Property Expo
×

 ႏွစ္သစ္ကူးညေဖ်ာ္ေျဖ ပြဲအျဖစ္ ၂၀၁၆ ကမၻာ႔နံပါတ္(၁) ဒီေဂ်အျဖစ္ သတ္မွတ္ခံထားရ ေသာ Martin Garrix ပါဝင္မည့္ ေဖ်ာ္ေျဖပြဲျပဳလုပ္ရန္ အစီအစဥ္ ရွိေၾကာင္း    ယင္းေဖ်ာ္ေျဖပြဲကို စီစဥ္သူ ကိုမ်ိဳးခန္႔ေက်ာ္က ေျပာ သည္။

‘‘သူ (Martin Garrix)က ကြၽန္ေတာ္တို႔ထက္ပိုေပးတဲ့ သြား လို႔ရမယ့္ေနရာေတြရွိပါတယ္။ ဒါ ေပမဲ့ ကြၽန္ေတာ္တို႔ျမန္မာျပည္ကို သူ႔ရဲ႕စိတ္ထဲက ဖီလင္တစ္ခုအေန နဲ႔ လာၿပီးေတာ့ ဒီႏွစ္အတြက္ သူ႔ ရဲ႕ေနာက္ဆံုးပြဲအေနနဲ႔ ဆင္ႏႊဲမွာ ပါ’’ဟု ၎က ေျပာသည္။

အဆိုပါေဖ်ာ္ေျဖပြဲကို ဒီဇင္ဘာ ၃၁ ရက္ညတြင္ သုဝဏၰပန္းၿခံေဘးရွိ The One Entertainment Park ၌ ျပဳလုပ္မည္ျဖစ္ၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားအပါအဝင္ ဂိမ္းအစီအစဥ္မ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း ၎က ေျပာ သည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ ကမၻာ႔ အေကာင္းဆံုး ၁၀၀ စာရင္းဝင္ ဒီေဂ်မ်ားလည္း ထပ္မံပါဝင္ရန္ အစီအစဥ္ရွိၿပီး www.avamusic festival.com တြင္ ေဖ်ာ္ေျဖပြဲ ႏွင့္ပတ္သက္သည့္ သတင္းမ်ား ကို ၾကည့္႐ႈႏိုင္မည္ဟု ကိုမ်ိဳးခန္႔ ေက်ာ္က ေျပာသည္။

ေဖ်ာ္ေျဖပြဲ၏ႀကိဳတင္လက္ မွတ္မ်ားကို ႏုိဝင္ဘာ ၁၈ ရက္က စတင္ေရာင္းခ်ခဲ့ၿပီး က်ပ္ သံုး ေသာင္းတန္လက္မွတ္မ်ားကို Phone Order အေနျဖင့္ ေရာင္း ခ်ေပးခဲ့ရာ သတ္မွတ္ထားသည့္ လက္မွတ္အေရအတြက္မွာ သံုး ရက္အတြင္း ကုန္သြားေသာ ေၾကာင့္ ထပ္မံေရာင္းခ်ေပးမည့္ လက္မွတ္ေစ်းႏႈန္းမ်ားႏွင့္ လက္ မွတ္အမ်ိဳးအစားမ်ားကို ယခုရက္ ပိုင္းအတြင္း ေၾကညာေပးမည္ဟု ၎က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နှစ်သစ်ကူးညဖျော်ဖြေ ပွဲအဖြစ် ၂၀၁၆ ကမ္ဘာ့နံပါတ်(၁) ဒီဂျေအဖြစ် သတ်မှတ်ခံထားရ သော Martin Garrix ပါဝင်မည့် ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ် ရှိကြောင်း    ယင်းဖျော်ဖြေပွဲကို စီစဉ်သူ ကိုမျိုးခန့်ကျော်က ပြော သည်။

‘‘သူ (Martin Garrix)က ကျွန်တော်တို့ထက်ပိုပေးတဲ့ သွား လို့ရမယ့်နေရာတွေရှိပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့မြန်မာပြည်ကို သူ့ရဲ့စိတ်ထဲက ဖီလင်တစ်ခုအနေ နဲ့ လာပြီးတော့ ဒီနှစ်အတွက် သူ့ ရဲ့နောက်ဆုံးပွဲအနေနဲ့ ဆင်နွှဲမှာ ပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက်ညတွင် သုဝဏ္ဏပန်းခြံဘေးရှိ The One Entertainment Park ၌ ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များအပါအဝင် ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ယင်းဖျော်ဖြေပွဲတွင် ကမ္ဘာ့ အကောင်းဆုံး ၁၀၀ စာရင်းဝင် ဒီဂျေများလည်း ထပ်မံပါဝင်ရန် အစီအစဉ်ရှိပြီး www.avamusic festival.com တွင် ဖျော်ဖြေပွဲ နှင့်ပတ်သက်သည့် သတင်းများ ကို ကြည့်ရှုနိုင်မည်ဟု ကိုမျိုးခန့် ကျော်က ပြောသည်။

ဖျော်ဖြေပွဲ၏ကြိုတင်လက် မှတ်များကို နိုဝင်ဘာ ၁၈ ရက်က စတင်ရောင်းချခဲ့ပြီး ကျပ် သုံး သောင်းတန်လက်မှတ်များကို Phone Order အနေဖြင့် ရောင်း ချပေးခဲ့ရာ သတ်မှတ်ထားသည့် လက်မှတ်အရေအတွက်မှာ သုံး ရက်အတွင်း ကုန်သွားသော ကြောင့် ထပ်မံရောင်းချပေးမည့် လက်မှတ်ဈေးနှုန်းများနှင့် လက် မှတ်အမျိုးအစားများကို ယခုရက် ပိုင်းအတွင်း ကြေညာပေးမည်ဟု ၎င်းက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top