Kantharyar Centre
×

Myanmar Idol ၿပိဳင္ပြဲ တြင္ ပရိသတ္အသိအမွတ္ျပဳမႈ ရရွိခဲ့ေသာ ေမၾကည္က ဒါ႐ိုက္ တာဝင္းထြန္းထြန္း ႐ိုက္ကူးသည့္ My Hero ႐ုပ္ရွင္ဇာတ္ကား၌ စိတၱဇဆန္ဆန္ ဇာတ္႐ုပ္ျဖင့္ ပါဝင္သ႐ုပ္ေဆာင္ေနေၾကာင္း ၎က ေျပာသည္။

‘‘႐ိုက္ျဖစ္ခဲ့တာကေတာ့ မာန္ထက္ခ်ီ႐ုပ္ရွင္ထုတ္လုပ္ေရးက မင္းသမီးအသစ္တင္ခ်င္တာနဲ႔ ေမၾကည့္ကိုလည္း Myanmar Idol မွာ သတိထားမိတာေၾကာင့္ အျမင္ေလးဆန္းသြားေအာင္ဆုိ ၿပီး သူတို႔ဘက္က ကမ္းလွမ္းခဲ့တာ ပါ။ ေမၾကည္ကလည္း သ႐ုပ္ ေဆာင္ ဝါသနာပါတာေၾကာင့္ လက္ခံျဖစ္ခဲ့တာပါ’’ဟု အဆုိပါ ဇာတ္ကားတြင္ ပါဝင္႐ိုက္ကူးျဖစ္ သည့္အေၾကာင္း ၎က ေျပာ သည္။ My Hero ႐ုပ္ရွင္ဇာတ္ကား တြင္ ေမၾကည္က ေသြးကို မျမင္ရ လွ်င္ မေနႏုိင္သည့္ စိတၱဇဆန္ ဆန္မိန္းကေလးအျဖစ္ သ႐ုပ္ ေဆာင္ထားေၾကာင္း ၎က ဆုိ သည္။

‘‘ေမၾကည္က သီခ်င္းသာဆို ဖူးတာ။ ဒါက ေမၾကည္ရဲ႕ဘဝအ တြက္ အမွတ္တရတစ္ခုလည္းျဖစ္ တယ္။ စြန္႔လည္းစြန္႔စားရပါတယ္။ ကိုယ္က သ႐ုပ္ေဆာင္ဘက္မွာ မလုပ္ထားဖူးေတာ့ အရမ္းအခက္ အခဲရွိပါတယ္။ ဒါက မုဒ္ပါမွ အ ျပင္ကပံုစံကို သ႐ုပ္ေဆာင္ရတာ ဟန္ေဆာင္မႈေတြလုပ္ရတာ ေၾကာင့္ပါ။ ဒါ႐ိုက္တာကလည္း အမ်ားႀကီးသင္ေပးပါတယ္။ ေနာက္ၿပီး ဒီကားထဲမွာပါတဲ့ ကိုယ့္ထက္ဝါရင့္တဲ့သူေတြကလည္း ပံ့ပိုးေပးၾကပါတယ္’’ဟု ပထမဆံုး ႐ုပ္ရွင္႐ိုက္ကူးျဖစ္သည့္ ခံစားမႈ ကို ေျပာသည္။

အဆုိပါ ႐ုပ္ရွင္ဇာတ္ကား တြင္ ေမၾကည္က ဟိန္းေဝယံ၊ မင္းဦး၊ ေအးျမတ္သူတို႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ေနၿပီး ျပင္ဦး လြင္ၿမိဳ႕၌ ႐ိုက္ကူးေနျခင္းျဖစ္ သည္။

‘‘သ႐ုပ္ေဆာင္တာကေတာ့ ဝါသနာပါတယ္။ ဒါေပမဲ့ ကိုယ့္ ကိုယ္ကိုယ္ ယံုၾကည္မႈမရွိဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ ကိုယ့္အ ေျခအေနနဲ႔က်ေတာ့ သ႐ုပ္ေဆာင္ဖို႔က အရမ္းအေဝးႀကီးပဲ။ ထင္ ေတာင္မထင္ထားဘူး။ ငယ္ငယ္ တုန္းကေတာ့ ကိုယ့္ကိုယ္ကိုယ္ မွန္ၾကည့္ၿပီး သ႐ုပ္ေဆာင္ၾကည့္ တာတုိ႔ ပိုးေတာ့ရွိတယ္။ ေနာက္ ၿပီး ျပဇာတ္ေတြမွာလည္း ဝင္ၿပီး သ႐ုပ္ေဆာင္ဖူးတယ္’’ဟု သ႐ုပ္ ေဆာင္ႏွင့္ပတ္သက္၍ ၎၏ ခံစားမႈကို ေျပာသည္။

