Kantharyar Centre
×

No Boy, No Problem တစ္ခ်ိဳ႕ေသာ ထက္ျမတ္ထူးခၽြန္တဲ့ အမ်ိဳးသမီးေတြဟာ တစ္စုံတစ္ခုကို ပို္င္ဆုိင္မွ သူတုိ႔ဘ၀ ျပည့္စုံတာလုိ႔ဘယ္ေတာ့မွမေတြးပါဘူး။သူတုိ႔တစ္ေတြဟာတစ္ခုမရွိရင္သူတုိ႔မွာရွိတဲ့အရာေတြနဲ႔
 ႏႈိင္းဆၿပီးအဲဒီမရွိတဲ့အရာကိုမေျပာပေလာက္တဲ့အရာအျဖစ္ ေတြးေတာပစ္ၾကပါတယ္။ ဒီလုိ ထက္ျမတ္တဲ့ အမ်ိဳးသမီးေတြဟာ ရည္းစားမရွိလည္း၊ ကိစၥမရွိဘူးလုိ႔ ခံယူထားပါတယ္။ သူတုိ႔ရဲ႕ ခုိင္မာတဲ့ စိတ္ထားခံယူခ်က္ေတြကို အမ်ိဳးသမီးပရိသတ္အတြက္ မွ်ေ၀ေပးလုိက္ပါ
တယ္။

(၁) အခ်ိန္ကို မွ်ေ၀မေပးဘူး

ထက္ျမတ္တဲ့လူတုိင္းဟာ အခ်ိန္ကုိ အလြန္တန္ဖုိးထားၾကပါတယ္။ ဒါေၾကာင့္ အေရးမပါဘူးလုိ႔ သူတုိ႔ ခံယူတဲ့ အရာေတြအတြက္ အခ်ိန္ကုန္ခံၾကသူေတြ မဟုတ္ပါဘူး။ ဒီလုိပဲ အခ်စ္ကို အေရးမပါဘူးလုိ႔ သူတုိ႔တစ္ေတြက ခံယူလုိက္တဲ့အခါမ်ိဳးမွာ အဲဒီအတြက္ အခ်ိန္အကုန္မခံေတာ့ပါဘူး။ ဒါဟာ သူတုိ႔ရဲ႕ ခုိင္မာတဲ့ စိတ္ဓာတ္တစ္ခုပါ။

(၂) ေနရာမေပးဘူး

သူတုိ႔စိတ္ထဲမွာ အေရးပါတဲ့အရာေတြကုိ List နဲ႔ စနစ္တက် မွတ္တမ္းတင္ထားပါတယ္။ သူတုိ႔အေလးထားတဲ့ အရာေတြဆုိရင္ လြယ္လင့္တကူ အခ်ိန္ေပးတတ္သလုိ၊ ႏွလုံးသားထဲမွာ သိမ္းထားရမယ္ဆုိရင္လည္း အဲဒီႏွလုံးသားထဲမွာ သိမ္းထားတဲ့ သိပ္အေရးမပါတဲ့ အရာတစ္ခုကို လြယ္လြယ္ကူကူ ဖယ္ရွားပစ္ႏုိင္တဲ့ အက်င့္ရွိၾကပါတယ္။


(၃) ကိုယ့္ျပႆနာ ကိုယ္ေျဖရွင္းႏုိ္င္တယ္

ထက္ျမတ္တဲ့ အမ်ိဴးသမီးေတြရဲ႕ တူညီတဲ့ ရပ္တည္ခ်က္က ကုိယ့္ျပႆနာကို ဘယ္သူ႕အားကိုးနဲ႔မွ ေျဖရွင္းတာမဟုတ္ဘဲ၊ မိမိဘာသာ ေျဖရွင္းရျခင္းကို ဂုဏ္ယူၾကပါတယ္။ ဒီေတာ့ ျပႆနာေတြ၊ ဘ၀အခက္အခဲေတြ ရင္ဆုိင္ရတဲ့အခါတုိင္း သူတုိ႔မွာ အားကုိးေဖာ္ မလုိၾကပါဘူး။ ဒါေၾကာင့္လည္း No Boy, No Problem ဆုိၿပီး ရပ္တည္ႏုိင္ၾကတာပါဘဲ။

