Property Expo
×

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ Terminal (1) ရွိ ဂိတ္ေပါက္ (၃)အနီးတြင္ မေပါက္ကြဲေသးသည့္ M-150 အခ်ဳိရည္ပုလင္းေလးလံုးကို ႏိုဝင္ဘာ ၂၉ ရက္က ေတြ႕ရွိခဲ့ၿပီး အထဲတြင္ပါသည့္ အရည္မ်ားမွာ ဖေယာင္းႏွင့္ အဆီတို႔ ေရာစပ္ထားသည့္ဒဏ္ေက်လိမ္းေဆးမ်ားျဖစ္ေၾကာင္း  သတင္းရရွိသည္။

ဂိတ္ေပါက္ (၃)အနီးရွိ ေလယာဥ္လက္မွတ္ အေရာင္းေကာင္တာေဘးတြင္ ႂကြပ္ႂကြပ္အိတ္အစိမ္းေရာင္တစ္လံုးကို မသကၤာဖြယ္ ေတြ႕ရွိ၍ နယ္ေျမခံတပ္မွ အထူးမိုင္းရွင္းလင္းေရးအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက သြားေရာက္ရွင္းလင္းရာ ႂကြပ္ႂကြပ္အိတ္ထဲ၌ M-150 အခ်ဳိရည္ ပုလင္းေလးလံုးကို ေတြ႕ရွိခဲ့ၿပီး ပုလင္းမ်ားအတြင္း အဝါေရာင္ အရည္ ပ်စ္ပ်စ္မ်ား ထည့္ထားသည္ကို ေတြ႕ရွိရေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္သည္။

အခ်ဳိရည္ ပုလင္းမ်ားကို အထူးမိုင္းရွင္းလင္းေရးအဖြဲ႕မ်ား က စနစ္တက် ရွင္းလင္းေဆာင္ ရြက္ၿပီး ရန္ကုန္ေလဆိပ္အတြင္း ေနရာမ်ားတြင္ အေသးစိတ္ ရွင္း လင္းေဆာင္ရြက္ခဲ့ေၾကာင္းႏွင့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား က ျပည္သူလူထု ထိတ္လန္႔မႈမ်ား ျဖစ္ေပၚေစရန္ ရည္ရြယ္လုပ္ ေဆာင္ျခင္းျဖစ္ေၾကာင္း ထပ္မံ သတင္းထုတ္ျပန္ထားသည္။

အဆိုပါ M-150 အခ်ဳိရည္ ပုလင္းေလးလံုးကို လံုၿခံဳစိတ္ခ် ရသည့္ေနရာသို႔ ေရႊ႕ေျပာင္း၍ စစ္ေဆးရာ ေပါက္ကြဲေစတတ္ေသာဓာတုပစၥည္းပါ ရွိျခင္းမရွိဘဲ အတြင္း၌ပါရွိေသာ အရည္မွာ ဖေယာင္းႏွင့္ အဆီတို႔ေရာစပ္ထားေသာဒဏ္ေက်လိမ္းေဆး အဆီမ်ားျဖစ္ေၾကာင္း ပဏာမစစ္ေဆးခ်က္အရ သိရွိရသည္ဟု ႏိုင္ငံေတာ္အတုိင္ပင္ခံ႐ံုးသတင္းထုတ္ျပန္ေရး ေကာ္မတီက သတင္းထုတ္ျပန္ထားသည္။ ထုိ႔အျပင္ အခ်ဳိရည္ပုလင္းေလးလံုးကို ဓာတုေဗဒဝန္႐ံုးသို႔ ေပးပို႔၍ အေသးစိတ္ ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း ထပ္မံသတင္းထုတ္ျပန္ထားသည္။

‘‘ဂိတ္(၃) မွာ အခ်ဳိရည္ ပုလင္းေတြ႕တာပါ။ စစ္တပ္က ေတာ့ လာရွင္းပါတယ္။ ဗံုးဟုတ္၊ မဟုတ္ေတာ့ ေသခ်ာမေျပာဘူး ဗ်။ အားလံုးရွင္းလင္းၿပီးသြားပါၿပီ’’ ဟု ရန္ကန္ေလဆိပ္မွ လံုၿခံဳေရး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

