Property Expo
×

Primolut N ရာသီေသြးကို ေဆးနဲ႕ထိန္းလို႔ရလား??
ဆရာ က်မသူငယ္ခ်င္းတေယာက္က ရာသီေသြးကို ေသာက္ေဆးနဲ႕ ထိန္းလို႕ရတယ္လို႕ ေျပာပါတယ္။ အဲဒါဟုတ္ပါသလား။ အကယ္၍ အဲလိုလုပ္ရင္ ေဘးထြက္ဆိုးက်ိဳး ရွိနိုင္ပါသလား။

ဘာေတြဆက္ျဖစ္နိုင္ပါသလဲ။ သားသမီးမရတာမ်ိဳးေတြေကာ ျဖစ္လာနိုင္ပါ သလား။ ေက်းဇူးျပဳျပီး ရွင္းျပေပးေစခ်င္ပါတယ္ ဆရာ။

ရာသီေသြးကို ေဟာ္မုန္းေဆးေတြနဲ႕ ထိန္းခ်ဳပ္လို႕ရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ရာသီေသြးေပၚတယ္ဆိုတာလည္း ေဟာ္မုန္းတန္ခိုးေၾကာင့္ ျဖစ္လို႕ပါပဲ။ တခါတရံ ရာသီေသြးမေပၚေအာင္ လုပ္ရတဲ့အခါမ်ိဳးရွိတယ္။ ဒီလိုအခါမ်ိဳးမွာ ေဆးနဲ႕ရက္ေရြ႕ေပးနိုင္တယ္။ ဥပမာခရီးရက္ရွည္သြားရတာမ်ိဳး၊မဂၤလာေဆာင္တဲ့အခါမ်ိဳးမွာ
ရာသီေသြး ေပၚမလာေအာင္ ျပဳလုပ္ေပးရတတ္တယ္။ ေဆးခန္းမွာ ဒီလိုလူနာေတြ ရွိတယ္။
နိုင္ငံျခားသြားရမွာမို႕၊ေလယာဥ္အၾကာၾကီးစီးရမွာမို႕ ဆိုသူေတြကို ရာသီေသြးအခ်ိန္ ေျပာင္းေပးဖို႕ ဆရာဝန္လုပ္သူက ကူညီေပးရတယ္။ သြားမယ့္ရက္ကို ေသခ်ာေမးျပီး ခရီးသြားရမယ့္ ၾကာခ်ိန္ေတြပါထည့္တြက္ျပီး တလစာေလာက္ planခ်ျပီး တြက္ခ်က္ျပဳျပင္ေပးတယ္။ မဂၤလာေဆာင္ကာနီး ဇနီးေမာင္နွံအမ်ားစုက ရာသီရက္ေရႊ႕ခ်င္ၾကတယ္။ သူတို႕အတြက္ မဂၤလာေဆာင္ျပီး ဟန္းနီးမြန္းခရီးထြက္ခ်ိန္ပါ ထည့္တြက္ေပးရတယ္။ ဒါမွအဆင္ေျပမွာကိုး။