(၄) ကိုယ့္ကုိယ္ကုိ ရွာေနစရာမလုိဘူး

သူတုိ႔ဟာ အေၾကာင္းအရာတစ္ခုေပၚမွာ ပုထုဇဥ္ေတြရဲ႕ ထုံးစအရ က်ဆုံးျခင္း၊ မ်က္ႏုိးတြယ္တာျခင္း၊ ေအာင္ႏုိင္ျခင္း စတဲ့ ရလာဒ္ေတြနဲ႔ပတ္သက္ၿပီး ခဏတာ ေပ်ာ္ရႊင္မႈ ၀မ္းနည္းမႈ ရွိၾကပါတယ္။ ဒါေပမယ့္ ၀မ္းနည္းတာပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္တာပဲ
ျဖစ္ အၾကာႀကီး သိမ္းမထားပဲ အေတြးေတြထဲကေန မိမိကိုယ္ကုိယ္ ဆြဲထုတ္ၿပီး လက္ေတြ႕ဘ၀ကို ရဲရဲရင္ဆုိင္ၾကသူေတြ
ျဖစ္ပါတယ္။ ဥပမာအားျဖင့္ က်႐ႈံးမႈတစ္ခုေၾကာင့္ ၀မ္းနည္းတယ္ … ခဏပါဘဲ … မၾကာခင္မွာ အ႐ႈံးကေန ခ်က္ခ်င္း ႐ုန္းထြက္ႏုိ္င္ပါတယ္။ ဒါက ကုိယ့္ကိုယ္ကို အလြယ္တကူ ရွာေတြ႕လုိ႔ ျဖစ္ပါတယ္။

(၅) ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ ကိုယ္ရပ္တည္တယ္

ဘယ္သူေတြ မွန္တယ္ေျပာေျပာ၊ မွားတယ္ေျပာေျပာ၊ ေ၀ဖန္ပုတ္ခက္သံေတြ ဘယ္ေလာက္ပဲ ပလူပ်ံေနပါေစ ထက္ျမတ္တဲ့ မိန္းမေတြက နည္းနည္းေလးမွ ဂ႐ုမစို္က္ပါဘူး။ ကိုယ္လုပ္ခ်င္ရာ လုပ္တယ္၊ ကိုယ္ေျပာခ်င္ရာ ေျပာတယ္၊ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္နဲ႔သာ ေနပါတယ္။ မွားတယ္ဆုိရင္လည္း မိမိကုိယ္ကို ျပန္ၿပီး သင္ယူပါတယ္။

source : lovepanky.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
No Boy, No Problem တစ်ချို့သော ထက်မြတ်ထူးချွန်တဲ့ အမျိုးသမီးတွေဟာ တစ်စုံတစ်ခုကို ပိုင်ဆိုင်မှ သူတို့ဘ၀ ပြည့်စုံတာလို့ဘယ်တော့မှမတွေးပါဘူး။သူတို့တစ်တွေဟာတစ်ခုမရှိရင်သူတို့မှာရှိတဲ့အရာတွေနဲ့

 နှိုင်းဆပြီးအဲဒီမရှိတဲ့အရာကိုမပြောပလောက်တဲ့အရာအဖြစ် တွေးတောပစ်ကြပါတယ်။ ဒီလို ထက်မြတ်တဲ့ အမျိုးသမီးတွေဟာ ရည်းစားမရှိလည်း၊ ကိစ္စမရှိဘူးလို့ ခံယူထားပါတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ထားခံယူချက်တွေကို အမျိုးသမီးပရိသတ်အတွက် မျှဝေပေးလိုက်ပါ
တယ်။

(၁) အချိန်ကို မျှဝေမပေးဘူး

ထက်မြတ်တဲ့လူတိုင်းဟာ အချိန်ကို အလွန်တန်ဖိုးထားကြပါတယ်။ ဒါကြောင့် အရေးမပါဘူးလို့ သူတို့ ခံယူတဲ့ အရာတွေအတွက် အချိန်ကုန်ခံကြသူတွေ မဟုတ်ပါဘူး။ ဒီလိုပဲ အချစ်ကို အရေးမပါဘူးလို့ သူတို့တစ်တွေက ခံယူလိုက်တဲ့အခါမျိုးမှာ အဲဒီအတွက် အချိန်အကုန်မခံတော့ပါဘူး။ ဒါဟာ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုပါ။

