Property Expo
×



Credit:Lwin Pyin

#Unicode Versionမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss Supranational Myanmar 2016 ဆွေဇင်ထက် ကတော့ Miss Supranational 2016 ပြိုင်ပွဲကြီး သို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပရာ ပိုလန်နိုင်ငံသို့ နိုဝင်ဘာ(၁၆)ရက်နေ့ ကတည်း က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Miss Supranational 2016 ပြိုင်ပွဲကြီးကို Poland နှင့် Slovak Republic နိုင်ငံများတွင် နိုဝင်ဘာလ (၁၈)မှ ဒီဇင်ဘာလ (၂)ရက်နေ့ထိကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၈၀)ကျော်မှ အလှမယ်များစွာကလည်း လာရောက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကြီး တစ်ခုဖြစ်ပါတယ်။
Miss Supranational ပြိုင်ပွဲကို မြန်မာနိုင်ငံ Miss Golden Land Organization မှ ၂၀၁၃ခုနှစ်ကတည်းက အလှမယ်များ စေလွှတ်ကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational 2013 က အလှမယ် ခင်ဝင့်ဝါ၊ 2014က အလှမယ် ဟန်သီ၊ 2015 က အလှမယ် L ဘောက်နူးတို့ က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး 2016 ကိုတော့ အလှမယ် ဆွေဇင်ထက် က ဝင်ရောက်ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top