအိမ် သွေးယိုစိမ့်ဖူးခြင်း၊ ခန္ဓာကိုယ်မှ သွေးယိုစိမ့်ဖူးခြင်း၊ အသက် ၈၀ ကျော်နေခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ခြင်း စသည့်အကြောင်းများရှိပါက သွေးခဲပျော်ဆေးသွင်း၍ ကုသ၍မရကြောင်း သိရသည်။

လေဖြတ်သည့် ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်သည့် အချိန်နှင့် ဆေးရုံသို့ရောက်ရှိပြီး ဆေးသွင်းကုသပြီးသည် အထိ အချိန်ကြာမြင့်ချိန် နည်းလေ သက်သာ ပျောက်ကင်းသည့် လူနာများလေဖြစ်ကြောင်း၊ ဆေးသွင်းကုသသည့် လူနာများ၏ ရာခိုင်နှုန်း ၃၀ မှာ ဆေးသွင်းကုသပြီး သုံးလအကြာတွင် ကုသမှု မခံယူခဲ့ရသူများနှင့် နှိုင်းယှဉ်ပါက ကိုယ်တစ်ခြမ်း မသန်စွမ်းခြင်းသည် မရှိတော့ကြောင်း (သို့မဟုတ်) အနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။
READ  တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ဝိုင်တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဉာဏ် ချို့ယွင်းခြင်းကို တွန်းလှန်နိုင်

လေဖြတ်ရောဂါ အထူးကုသဆောင်တွင် သွေးခဲပျော်ဆေး RTPA ဖြင့် ဦးနှောက်သွေးကြောပိတ် လူနာများအား ဆေးသွင်း ကုသပေးမှုကို နံနက် ၇ နာရီမှ ညနေ ၄ နာရီ အထိ ဝန်ဆောင်မှုပေးနေပြီး ကျွမ်းကျင် ဝန်ထမ်းများကို ထပ်မံ လေ့ကျင့်သင်ကြားပေးလျက် ရှိရာ ယခုထက် အချိန်ပိုမိုတိုးချဲ့၍ ဝန်ဆောင်မှု ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများတွင် လေဖြတ်ရောဂါ အထူးကုသဆောင်များ ဖွင့်နိုင်ရေးနှင့် RTPA ဆေးဖြင့် သွေးခဲဖျော်ခြင်း ကုသမှုကို ပေးနိုင်ရန် အထောက်အကူ အဖွဲ့ဖွဲ့စည်းကာ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

သွေးခဲပျော်ဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိပြီး ဆေးသွင်းနေစဉ် သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းသွားခြင်း၊ ဓာတ်မတည့်ခြင်းနှင့် အဓိကမှာ သွေးယိုစိမ့်ခြင်းဖြစ်ပြီး ဆေးသွင်း ကုသမှု ခံယူထားသော လေဖြတ်ရောဂါ လူနာများတွင် လက္ခဏာမပြသော သွေးယိုစိမ့်မှုမှာ ၁၉ ရာခိုင်နှုန်းရှိပြီး အသက်အန္တရာယ်ရှိသော သွေးယိုစိမ့်မှုမှာ ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ အချိန် လေးနာရီကျော်မှ သွေးခဲပျော် ဆေးသွင်းလျှင် ဆေး၏ဘေးထွက် ဆိုးကျိုးဖြစ်သည့် ခန္ဓာကိုယ် သွေးယိုစိမ့်မှုများ ပိုမိုတွေ့ရှိရကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top