Property Expo
×
Credit:7Day Daily
#Unicode Version
 ဂီတ သက်တမ်း ၁၂ နှစ် အကြာတွင် အဆိုတော် ရေဗက္ကာ ဝင်း၏ ပထမဆုံး တစ်ကိုယ်တော် အခွေကို ၂၀၁၇ နှစ်ဆန်းတွင် ထွက်ရှိလာရန် ရှိနေသည်။
‘‘ဒီအခွေလေးထဲမှာ အရင် စီစဉ်ထားပြီး မထွက်ဖြစ်ခဲ့တဲ့ အ ခွေထဲက သီချင်းတချို့လည်းပါ တယ်။ ပုံစံပြန်ပြောင်း တီးထား တယ်။ အဓိကကတော့ ကိုယ့်ဘ ဝမှာ အမှတ်တရလေးအနေနဲ့ တစ်ကိုယ်တော်အခွေလည်းထုတ် ချင်တာကြောင့် ဒီအခွေလေး စီ စဉ်ဖြစ်တာပါ။ ၂၀၁၇ နှစ်ဆန်း  ပိုင်းလောက်ထွက်နိုင်အောင် စီ စဉ်နေပါတယ်’’ဟု ရေဗက္ကာဝင်း က ပြောသည်။
ရေဗက္ကာဝင်း၏ One In the Million ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေတွင် တေး သီချင်းစုစုပေါင်း ၁၀ ပုဒ်ပါဝင် မည်ဖြစ်ပြီး တေးရေး ဆရာများအ ဖြစ် ရွှေဂျော်ဂျော်၊ R ခိုင်၊ သိန်း လင်းစိုး၊ အားတီနှင့် ရေဗက္ကာဝင်း ကိုယ်တိုင်က ရေးသားထားကြောင်း သိရသည်။
‘‘သီချင်းအမျိုးအစားတွေက  တော့ အခုခေတ်စားနေတဲ့ ပုံစံ လေးတွေကြောင်းပြီးဆိုထားပါ တယ်။ နောက်မှာ အီးဒီယမ်လည်း ပါမယ်။ သီချင်းတွေကတော့ အ သစ်ရော၊ အဟောင်းရောပါ တယ်’’ဟု ရေဗက္ကာဝင်းက ပြော သည်။
တစ်ကိုယ်တော် ဘုရားသီ ချင်းအခွေနှင့် တစ်ကိုယ်တော် ကချင်သီချင်းအခွေကိုလည်း ပရိ သတ်များအတွက် ဆက်လက် ထွက်ရှိမည်ဟု ၎င်းက ဆိုသည်။
ရေဗက္ကာဝင်းသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်အခွေ ကို ၂၀၀၈ က စတင်စီစဉ်ခဲ့ပြီး ယင်းအခွေအတွက်    သီချင်း အပြည့်အစုံပြီးစီးသော်လည်း အ ကြောင်းအမျိုးမျိုးကြောင့် မထွက် ရှိနိုင်ခဲ့ဘဲ ၎င်း၏ ဂီတသက်တမ်း ၁၂ နှစ်တွင် ပထမဆုံးထွက်ရှိနိုင် ရန်  စီစဉ်နေခြင်းဖြစ်သည်။ဖြူဖွေးသန့်
ရန်ကုန်- ဂီတ သက်တမ်း ၁၂ နှစ် အကြာတွင် အဆိုတော် ရေဗက္ကာ ဝင်း၏ ပထမဆုံး တစ်ကိုယ်တော် အခွေကို ၂၀၁၇ နှစ်ဆန်းတွင် ထွက်ရှိလာရန် ရှိနေသည်။
‘‘ဒီအခွေလေးထဲမှာ အရင် စီစဉ်ထားပြီး မထွက်ဖြစ်ခဲ့တဲ့ အ ခွေထဲက သီချင်းတချို့လည်းပါ တယ်။ ပုံစံပြန်ပြောင်း တီးထား တယ်။ အဓိကကတော့ ကိုယ့်ဘ ဝမှာ အမှတ်တရလေးအနေနဲ့ တစ်ကိုယ်တော်အခွေလည်းထုတ် ချင်တာကြောင့် ဒီအခွေလေး စီ စဉ်ဖြစ်တာပါ။ ၂၀၁၇ နှစ်ဆန်း  ပိုင်းလောက်ထွက်နိုင်အောင် စီ စဉ်နေပါတယ်’’ဟု ရေဗက္ကာဝင်း က ပြောသည်။
ရေဗက္ကာဝင်း၏ One In the Million ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေတွင် တေး သီချင်းစုစုပေါင်း ၁၀ ပုဒ်ပါဝင် မည်ဖြစ်ပြီး တေးရေး ဆရာများအ ဖြစ် ရွှေဂျော်ဂျော်၊ R ခိုင်၊ သိန်း လင်းစိုး၊ အားတီနှင့် ရေဗက္ကာဝင်း ကိုယ်တိုင်က ရေးသားထားကြောင်း သိရသည်။
‘‘သီချင်းအမျိုးအစားတွေက  တော့ အခုခေတ်စားနေတဲ့ ပုံစံ လေးတွေကြောင်းပြီးဆိုထားပါ တယ်။ နောက်မှာ အီးဒီယမ်လည်း ပါမယ်။ သီချင်းတွေကတော့ အ သစ်ရော၊ အဟောင်းရောပါ တယ်’’ဟု ရေဗက္ကာဝင်းက ပြော သည်။
တစ်ကိုယ်တော် ဘုရားသီ ချင်းအခွေနှင့် တစ်ကိုယ်တော် ကချင်သီချင်းအခွေကိုလည်း ပရိ သတ်များအတွက် ဆက်လက် ထွက်ရှိမည်ဟု ၎င်းက ဆိုသည်။
ရေဗက္ကာဝင်းသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်အခွေ ကို ၂၀၀၈ က စတင်စီစဉ်ခဲ့ပြီး ယင်းအခွေအတွက်    သီချင်း အပြည့်အစုံပြီးစီးသော်လည်း အ ကြောင်းအမျိုးမျိုးကြောင့် မထွက် ရှိနိုင်ခဲ့ဘဲ ၎င်း၏ ဂီတသက်တမ်း ၁၂ နှစ်တွင် ပထမဆုံးထွက်ရှိနိုင် ရန်  စီစဉ်နေခြင်းဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top