ရာသီေသြးေျပာင္းတာမ်ိဳးက သိပ္အခက္ၾကီးလည္း မဟုတ္ပါဘူး။ ရာသီလာတဲ့ သေဘာတရားကို ေကာင္းေကာင္းနားလည္ရင္ ျပဳျပင္ေပးလို႕ရတယ္။ ေဟာ္မုန္းေၾကာင့္ ေသြးေပၚတာျဖစ္လို႕ ေသြးထိန္းဖို႕ ဒီေဟာ္မုန္းကိုပဲ ျပန္အသံုးခ်တယ္။ ရာသီေပၚေအာင္ပဲျဖစ္ျဖစ္၊ ထိန္သြားေအာင္ပဲျဖစ္ျဖစ္ သံုးတဲ့ေဟာ္မုန္းေတြ အကုန္လံုးက ေဟာ္မုန္းေဆးခ်ည္းပဲ။ အမ်ားနားလည္လြယ္ေအာင္ လိုရင္းကို အနွစ္ခ်ဳပ္ျပီး ေျပာရရင္ ရာသီလာတဲ့အခ်ိန္ဟာ ေဟာ္မုန္းlevel က်သြားလို႕ျဖစ္တယ္။ ဒီေတာ့ ေဟာ္မုန္းlevelမက်ေအာင္လုပ္နိုင္ရင္ ရာသီေပၚေတာ့မွာ မဟုတ္ဘူး။ ဒီသေဘာတရားကို ဒီေနရာမွာ သံုးရတယ္။ ရာသီေပၚခ်င္သလား။ ရတယ္။ ေဟာ္မုန္းေပးျပီး ေဆးျပန္ျဖတ္လိုက္ရင္ ရာသီေသြးျပန္လာလိမ့္မယ္။
ရာသီေပၚေအာင္ သံုးတဲ့ေဆးေတြထဲမွာ အသုံးမ်ားတဲ့ေဆးတခုက Primolut N ျဖစ္တယ္။ ဒီေဆးကို ရာသီေပၚေဆးလို႕ပဲ သိၾကတယ္။ Primolut Nထဲမွာ ပါဝင္တာက Norethisterone acetate 5mg ဆိုတဲ့ ေဟာ္မုန္းတမ်ိဳးပါ။တကယ္ကေတာ့ ပရုိဂ်က္စတီရုန္း(progesterone)ဆိုတဲ့ ေဟာ္မုန္းပါပဲ။ Norethisterone ေပးျပီး အခ်ိဳ႕သာ ethanylestradiol အျဖစ္ေျပာင္းျပီး ေသြးေၾကာထဲေရာက္တယ္။ တကယ္အာနိသင္ရွိတာက ethanylestradiolျဖစ္ပါတယ္။
Norethisterone 0.5mgကို ေန႕စဥ္ေသာက္ရင္ gonadotropin ထုတ္လုပ္ျခင္း နဲ႕ မ်ိဳးဥေကၽြျခင္းကို တားဆီးေပးတယ္။ endometrium ေပၚသက္ေရာက္တဲ့ ပရိုဂ်က္စတီရုန္းရဲ႕ အာနိသင္ေၾကာင့္ ေသြးဆင္းမ်ားတဲ့ေရာဂါေတြကို သက္သာေစတယ္။ ရာသီအတြက္ ေကာင္းတဲ့အခ်က္က မ်ိဳးဥအိမ္ရဲ႕လုပ္ေဆာင္မႈကို တားဆီးေပးလို႕ ေသြးမေပၚခင္ခံစားရတဲ့ လကၡဏာေတြကို ေလွ်ာ့နည္းသက္သာေစတယ္။ ဒါေပမယ့္ ၾကာၾကာေပးရင္ မ်ိဳးဥေၾကြတာကို ထိခိုက္ေစတယ္။ Primolut Nကို dysfunctional uterine bleeding(DUB)နဲ႕ endometriosis ေရာဂါေတြကုသဖို႕ သံုးစြဲၾကတယ္။

