Property Expo
×






Credit: duwun

#Unicode Version

အွန်လိုင်းငွေပေးချေမှုစနစ် PayPal အသုံးပြုသူတွေ အနေနဲ့ ၎င်းတို့ရဲ့အသံကို အသုံးပြုပြီး သူငယ်ချင်းနဲ့ မိသားစုထံ ငွေလွှဲပေးပို့နိုင်ပြီ ဖြစ်ပါတယ်။ PayPal က Apple ရဲ့ Siri နဲ့ ပေါင်းစပ်ပြီး အဆိုပါ အသံဖြင့် ငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

Apple ရဲ့ iPhone တွေမှာ အသုံးပြုနေတဲ့ Siri က ဖုန်းပိုင်ရှင်အတွက် အသံဖြင့်စေခိုင်းနိုင်၊ မေးခွန်းများလည်း မေးမြန်းနိုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်မှစပြီး PayPal သုံးသူတွေဟာ iOS 10 အသုံးပြုထားတဲ့ iPhone ရှိ Siri ဖြင့် တစ်စုံတစ်ယောက်ရဲ့ အမည်နဲ့ လွှဲပေးချင်တဲ့ ငွေပမာဏကို ပြောဆိုပြီး ငွေလွှဲနိုင်ပြီလို့ ဆိုပါတယ်။ PayPal ရဲ့ အသံဖြင့် ငွေလွှဲနိုင်တဲ့ ဝန်ဆောင်မှုကို နိုင်ငံ ၃၀ မှာ မတူညီတဲ့ ဘာသာစကားတွေနဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အဆိုပါ နိုင်ငံ ၃၀ မှာ သြစတြေးလျ၊ သြတတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ မလေးရှား၊ မက္ကစီကို၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ စင်ကာပူ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အမေရိကန်တို့ ဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top