(၂) နေရာမပေးဘူး

သူတို့စိတ်ထဲမှာ အရေးပါတဲ့အရာတွေကို List နဲ့ စနစ်တကျ မှတ်တမ်းတင်ထားပါတယ်။ သူတို့အလေးထားတဲ့ အရာတွေဆိုရင် လွယ်လင့်တကူ အချိန်ပေးတတ်သလို၊ နှလုံးသားထဲမှာ သိမ်းထားရမယ်ဆိုရင်လည်း အဲဒီနှလုံးသားထဲမှာ သိမ်းထားတဲ့ သိပ်အရေးမပါတဲ့ အရာတစ်ခုကို လွယ်လွယ်ကူကူ ဖယ်ရှားပစ်နိုင်တဲ့ အကျင့်ရှိကြပါတယ်။


(၃) ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်တယ်

ထက်မြတ်တဲ့ အမျိူးသမီးတွေရဲ့ တူညီတဲ့ ရပ်တည်ချက်က ကိုယ့်ပြဿနာကို ဘယ်သူ့အားကိုးနဲ့မှ ဖြေရှင်းတာမဟုတ်ဘဲ၊ မိမိဘာသာ ဖြေရှင်းရခြင်းကို ဂုဏ်ယူကြပါတယ်။ ဒီတော့ ပြဿနာတွေ၊ ဘဝအခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါတိုင်း သူတို့မှာ အားကိုးဖော် မလိုကြပါဘူး။ ဒါကြောင့်လည်း No Boy, No Problem ဆိုပြီး ရပ်တည်နိုင်ကြတာပါဘဲ။

(၄) ကိုယ့်ကိုယ်ကို ရှာနေစရာမလိုဘူး

သူတို့ဟာ အကြောင်းအရာတစ်ခုပေါ်မှာ ပုထုဇဉ်တွေရဲ့ ထုံးစအရ ကျဆုံးခြင်း၊ မျက်နိုးတွယ်တာခြင်း၊ အောင်နိုင်ခြင်း စတဲ့ ရလာဒ်တွေနဲ့ပတ်သက်ပြီး ခဏတာ ပျော်ရွှင်မှု ဝမ်းနည်းမှု ရှိကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းတာပဲဖြစ်ဖြစ် ပျော်ရွှင်တာပဲ
ဖြစ် အကြာကြီး သိမ်းမထားပဲ အတွေးတွေထဲကနေ မိမိကိုယ်ကိုယ် ဆွဲထုတ်ပြီး လက်တွေ့ဘဝကို ရဲရဲရင်ဆိုင်ကြသူတွေ
ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျရှုံးမှုတစ်ခုကြောင့် ဝမ်းနည်းတယ် … ခဏပါဘဲ … မကြာခင်မှာ အရှုံးကနေ ချက်ချင်း ရုန်းထွက်နိုင်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကို အလွယ်တကူ ရှာတွေ့လို့ ဖြစ်ပါတယ်။


(၅) ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ရပ်တည်တယ်

ဘယ်သူတွေ မှန်တယ်ပြောပြော၊ မှားတယ်ပြောပြော၊ ဝေဖန်ပုတ်ခက်သံတွေ ဘယ်လောက်ပဲ ပလူပျံနေပါစေ ထက်မြတ်တဲ့ မိန်းမတွေက နည်းနည်းလေးမှ ဂရုမစိုက်ပါဘူး။ ကိုယ်လုပ်ချင်ရာ လုပ်တယ်၊ ကိုယ်ပြောချင်ရာ ပြောတယ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ နေပါတယ်။ မှားတယ်ဆိုရင်လည်း မိမိကိုယ်ကို ပြန်ပြီး သင်ယူပါတယ်။


source : lovepanky.com



ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top