• dysfunctional uterine bleeding(DUB)

ရာသီေသြးမမွန္တဲ့၊မ်ားတဲ့ေရာဂါျဖစ္ပါတယ္။ ေသြးဆင္းမ်ားတဲ့အတြက္ တေန႕သံုးၾကိမ္ ၁၀ရက္အျပည့္ ေသာက္ေပးရတယ္။ ေဆးေသာက္စမွာ ရာသီနည္းနည္းဆီ ေပၚတာလည္း ရိ္ွတတ္တယ္။ အမ်ားစုဟာ ေဆးေသာက္ျပီး သံုးရက္အတြင္း ရာသီေသြးဆင္းရပ္သြားၾကတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေဆးကို ဆယ္ရက္ျပည့္ေအာင္ ဆက္ေသာက္သင့္တယ္။ ေဆးျဖတ္ျပီး ၂-၃ရက္ေလာက္ေနတဲ့အခါ ရာသီေသြးစဆင္းပါမယ္။ေရာဂါျပန္မျဖစ္ေအာင္ ရာသီစက္ဝန္း ၁၆ရက္မွ ၂၅ရက္ထိ တေန႕(၂)ၾကိမ္ေပးျပီးၾကိဳတင္ကာကြယ္နိုင္တယ္။

• Endometriosis

ရာသီစက္ဝန္း ပထမ(၅)ရက္အတြင္း စေပးသင့္တယ္။ တခါေသာက္ တလံုး မနက္တၾကိမ္၊ညတၾကိမ္ တေန႕(၂)ၾကိမ္ စေပးပါ။ ၾကားရက္ေတြမွာ ရာသီေသြးတစက္စက္ဆင္းရင္ တခါေသာက္(၂)လံုး တရက္(၂)ၾကိမ္ တင္ပါ။ ေသြးဆင္းရပ္သြားရင္ ပံုမွန္အတိုင္း ျပန္ေလ်ာ့နိုင္တယ္။ေဆးကို အနည္းဆံုး ၄-၆လထိ ဆက္ေပးသင့္တယ္။ ဒီၾကားထဲမွာ မ်ိဳးဥမေၾကြတာ၊ရာသီေသြးမေပၚတာ ရွိတတ္တယ္။ စိုးရိမ္ဖို႕မလိုအပ္ပါ။ ေဆးရပ္တဲ့အခါ ရာသီေသြးျပန္ဆင္းလာနိုင္တယ္။

သတိျပဳစရာ

Primolut Nကိုကိုယ္ဝန္ေဆာင္မိခင္နဲ႕နို႕တိုကိမိခင္ေတြမသံုးစြဲသင့္ဘူး။ ေဆးေသာက္ျပီး ေခါင္းတျခမ္း
ကိုက္တာ၊အျမင္အာရံု၊အၾကားအာရံုေဝဝါးလာတာမ်ိဳးရွိရင္ခ်က္ခ်င္းျဖတ္ပါ။ ေသြးျပန္ေၾကာေရာဂါ၊
 ေသြးျပန္ေၾကာပိတ္တဲ့ လကၡဏာေတြမွာ မသံုးရပါဘူး။ အသည္းကို ထိခိုက္ေစသလို အသည္းေရာင္တာ၊
အသည္းၾကီးတာရွိရင္ မသံုးသင့္ဘူး။ ေဆးေသာက္စဥ္ ေသြးစစ္ၾကည့္ရင္ အသည္းဆိုင္ရာ အင္ဇိုင္းတမ်ိဳး တက္ေနတတ္တယ္။ အကယ္၍ အေရျပားယားယံလာတာ၊ေသြးေပါင္တက္တာမ်ိဳးရွိရင္ ဆရာဝန္ကို ေျပာရမယ္။ လိုအပ္ရင္ ေဆးျဖတ္ခိုင္းတယ္။
တြဲမေသာက္သင့္တဲ့ေဆးေတြလည္း ရွိတယ္။ ကိုယ္တိုင္အာနိသင္က်တာ၊ေဆးအနိသင္ကို ထိခိုက္ေစတာ၊ေဟာ္မုန္းေျပာင္းလဲတာ ရွိနိုင္လို႕ပါ။ တြဲမေသာက္သင့္တဲ့ေဆးေတြက
-phenytoin
-barbiturate
-carbamazepine
-oxcarbamazine
-primidone
-Rifampicin
-rifabutin
-St. John’s wart စတာေတြ ျဖစ္တယ္။
ေဆးေသာက္တိုင္း အခါခပ္သိမ္း ရာသီေသြးကို မတားဆီးနိုင္ဘူး။ ေဆးေသာက္ျပီး ေသြးမတိပ္ပဲ မ်ားေနတာ organic lesion တခုခုေၾကာင့္ ျဖစ္နိုင္တယ္။
အသားပို၊အလံုးအက်ိတ္၊ကင္ဆာ၊ကိုယ္ဝန္ပ်က္တာ၊သားအိမ္ ျပင္ပသေႏၶတည္တာ၊ေသြးေရာဂါ အမ်ိဳးမ်ိဳး ျဖစ္တယ္။ ဆရာဝန္လုပ္သူက အခ်ိန္ေပးျပီး ျပန္ၾကည့္ရတယ္။
ေဟာ္မုန္းေဆးတိုင္း သတိထားစရာေတြရွိတယ္။ တခ်ိဳ႕ေသာက္ေနသလို ပရမ္းပတာေသာက္တာ အလြန္မွားတယ္။ နားမလည္ပဲေသာက္မိရင္ ေဟာ္မုန္းေျပာင္းျပီး ရာသီေသြး ကေမာက္ကမျဖစ္တတ္တယ္။ ေစာေစာက ေမးထားသလို သားသမီးမရတာမ်ိဳး တိုက္ရုိက္မျဖစ္ေစေပမယ့္ မ်ိဳးဥေကၽြတဲ့ျဖစ္စဥ္ကို ထိခိုက္တာေၾကာင့္ သားသမီးရဖို႕ ခက္တတ္တယ္။ အကယ္၍ ေရာဂါအခံတခုရွိတာ မသိပဲေသာက္မိရင္ အသက္အႏၲရာယ္ေတာင္ စိုးရိမ္ရတယ္။ ဒီလိုအခါမ်ိဳးမွာ ဆရာလုပ္သူက တျခားနည္းတခုခု ေျပာင္းသံုးျပီး ထိန္းခ်ဳပ္ေပးရတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာ ေအးမင္းထုူး