M-150 အခ်ဳိရည္ပုလင္း ေတြ႕ရွိမႈႏွင့္ပတ္သက္၍ ရန္ကုန္ ေလဆိပ္ ရဲတပ္ဖြဲ႕သို႔ သြားေရာက္ ေမးျမန္းရာ ၎တို႔ထံ သတင္း မေရာက္ရွိေသးေၾကာင္း ေျပာ သည္။ M-150 အခ်ဳိရည္ပုလင္း ေတြ႕ရွိေသာ ရန္ကုန္အျပည္ျပည္ ဆိုင္ရာ ေလဆိပ္ Terminal (1) ကို ရွင္းလင္းေရးမ်ား ျပဳလုပ္ၿပီး ေနာက္ ပံုမွန္အတိုင္း လည္ပတ္ လ်က္ရွိသည္ကို ေတြ႕ရသည္။

ရန္ကုန္ၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၇ ရက္မွ ၂၅ ရက္အထိ ကိုးရက္ အတြင္း အဆိုပါ M-150 အခ်ဳိ ရည္ပုလင္းမ်ားကို အသံုးျပဳ၍ အစိုးရ႐ံုးႏွင့္ ေစ်းဝယ္ကုန္တိုက္ မ်ား အပါအဝင္ အေသးစား ေပါက္ကြဲမႈ ေလးေနရာျဖစ္ပြားခဲ့ ၿပီး ေပါက္ကြဲမႈ ၁၂ ႀကိမ္ ျဖစ္ပြားခဲ့ သည္။ ႏိုဝင္ဘာ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ ေတာင္ဒဂံုၿမိဳ႕နယ္ရွိ လူဝင္မႈႀကီးၾကပ္ေရး႐ံုးအတြင္း အေသးစားေပါက္ကြဲမႈ ေလးႀကိမ္ ျဖစ္ပြားခဲ့သည္။ ႏိုဝင္ဘာ ၂၀ ရက္ညကလည္း ေဒါပံုၿမိဳ႕နယ္ရွိ Capital Hypermarket ေစ်းဝယ္ စင္တာတြင္ မိနစ္ပိုင္းအတြင္း ေနရာ ႏွစ္ေနရာ၌ အေသးစား ေပါက္ကြဲမႈ ေလးႀကိမ္ျဖစ္ပြားခဲ့ သည္။ ႏိုဝင္ဘာ ၁၇ ရက္က မရမ္းကုန္းၿမိဳ႕နယ္ ျပည္လမ္းႏွင့္ ေတာ္ဝင္လမ္းေထာင့္ Ocean Center ေျမညီထပ္ရွိ အမ်ားသံုး အမ်ဳိးသားသန္႔စင္ခန္းအတြင္းႏွင့္ ကားပါကင္တို႔၌ ေပါက္ကြဲမႈ ႏွစ္ ႀကိမ္ ျဖစ္ပြားခဲ့သည္။

ႏိုဝင္ဘာ ၂၅ ရက္ညေနက ရန္ကုန္ၿမိဳ႕ရွိ အစိုးရ႐ံုးအတြင္း အေသးစားေပါက္ကြဲမႈ ႏွစ္ႀကိမ္ ျဖစ္ပြားၿပီးေနာက္ မသကၤာသူ အမ်ဳိးသမီးကို စစ္ေဆးရာမွ သံသယရွိ တရားခံမ်ားကို ဖမ္းဆီးမိခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (1) ရှိ ဂိတ်ပေါက် (၃)အနီးတွင် မပေါက်ကွဲသေးသည့် M-150 အချိုရည်ပုလင်းလေးလုံးကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရှိခဲ့ပြီး အထဲတွင်ပါသည့် အရည်များမှာ ဖယောင်းနှင့် အဆီတို့ ရောစပ်ထားသည့်ဒဏ်ကျေလိမ်းဆေးများဖြစ်ကြောင်း  သတင်းရရှိသည်။