အႏုပညာလႈပ္ရွားမႈအျဖစ္ ဂီတလႈပ္ရွားမႈမ်ားကို ဆက္လက္ ျပဳလုပ္ရန္ အစီအစဥ္ရွိသကဲ့သုိ႔သ႐ုပ္ေဆာင္ရာတြင္လည္း အေျခအေနေပးပါက ဆက္လက္လုပ္ ကိုင္မည္ဟု ၎က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
Myanmar Idol ပြိုင်ပွဲ တွင် ပရိသတ်အသိအမှတ်ပြုမှု ရရှိခဲ့သော မေကြည်က ဒါရိုက် တာဝင်းထွန်းထွန်း ရိုက်ကူးသည့် My Hero ရုပ်ရှင်ဇာတ်ကား၌ စိတ္တဇဆန်ဆန် ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

‘‘ရိုက်ဖြစ်ခဲ့တာကတော့ မာန်ထက်ချီရုပ်ရှင်ထုတ်လုပ်ရေးက မင်းသမီးအသစ်တင်ချင်တာနဲ့ မေကြည့်ကိုလည်း Myanmar Idol မှာ သတိထားမိတာကြောင့် အမြင်လေးဆန်းသွားအောင်ဆို ပြီး သူတို့ဘက်က ကမ်းလှမ်းခဲ့တာ ပါ။ မေကြည်ကလည်း သရုပ် ဆောင် ဝါသနာပါတာကြောင့် လက်ခံဖြစ်ခဲ့တာပါ’’ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်ရိုက်ကူးဖြစ် သည့်အကြောင်း ၎င်းက ပြော သည်။ My Hero ရုပ်ရှင်ဇာတ်ကား တွင် မေကြည်က သွေးကို မမြင်ရ လျှင် မနေနိုင်သည့် စိတ္တဇဆန် ဆန်မိန်းကလေးအဖြစ် သရုပ် ဆောင်ထားကြောင်း ၎င်းက ဆို သည်။

‘‘မေကြည်က သီချင်းသာဆို ဖူးတာ။ ဒါက မေကြည်ရဲ့ဘဝအ တွက် အမှတ်တရတစ်ခုလည်းဖြစ် တယ်။ စွန့်လည်းစွန့်စားရပါတယ်။ ကိုယ်က သရုပ်ဆောင်ဘက်မှာ မလုပ်ထားဖူးတော့ အရမ်းအခက် အခဲရှိပါတယ်။ ဒါက မုဒ်ပါမှ အ ပြင်ကပုံစံကို သရုပ်ဆောင်ရတာ ဟန်ဆောင်မှုတွေလုပ်ရတာ ကြောင့်ပါ။ ဒါရိုက်တာကလည်း အများကြီးသင်ပေးပါတယ်။ နောက်ပြီး ဒီကားထဲမှာပါတဲ့ ကိုယ့်ထက်ဝါရင့်တဲ့သူတွေကလည်း ပံ့ပိုးပေးကြပါတယ်’’ဟု ပထမဆုံး ရုပ်ရှင်ရိုက်ကူးဖြစ်သည့် ခံစားမှု ကို ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား တွင် မေကြည်က ဟိန်းဝေယံ၊ မင်းဦး၊ အေးမြတ်သူတို့နှင့်အတူ ပါဝင်သရုပ်ဆောင်နေပြီး ပြင်ဦး လွင်မြို့၌ ရိုက်ကူးနေခြင်းဖြစ် သည်။

‘‘သရုပ်ဆောင်တာကတော့ ဝါသနာပါတယ်။ ဒါပေမဲ့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အ ခြေအနေနဲ့ကျတော့ သရုပ်ဆောင်ဖို့က အရမ်းအဝေးကြီးပဲ။ ထင် တောင်မထင်ထားဘူး။ ငယ်ငယ် တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် မှန်ကြည့်ပြီး သရုပ်ဆောင်ကြည့် တာတို့ ပိုးတော့ရှိတယ်။ နောက် ပြီး ပြဇာတ်တွေမှာလည်း ဝင်ပြီး သရုပ်ဆောင်ဖူးတယ်’’ဟု သရုပ် ဆောင်နှင့်ပတ်သက်၍ ၎င်း၏ ခံစားမှုကို ပြောသည်။

အနုပညာလှုပ်ရှားမှုအဖြစ် ဂီတလှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ရန် အစီအစဉ်ရှိသကဲ့သို့သရုပ်ဆောင်ရာတွင်လည်း အခြေအနေပေးပါက ဆက်လက်လုပ် ကိုင်မည်ဟု ၎င်းက ဆိုသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top