#Unicode Version
Primolut N ရာသီသွေးကို ဆေးနဲ့ထိန်းလို့ရလား??ဆရာ ကျမသူငယ်ချင်းတယောက်က ရာသီသွေးကို သောက်ဆေးနဲ့ ထိန်းလို့ရတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ အကယ်၍ အဲလိုလုပ်ရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါသလား။

ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။ သားသမီးမရတာမျိုးတွေကော ဖြစ်လာနိုင်ပါ သလား။ ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ် ဆရာ။

ရာသီသွေးကို ဟော်မုန်းဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရာသီသွေးပေါ်တယ်ဆိုတာလည်း ဟော်မုန်းတန်ခိုးကြောင့် ဖြစ်လို့ပါပဲ။ တခါတရံ ရာသီသွေးမပေါ်အောင် လုပ်ရတဲ့အခါမျိုးရှိတယ်။ ဒီလိုအခါမျိုးမှာ ဆေးနဲ့ရက်ရွေ့ပေးနိုင်တယ်။ ဥပမာခရီးရက်ရှည်သွားရတာမျိုး၊မင်္ဂလာဆောင်တဲ့အခါမျိုးမှာ
ရာသီသွေး ပေါ်မလာအောင် ပြုလုပ်ပေးရတတ်တယ်။ ဆေးခန်းမှာ ဒီလိုလူနာတွေ ရှိတယ်။
နိုင်ငံခြားသွားရမှာမို့၊လေယာဉ်အကြာကြီးစီးရမှာမို့ ဆိုသူတွေကို ရာသီသွေးအချိန် ပြောင်းပေးဖို့ ဆရာဝန်လုပ်သူက ကူညီပေးရတယ်။ သွားမယ့်ရက်ကို သေချာမေးပြီး ခရီးသွားရမယ့် ကြာချိန်တွေပါထည့်တွက်ပြီး တလစာလောက် planချပြီး တွက်ချက်ပြုပြင်ပေးတယ်။ မင်္ဂလာဆောင်ကာနီး ဇနီးမောင်နှံအများစုက ရာသီရက်ရွှေ့ချင်ကြတယ်။ သူတို့အတွက် မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းခရီးထွက်ချိန်ပါ ထည့်တွက်ပေးရတယ်။ ဒါမှအဆင်ပြေမှာကိုး။
ရာသီသွေးပြောင်းတာမျိုးက သိပ်အခက်ကြီးလည်း မဟုတ်ပါဘူး။ ရာသီလာတဲ့ သဘောတရားကို ကောင်းကောင်းနားလည်ရင် ပြုပြင်ပေးလို့ရတယ်။ ဟော်မုန်းကြောင့် သွေးပေါ်တာဖြစ်လို့ သွေးထိန်းဖို့ ဒီဟော်မုန်းကိုပဲ ပြန်အသုံးချတယ်။ ရာသီပေါ်အောင်ပဲဖြစ်ဖြစ်၊ ထိန်သွားအောင်ပဲဖြစ်ဖြစ် သုံးတဲ့ဟော်မုန်းတွေ အကုန်လုံးက ဟော်မုန်းဆေးချည်းပဲ။ အများနားလည်လွယ်အောင် လိုရင်းကို အနှစ်ချုပ်ပြီး ပြောရရင် ရာသီလာတဲ့အချိန်ဟာ ဟော်မုန်းlevel ကျသွားလို့ဖြစ်တယ်။ ဒီတော့ ဟော်မုန်းlevelမကျအောင်လုပ်နိုင်ရင် ရာသီပေါ်တော့မှာ မဟုတ်ဘူး။ ဒီသဘောတရားကို ဒီနေရာမှာ သုံးရတယ်။ ရာသီပေါ်ချင်သလား။ ရတယ်။ ဟော်မုန်းပေးပြီး ဆေးပြန်ဖြတ်လိုက်ရင် ရာသီသွေးပြန်လာလိမ့်မယ်။
ရာသီပေါ်အောင် သုံးတဲ့ဆေးတွေထဲမှာ အသုံးများတဲ့ဆေးတခုက Primolut N ဖြစ်တယ်။ ဒီဆေးကို ရာသီပေါ်ဆေးလို့ပဲ သိကြတယ်။ Primolut Nထဲမှာ ပါဝင်တာက Norethisterone acetate 5mg ဆိုတဲ့ ဟော်မုန်းတမျိုးပါ။တကယ်ကတော့ ပရိုဂျက်စတီရုန်း(progesterone)ဆိုတဲ့ ဟော်မုန်းပါပဲ။ Norethisterone ပေးပြီး အချို့သာ ethanylestradiol အဖြစ်ပြောင်းပြီး သွေးကြောထဲရောက်တယ်။ တကယ်အာနိသင်ရှိတာက ethanylestradiolဖြစ်ပါတယ်။
Norethisterone 0.5mgကို နေ့စဉ်သောက်ရင် gonadotropin ထုတ်လုပ်ခြင်း နဲ့ မျိုးဥကျွေခြင်းကို တားဆီးပေးတယ်။ endometrium ပေါ်သက်ရောက်တဲ့ ပရိုဂျက်စတီရုန်းရဲ့ အာနိသင်ကြောင့် သွေးဆင်းများတဲ့ရောဂါတွေကို သက်သာစေတယ်။ ရာသီအတွက် ကောင်းတဲ့အချက်က မျိုးဥအိမ်ရဲ့လုပ်ဆောင်မှုကို တားဆီးပေးလို့ သွေးမပေါ်ခင်ခံစားရတဲ့ လက္ခဏာတွေကို လျှော့နည်းသက်သာစေတယ်။ ဒါပေမယ့် ကြာကြာပေးရင် မျိုးဥကြွေတာကို ထိခိုက်စေတယ်။ Primolut Nကို dysfunctional uterine bleeding(DUB)နဲ့ endometriosis ရောဂါတွေကုသဖို့ သုံးစွဲကြတယ်။


