Kantharyar Centre
×

 ေနျပည္ေတာ္ ေကာင္စီနယ္ေျမရွိ Junction Centre ကားရပ္နားရာ၀င္းအတြင္း စြန္႔ပစ္ထားသည့္ M-150 အခ်ိဳရည္ပုလင္းခြံကို လံုၿခံဳေရး၀န္ထမ္းမ်ားက ဗံုးဟုသံသယရွိၿပီး အ ေၾကာင္းၾကားသျဖင့္ သြားေရာက္ စစ္ေဆးရာ အခ်ိဳရည္ေသာက္ၿပီး စြန္႔ပစ္ထားေသာ ဘူးခြံသာျဖစ္ေန သည္။

ႏုိ၀င္ဘာ ၂၇ ရက္ ညေနက ဒကိၡဏသီရိၿမိဳ႕နယ္ရွိ Junction Centre ကားရပ္နားရာ၀င္းအ တြင္း၌ စြန္႔ပစ္ထားသည့္ အနက္ ေရာင္ M-150 အခ်ိဳရည္ပုလင္း တစ္လံုးကုိ ေစ်း၀ယ္စင္တာရိွ လံု ၿခံဳေရး၀န္ထမ္းမ်ားက သတိျပဳမိ ၿပီး အေၾကာင္းၾကားလာသျဖင့္ သြားေရာက္စစ္ေဆးရာ ေပါက္ကဲြ ေစတတ္သည့္ပစၥည္းမဟုတ္သ ျဖင့္ အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ ၍ ဆက္လက္စံုစမ္းစစ္ေဆးမႈမ်ား မျပဳလုပ္ေတာ့ၾကာင္း ေနျပည္ေတာ္ တိုင္းရဲတပ္ဖဲြ႕မွဴး႐ံုးမွ ရဲမွဴးႀကီးေဇာ္ခင္ေအာင္က ေျပာသည္။

‘‘စည္းကမ္းမဲ့ အမိႈက္ပစ္ တာပါပဲ။ ဆက္ၿပီး စံုစမ္းဖို႔ မရိွပါ ဘူး’’ဟု ၎က ဆုိသည္။


သတင္းရရွိၿပီးေနာက္ အ ဆုိပါအခ်ိဳရည္ပုလင္းသည္ ဗံုးမ ဟုတ္ေၾကာင္း ၁၅ မိနစ္အတြင္း အတည္ျပဳႏုိင္ၿပီး အမ်ားျပည္သူ အလြန္အမင္း ထိတ္လန္႔မႈမ်ိဳးျဖစ္ ပြားခဲ့ျခင္းမရွိဟုလည္း ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ဆုိသည္။

‘‘M-150 ေသာက္ၿပီးသား အခ်ိဳရည္ပုလင္းခြံပါပဲ။ အဲဒီ ပု လင္းေတြ႕လို႔ လန္႔သြားတာ။ အ ထဲမွာ ဘာမွမရွိပါဘူး’’ဟု ဒကိၡဏ သီရိၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ေသာက္ၿပီးသား  ပုလင္းအ ခြံကို သပ္သပ္ရပ္ရပ္စြန္႔ပစ္ထား၍ ဗံုးဟုယူဆခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ယခုကဲ့သို႔ သတိရွိကာအေၾကာင္း ၾကားခဲ့ေသာ ၀န္ထမ္းမ်ားကို လည္း  ခ်ီးက်ဴးေၾကာင္း ရဲမွဴးႀကီး က ေျပာသည္။

  ‘‘အခ်ိဳရည္ဘူးေသာက္ၿပီး ေတာ့မွ သပ္သပ္ရပ္ရပ္တင္ထား တဲ့အခါက်ေတာ့ ဗံုးလို႔ယူဆတာ ပါ။ ကၽြန္ေတာ္တုိ႔ သြားရွင္းလုိက္ ပါၿပီ’’ဟု ရဲမွဴးႀကီးက ဆက္လက္ ေျပာၾကားသည္။

M-150 အခ်ိဳရည္ပုလင္းႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ရက္ပုိင္း အတြင္း ရန္ကုန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ သည့္ အေသးစားေပါက္ကဲြမႈမ်ား ၌ အဆိုပါ အခ်ိဳရည္ပုလင္းကိုသာ သံုးစဲြျခင္းေၾကာင့္ စိုးရိမ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း ရဲမွဴးႀကီး ေဇာ္ခင္ ေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

 နေပြည်တော် ကောင်စီနယ်မြေရှိ Junction Centre ကားရပ်နားရာဝင်းအတွင်း စွန့်ပစ်ထားသည့် M-150 အချိုရည်ပုလင်းခွံကို လုံခြုံရေးဝန်ထမ်းများက ဗုံးဟုသံသယရှိပြီး အ ကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးရာ အချိုရည်သောက်ပြီး စွန့်ပစ်ထားသော ဘူးခွံသာဖြစ်နေ သည်။

နိုဝင်ဘာ ၂၇ ရက် ညနေက ဒက္ခိဏသီရိမြို့နယ်ရှိ Junction Centre ကားရပ်နားရာဝင်းအ တွင်း၌ စွန့်ပစ်ထားသည့် အနက် ရောင် M-150 အချိုရည်ပုလင်း တစ်လုံးကို ဈေးဝယ်စင်တာရှိ လုံ ခြုံရေးဝန်ထမ်းများက သတိပြုမိ ပြီး အကြောင်းကြားလာသဖြင့် သွားရောက်စစ်ဆေးရာ ပေါက်ကွဲ စေတတ်သည့်ပစ္စည်းမဟုတ်သ ဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်တော့ကြာင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။

‘‘စည်းကမ်းမဲ့ အမှိုက်ပစ် တာပါပဲ။ ဆက်ပြီး စုံစမ်းဖို့ မရှိပါ ဘူး’’ဟု ၎င်းက ဆိုသည်။


သတင်းရရှိပြီးနောက် အ ဆိုပါအချိုရည်ပုလင်းသည် ဗုံးမ ဟုတ်ကြောင်း ၁၅ မိနစ်အတွင်း အတည်ပြုနိုင်ပြီး အများပြည်သူ အလွန်အမင်း ထိတ်လန့်မှုမျိုးဖြစ် ပွားခဲ့ခြင်းမရှိဟုလည်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

‘‘M-150 သောက်ပြီးသား အချိုရည်ပုလင်းခွံပါပဲ။ အဲဒီ ပု လင်းတွေ့လို့ လန့်သွားတာ။ အ ထဲမှာ ဘာမှမရှိပါဘူး’’ဟု ဒက္ခိဏ သီရိမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သောက်ပြီးသား  ပုလင်းအ ခွံကို သပ်သပ်ရပ်ရပ်စွန့်ပစ်ထား၍ ဗုံးဟုယူဆခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ သတိရှိကာအကြောင်း ကြားခဲ့သော ဝန်ထမ်းများကို လည်း  ချီးကျူးကြောင်း ရဲမှူးကြီး က ပြောသည်။

  ‘‘အချိုရည်ဘူးသောက်ပြီး တော့မှ သပ်သပ်ရပ်ရပ်တင်ထား တဲ့အခါကျတော့ ဗုံးလို့ယူဆတာ ပါ။ ကျွန်တော်တို့ သွားရှင်းလိုက် ပါပြီ’’ဟု ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

M-150 အချိုရည်ပုလင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ သည့် အသေးစားပေါက်ကွဲမှုများ ၌ အဆိုပါ အချိုရည်ပုလင်းကိုသာ သုံးစွဲခြင်းကြောင့် စိုးရိမ်ခဲ့ကြခြင်း ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top