Property Expo
×

နယူးေယာက္ၿမိဳ႕ Queens တိရိစာၦန္ရံုမွာ ကမာၻ႕အေသးငယ္ဆံုး သမင္မ်ိဳးႏြယ္၀င္ ေတာင္ပိုင္း Pudu သမင္ေလးတစ္ေကာင္ ေမြးဖြားခဲ့ၿပီး လာေရာက္ၾကည္႔ရႈသူ အမ်ားအျပားရွိခဲ့တယ္လို႔ ဆိုပါတယ္။

တိရိစာၦန္္ရံုကို ထိန္းသိမ္းၾကည္႔ရႈေနေသာ ေတာရိုင္းတိရိစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႔အစည္းက Pudu သမင္အထီးေလးတစ္ေကာင္ကို ေမလ ၁၂ ရက္ေန႔က ေမြးဖြားခဲ့ေၾကာင္း တနလၤာေန႔က ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။

ဒီသမင္ေပါက္ကေလးဟာ ခုခ်ိန္ထိ အထူးျပဳစုေစာင့္ေရွာက္မႈေတြ ခံေနရဆဲျဖစ္ၿပီး မၾကာခင္မွာေတာ့ ေဂၚဖီထုပ္၊ ေျပာင္းေစ့၊ မုန္လာဥႏွင့္ ေကာက္ရိုးေျခာက္ေတြကို စတင္စားေသာက္ႏိုင္ေတာ့မွာျဖစ္တယ္လို႔ အဖြဲ႕က ဆိုပါတယ္။

Pudu သမင္မ်ိဳးႏြယ္ဟာ ၁၄ လက္မအထိ ႀကီးထြားႏိုင္ပါတယ္။ သူတို႔ဟာ အရွက္အေၾကာက္ႀကီးၿပီး ေၾကာက္လန္႔တဲ့အခါမွာေတာ့ စူးစူးရွရွေအာ္ေလ့ ရွိပါသတဲ့။ သားရဲေတြကို အာရံုရႈပ္ေထြးသြားေစဖို႔အတြက္ ေျမြလိမ္ေျမြေကာက္ပံုစံနဲ႔လည္း ေျပးလႊားႏိုင္ပါေသးတယ္။ ေတာင္ပိုင္း Pudu သမင္ေတြဟာ ခ်ီလီ နဲ႔ အာဂ်င္တီးနားႏိုင္ငံေတြမွာ စတင္ေပါက္ဖြားေၾကာင္း သိရွိရပါတယ္။

ဒီ Pudu သမင္ေပါက္ကေလးဟာ လြန္ခဲ့တဲ့သံုးနွစ္အတြင္း Queens တိရိစာၦန္ရံုမွာေမြးဖြားတဲ့ တတိယေျမာက္ မ်ိဳးဆက္ကေလး ျဖစ္ပါသတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
နယူးယောက်မြို့ Queens တိရိစ္ဆာန်ရုံမှာ ကမ္ဘာ့အသေးငယ်ဆုံး သမင်မျိုးနွယ်ဝင် တောင်ပိုင်း Pudu သမင်လေးတစ်ကောင် မွေးဖွားခဲ့ပြီး လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

တိရိစ္ဆာန်ရုံကို ထိန်းသိမ်းကြည့်ရှုနေသော တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းက Pudu သမင်အထီးလေးတစ်ကောင်ကို မေလ ၁၂ ရက်နေ့က မွေးဖွားခဲ့ကြောင်း တနင်္လာနေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဒီသမင်ပေါက်ကလေးဟာ ခုချိန်ထိ အထူးပြုစုစောင့်ရှောက်မှုတွေ ခံနေရဆဲဖြစ်ပြီး မကြာခင်မှာတော့ ဂေါ်ဖီထုပ်၊ ပြောင်းစေ့၊ မုန်လာဥနှင့် ကောက်ရိုးခြောက်တွေကို စတင်စားသောက်နိုင်တော့မှာဖြစ်တယ်လို့ အဖွဲ့က ဆိုပါတယ်။

Pudu သမင်မျိုးနွယ်ဟာ ၁၄ လက်မအထိ ကြီးထွားနိုင်ပါတယ်။ သူတို့ဟာ အရှက်အကြောက်ကြီးပြီး ကြောက်လန့်တဲ့အခါမှာတော့ စူးစူးရှရှအော်လေ့ ရှိပါသတဲ့။ သားရဲတွေကို အာရုံရှုပ်ထွေးသွားစေဖို့အတွက် မြွေလိမ်မြွေကောက်ပုံစံနဲ့လည်း ပြေးလွှားနိုင်ပါသေးတယ်။ တောင်ပိုင်း Pudu သမင်တွေဟာ ချီလီ နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ စတင်ပေါက်ဖွားကြောင်း သိရှိရပါတယ်။

ဒီ Pudu သမင်ပေါက်ကလေးဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း Queens တိရိစ္ဆာန်ရုံမှာမွေးဖွားတဲ့ တတိယမြောက် မျိုးဆက်ကလေး ဖြစ်ပါသတဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top