• dysfunctional uterine bleeding(DUB)


ရာသီသွေးမမှန်တဲ့၊များတဲ့ရောဂါဖြစ်ပါတယ်။ သွေးဆင်းများတဲ့အတွက် တနေ့သုံးကြိမ် ၁၀ရက်အပြည့် သောက်ပေးရတယ်။ ဆေးသောက်စမှာ ရာသီနည်းနည်းဆီ ပေါ်တာလည်း ရိှတတ်တယ်။ အများစုဟာ ဆေးသောက်ပြီး သုံးရက်အတွင်း ရာသီသွေးဆင်းရပ်သွားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးကို ဆယ်ရက်ပြည့်အောင် ဆက်သောက်သင့်တယ်။ ဆေးဖြတ်ပြီး ၂-၃ရက်လောက်နေတဲ့အခါ ရာသီသွေးစဆင်းပါမယ်။ရောဂါပြန်မဖြစ်အောင် ရာသီစက်ဝန်း ၁၆ရက်မှ ၂၅ရက်ထိ တနေ့(၂)ကြိမ်ပေးပြီးကြိုတင်ကာကွယ်နိုင်တယ်။


• Endometriosis


ရာသီစက်ဝန်း ပထမ(၅)ရက်အတွင်း စပေးသင့်တယ်။ တခါသောက် တလုံး မနက်တကြိမ်၊ညတကြိမ် တနေ့(၂)ကြိမ် စပေးပါ။ ကြားရက်တွေမှာ ရာသီသွေးတစက်စက်ဆင်းရင် တခါသောက်(၂)လုံး တရက်(၂)ကြိမ် တင်ပါ။ သွေးဆင်းရပ်သွားရင် ပုံမှန်အတိုင်း ပြန်လျော့နိုင်တယ်။ဆေးကို အနည်းဆုံး ၄-၆လထိ ဆက်ပေးသင့်တယ်။ ဒီကြားထဲမှာ မျိုးဥမကြွေတာ၊ရာသီသွေးမပေါ်တာ ရှိတတ်တယ်။ စိုးရိမ်ဖို့မလိုအပ်ပါ။ ဆေးရပ်တဲ့အခါ ရာသီသွေးပြန်ဆင်းလာနိုင်တယ်။


