Property Expo
×

 ေအာက္တိုဘာ ၂၆ ရက္က Style Secret အစီအစဥ္႐ိုက္ ကူးရင္း မေတာ္တဆဒဏ္ရာရရွိ ခဲ့ေသာေၾကာင့္ ပင္လံုေဆး႐ံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း ေမာ္ဒယ္ Mဆုိင္းလူက ေျပာ သည္။

‘‘ညီမ ၂၆ ရက္ကေန အခု ခ်ိန္အထိေတာ့ ေဆးကုသမႈခံယူ ေနရတုန္းပါ။ စျဖစ္ခါစထက္စာ ရင္ေတာ့ နည္းနည္းသက္သာလာ ပါၿပီ’’ဟု ပင္လံုေဆး႐ံုတြင္ တက္ ေရာက္ေနသည့္ Mဆုိင္းလူက ေျပာသည္။

လူမႈကြန္ရက္စာမ်က္ႏွာ တြင္ Mဆုိင္းလူ ေဆး႐ံုတက္ ေရာက္ေနသည့္ပံုမ်ားႏွင့္ ထိခိုက္ ဒဏ္ရာရရွိသည့္ပံုမ်ား ႏိုဝင္ဘာ ၃ ရက္က ပ်ံ႕ႏွံ႔လာခဲ့ရာ ပရိသတ္ မ်ားက Mဆုိင္းလူအတြက္ စိတ္ပူ ေၾကာင္း မွတ္ခ်က္မ်ား ေရးသား ထားၾကသည္။

‘‘ပရိသတ္ေတြ ညီမကို အ ျမန္ဆံုးသက္သာဖို႔ပဲ ဆုေတာင္း ေပးၾကပါ။ ေလာေလာဆယ္ေတာ့ ေက်ာက္ပတ္တီးစည္းထားတာဆုိေတာ့ ေျခေထာက္အေျခအေန ကို အဲဒီအခ်ိန္မွာပဲ သိရမယ္။ ပရိ သတ္ေတြကိုလည္း ေက်းဇူးတင္ ပါတယ္လို႔ ေျပာခ်င္ပါတယ္’’ဟု ပရိသတ္မ်ား၏ ဆုေတာင္းစကား မ်ားအေပၚ ၎က ေျပာသည္။

အဆုိပါ ထိခိုက္ဒဏ္ရာရရွိ မႈႏွင့္ပတ္သက္၍ Style Secret အစီအစဥ္၏ တာဝန္ရွိသူတစ္ဦး ျဖစ္သည့္ အစီအစဥ္တင္ဆက္သူ ဇင္ေအာင္က ‘‘႐ိုက္ကူးေနတဲ့အ ခ်ိန္မွာ ျဖစ္တာေတာ့ မဟုတ္ပါ ဘူး။ ကြၽန္ေတာ္တုိ႔အားလံုး နား ေနတဲ့အခ်ိန္ Setting ျပန္ျပင္ေန တဲ့အခ်ိန္မွာ ျဖစ္သြားတာပါ’’ဟု ေျပာသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ သည့္ ဓာတ္ပံုမ်ား၌ Mဆုိင္းလူ က   ေရကန္ထဲဝင္၍   ဓာတ္ပံု ႐ိုက္ကူးေနသည့္ ပံုမ်ားလည္း ပါဝင္ေသာေၾကာင့္ ေရကန္အ တြင္း ဓာတ္ပံု႐ိုက္ကူးစဥ္ ျဖစ္ႏုိင္ သည္ဟု ေျပာဆိုသည့္အေၾကာင္း အရာမွာလည္း မဟုတ္မွန္ေၾကာင္းဇင္ေအာင္က ေျပာသည္။

အဆုိပါ မေတာ္တဆမႈျဖစ္ စဥ္ေၾကာင့္ Mဆုိင္းလူႏွင့္အတူ ဓာတ္ပံု႐ိုက္ကူးသူႏွင့္ MRTV 4 မွ ဝန္ထမ္းအခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး အဆုိပါ႐ိုက္ကူးေရးျပဳ လုပ္ရာေနရာႏွင့္ အနီးဆံုးတြင္ရွိ သည့္ ပင္လံုေဆး႐ံုသို႔ပို႔ကာ ေဆး ကုသမႈခံယူေစခဲ့သည္ဟု ၎က ဆုိသည္။