ဂိတ်ပေါက် (၃)အနီးရှိ လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးတွင် ကြွပ်ကြွပ်အိတ်အစိမ်းရောင်တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိ၍ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းရာ ကြွပ်ကြွပ်အိတ်ထဲ၌ M-150 အချိုရည် ပုလင်းလေးလုံးကို တွေ့ရှိခဲ့ပြီး ပုလင်းများအတွင်း အဝါရောင် အရည် ပျစ်ပျစ်များ ထည့်ထားသည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အချိုရည် ပုလင်းများကို အထူးမိုင်းရှင်းလင်းရေးအဖွဲ့များ က စနစ်တကျ ရှင်းလင်းဆောင် ရွက်ပြီး ရန်ကုန်လေဆိပ်အတွင်း နေရာများတွင် အသေးစိတ် ရှင်း လင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ က ပြည်သူလူထု ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်ကြောင်း ထပ်မံ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ M-150 အချိုရည် ပုလင်းလေးလုံးကို လုံခြုံစိတ်ချ ရသည့်နေရာသို့ ရွှေ့ပြောင်း၍ စစ်ဆေးရာ ပေါက်ကွဲစေတတ်သောဓာတုပစ္စည်းပါ ရှိခြင်းမရှိဘဲ အတွင်း၌ပါရှိသော အရည်မှာ ဖယောင်းနှင့် အဆီတို့ရောစပ်ထားသောဒဏ်ကျေလိမ်းဆေး အဆီများဖြစ်ကြောင်း ပဏာမစစ်ဆေးချက်အရ သိရှိရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် အချိုရည်ပုလင်းလေးလုံးကို ဓာတုဗေဒဝန်ရုံးသို့ ပေးပို့၍ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ထပ်မံသတင်းထုတ်ပြန်ထားသည်။

‘‘ဂိတ်(၃) မှာ အချိုရည် ပုလင်းတွေ့တာပါ။ စစ်တပ်က တော့ လာရှင်းပါတယ်။ ဗုံးဟုတ်၊ မဟုတ်တော့ သေချာမပြောဘူး ဗျ။ အားလုံးရှင်းလင်းပြီးသွားပါပြီ’’ ဟု ရန်ကန်လေဆိပ်မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

M-150 အချိုရည်ပုလင်း တွေ့ရှိမှုနှင့်ပတ်သက်၍ ရန်ကုန် လေဆိပ် ရဲတပ်ဖွဲ့သို့ သွားရောက် မေးမြန်းရာ ၎င်းတို့ထံ သတင်း မရောက်ရှိသေးကြောင်း ပြော သည်။ M-150 အချိုရည်ပုလင်း တွေ့ရှိသော ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် Terminal (1) ကို ရှင်းလင်းရေးများ ပြုလုပ်ပြီး နောက် ပုံမှန်အတိုင်း လည်ပတ် လျက်ရှိသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကိုးရက် အတွင်း အဆိုပါ M-150 အချို ရည်ပုလင်းများကို အသုံးပြု၍ အစိုးရရုံးနှင့် ဈေးဝယ်ကုန်တိုက် များ အပါအဝင် အသေးစား ပေါက်ကွဲမှု လေးနေရာဖြစ်ပွားခဲ့ ပြီး ပေါက်ကွဲမှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ သည်။ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးအတွင်း အသေးစားပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်ညကလည်း ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ် စင်တာတွင် မိနစ်ပိုင်းအတွင်း နေရာ နှစ်နေရာ၌ အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ သည်။ နိုဝင်ဘာ ၁၇ ရက်က မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့် Ocean Center မြေညီထပ်ရှိ အများသုံး အမျိုးသားသန့်စင်ခန်းအတွင်းနှင့် ကားပါကင်တို့၌ ပေါက်ကွဲမှု နှစ် ကြိမ် ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်ညနေက ရန်ကုန်မြို့ရှိ အစိုးရရုံးအတွင်း အသေးစားပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီးနောက် မသင်္ကာသူ အမျိုးသမီးကို စစ်ဆေးရာမှ သံသယရှိ တရားခံများကို ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top