သတိပြုစရာ


Primolut Nကိုကိုယ်ဝန်ဆောင်မိခင်နဲ့နို့တိုကိမိခင်တွေမသုံးစွဲသင့်ဘူး။ ဆေးသောက်ပြီး ခေါင်းတခြမ်း

ကိုက်တာ၊အမြင်အာရုံ၊အကြားအာရုံဝေဝါးလာတာမျိုးရှိရင်ချက်ချင်းဖြတ်ပါ။ သွေးပြန်ကြောရောဂါ၊

 သွေးပြန်ကြောပိတ်တဲ့ လက္ခဏာတွေမှာ မသုံးရပါဘူး။ အသည်းကို ထိခိုက်စေသလို အသည်းရောင်တာ၊

အသည်းကြီးတာရှိရင် မသုံးသင့်ဘူး။ ဆေးသောက်စဉ် သွေးစစ်ကြည့်ရင် အသည်းဆိုင်ရာ အင်ဇိုင်းတမျိုး တက်နေတတ်တယ်။ အကယ်၍ အရေပြားယားယံလာတာ၊သွေးပေါင်တက်တာမျိုးရှိရင် ဆရာဝန်ကို ပြောရမယ်။ လိုအပ်ရင် ဆေးဖြတ်ခိုင်းတယ်။
တွဲမသောက်သင့်တဲ့ဆေးတွေလည်း ရှိတယ်။ ကိုယ်တိုင်အာနိသင်ကျတာ၊ဆေးအနိသင်ကို ထိခိုက်စေတာ၊ဟော်မုန်းပြောင်းလဲတာ ရှိနိုင်လို့ပါ။ တွဲမသောက်သင့်တဲ့ဆေးတွေက
-phenytoin
-barbiturate
-carbamazepine
-oxcarbamazine
-primidone
-Rifampicin
-rifabutin
-St. John’s wart စတာတွေ ဖြစ်တယ်။
ဆေးသောက်တိုင်း အခါခပ်သိမ်း ရာသီသွေးကို မတားဆီးနိုင်ဘူး။ ဆေးသောက်ပြီး သွေးမတိပ်ပဲ များနေတာ organic lesion တခုခုကြောင့် ဖြစ်နိုင်တယ်။
အသားပို၊အလုံးအကျိတ်၊ကင်ဆာ၊ကိုယ်ဝန်ပျက်တာ၊သားအိမ် ပြင်ပသန္ဓေတည်တာ၊သွေးရောဂါ အမျိုးမျိုး ဖြစ်တယ်။ ဆရာဝန်လုပ်သူက အချိန်ပေးပြီး ပြန်ကြည့်ရတယ်။
ဟော်မုန်းဆေးတိုင်း သတိထားစရာတွေရှိတယ်။ တချို့သောက်နေသလို ပရမ်းပတာသောက်တာ အလွန်မှားတယ်။ နားမလည်ပဲသောက်မိရင် ဟော်မုန်းပြောင်းပြီး ရာသီသွေး ကမောက်ကမဖြစ်တတ်တယ်။ စောစောက မေးထားသလို သားသမီးမရတာမျိုး တိုက်ရိုက်မဖြစ်စေပေမယ့် မျိုးဥကျွေတဲ့ဖြစ်စဉ်ကို ထိခိုက်တာကြောင့် သားသမီးရဖို့ ခက်တတ်တယ်။ အကယ်၍ ရောဂါအခံတခုရှိတာ မသိပဲသောက်မိရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်။ ဒီလိုအခါမျိုးမှာ ဆရာလုပ်သူက တခြားနည်းတခုခု ပြောင်းသုံးပြီး ထိန်းချုပ်ပေးရတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာ အေးမင်းထုူး




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top