Mဆုိင္းလူ၏ ေျခေထာက္ ႏွင့္ လက္မ်ားတြင္ မွန္ကြဲရွသည့္ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ႏိုဝင္ဘာ ၇ရက္၌    ခ်ဳပ္႐ိုးေျဖမည္ျဖစ္ကာ အနားယူရန္ ဆရာဝန္က ၫႊန္ၾကားထားေၾကာင္း ဇင္ေအာင္က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အောက်တိုဘာ ၂၆ ရက်က Style Secret အစီအစဉ်ရိုက် ကူးရင်း မတော်တဆဒဏ်ရာရရှိ ခဲ့သောကြောင့် ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မော်ဒယ် Mဆိုင်းလူက ပြော သည်။

‘‘ညီမ ၂၆ ရက်ကနေ အခု ချိန်အထိတော့ ဆေးကုသမှုခံယူ နေရတုန်းပါ။ စဖြစ်ခါစထက်စာ ရင်တော့ နည်းနည်းသက်သာလာ ပါပြီ’’ဟု ပင်လုံဆေးရုံတွင် တက် ရောက်နေသည့် Mဆိုင်းလူက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာ တွင် Mဆိုင်းလူ ဆေးရုံတက် ရောက်နေသည့်ပုံများနှင့် ထိခိုက် ဒဏ်ရာရရှိသည့်ပုံများ နိုဝင်ဘာ ၃ ရက်က ပျံ့နှံ့လာခဲ့ရာ ပရိသတ် များက Mဆိုင်းလူအတွက် စိတ်ပူ ကြောင်း မှတ်ချက်များ ရေးသား ထားကြသည်။

‘‘ပရိသတ်တွေ ညီမကို အ မြန်ဆုံးသက်သာဖို့ပဲ ဆုတောင်း ပေးကြပါ။ လောလောဆယ်တော့ ကျောက်ပတ်တီးစည်းထားတာဆိုတော့ ခြေထောက်အခြေအနေ ကို အဲဒီအချိန်မှာပဲ သိရမယ်။ ပရိ သတ်တွေကိုလည်း ကျေးဇူးတင် ပါတယ်လို့ ပြောချင်ပါတယ်’’ဟု ပရိသတ်များ၏ ဆုတောင်းစကား များအပေါ် ၎င်းက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိ မှုနှင့်ပတ်သက်၍ Style Secret အစီအစဉ်၏ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် အစီအစဉ်တင်ဆက်သူ ဇင်အောင်က ‘‘ရိုက်ကူးနေတဲ့အ ချိန်မှာ ဖြစ်တာတော့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့အားလုံး နား နေတဲ့အချိန် Setting ပြန်ပြင်နေ တဲ့အချိန်မှာ ဖြစ်သွားတာပါ’’ဟု ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ သည့် ဓာတ်ပုံများ၌ Mဆိုင်းလူ က   ရေကန်ထဲဝင်၍   ဓာတ်ပုံ ရိုက်ကူးနေသည့် ပုံများလည်း ပါဝင်သောကြောင့် ရေကန်အ တွင်း ဓာတ်ပုံရိုက်ကူးစဉ် ဖြစ်နိုင် သည်ဟု ပြောဆိုသည့်အကြောင်း အရာမှာလည်း မဟုတ်မှန်ကြောင်းဇင်အောင်က ပြောသည်။

အဆိုပါ မတော်တဆမှုဖြစ် စဉ်ကြောင့် Mဆိုင်းလူနှင့်အတူ ဓာတ်ပုံရိုက်ကူးသူနှင့် MRTV 4 မှ ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါရိုက်ကူးရေးပြု လုပ်ရာနေရာနှင့် အနီးဆုံးတွင်ရှိ သည့် ပင်လုံဆေးရုံသို့ပို့ကာ ဆေး ကုသမှုခံယူစေခဲ့သည်ဟု ၎င်းက ဆိုသည်။

Mဆိုင်းလူ၏ ခြေထောက် နှင့် လက်များတွင် မှန်ကွဲရှသည့် ဒဏ်ရာများရရှိခဲ့ပြီး နိုဝင်ဘာ ၇ရက်၌    ချုပ်ရိုးဖြေမည်ဖြစ်ကာ အနားယူရန် ဆရာဝန်က ညွှန်ကြားထားကြောင်း ဇင်အောင်က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top