Property Expo
×

ေဖ့စ္ဘြတ္ကပုိင္ဆုိင္တဲ့ အင္စတာဂရမ္ ဓာတ္ပုံမွ်ေဝတဲ့ မုိဘုိင္းအက္ပလီေကး႐ွင္းမွာ ဝန္ေဆာင္မႈအသစ္ႏွစ္ခုကုိ ထပ္မံ ျဖည့္စြက္လုိက္ေၾကာင္း သိရပါတယ္။ အင္စတာဂရမ္ရဲ႕ ဝန္ေဆာင္မႈအသစ္ႏွစ္ခုမွာ ဗီဒီယုိတုိက္႐ုိက္ ႐ုိက္ကူးထုတ္လႊင့္ႏုိင္တဲ့ Live ဝန္ေဆာင္မႈလည္း ပါဝင္လာပါတယ္။

အင္စတာဂရမ္ရဲ႕ Live ထုတ္လႊင့္မႈကုိ ကနဦးမွာ ေ႐ြးခ်ယ္ခြင့္ျပဳထားတဲ့ ႏုိင္ငံေတြမွာသာ အသုံးျပဳႏုိင္အုံးမွာ ျဖစ္ပါတယ္။ အင္စတာဂရမ္သုံးၿပီး Live ထုတ္လႊင့္မႈဟာ အလြန္႐ုိး႐ွင္းၿပီး ေဖ့စ္ဘြတ္မွာကဲ့သုိ႕ပင္ျဖစ္တယ္လုိ႕ ထုတ္ကုန္မန္ေနဂ်ာ ႐ွီလ္ပါဆာကာက ေျပာပါတယ္။

အင္စတာဂရမ္ျဖင့္ Live ထုတ္လႊင့္ပါက ထုတ္လႊင့္သူရဲ႕ follower မ်ားထံ အသိေပးတဲ့ notification ေပးပုိ႕သြားမွာလည္း ျဖစ္ပါတယ္။ Live ထုတ္လႊင့္မႈကုိ ၾကည့္႐ႈေနသူေတြက ထုတ္လႊင့္သူနဲ႕ ခ်က္တင္လုပ္ႏုိင္ၿပီး Live ထုတ္လႊင့္မႈကုိ ႏွစ္သက္ေၾကာင္း အသဲပုံမ်ားျဖင့္လည္း ျပသႏုိင္ပါတယ္။

အျခား ဝန္ေဆာင္မႈအသစ္မွာ အသုံးျပဳသူႏွစ္ဦးၾကား သီးသန္႕ဓာတ္ပုံမွ်ေဝ ျပသႏုိင္တဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။ အဆုိပါ ဝန္ေဆာင္မႈျဖင့္ အသုံးျပဳသူႏွစ္ဦးသာ အခ်င္းခ်င္းမွ်ေဝ ျမင္ေတြ႕ေစလုိတဲ့ ဓာတ္ပုံကုိ ေ႐ြးခ်ယ္ေပးပို႕ႏုိင္ၿပီး မိမိေပးပုိ႕လိုက္တဲ့ပုံုကုိ တစ္ဖက္လူက ၾကည့္႐ႈၿပီးခ်ိန္မွာ အဆုိပါ ဓာတ္ပုံဟာ ေပ်ာက္ကြယ္သြားမွာပါ။ ကမာၻတစ္ဝန္းမွာ ေန႕စဥ္ အင္စတာဂရမ္ အသုံးျပဳေနသူ သန္း ၁၀၀ ေက်ာ္႐ွိေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဖေ့စ်ဘွတ်ကပိုင်ဆိုင်တဲ့ အင်စတာဂရမ် ဓာတ်ပုံမျှဝေတဲ့ မိုဘိုင်းအက်ပလီကေးရှင်းမှာ ဝန်ဆောင်မှုအသစ်နှစ်ခုကို ထပ်မံ ဖြည့်စွက်လိုက်ကြောင်း သိရပါတယ်။ အင်စတာဂရမ်ရဲ့ ဝန်ဆောင်မှုအသစ်နှစ်ခုမှာ ဗီဒီယိုတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်တဲ့ Live ဝန်ဆောင်မှုလည်း ပါဝင်လာပါတယ်။

အင်စတာဂရမ်ရဲ့ Live ထုတ်လွှင့်မှုကို ကနဦးမှာ ရွေးချယ်ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။ အင်စတာဂရမ်သုံးပြီး Live ထုတ်လွှင့်မှုဟာ အလွန်ရိုးရှင်းပြီး ဖေ့စ်ဘွတ်မှာကဲ့သို့ပင်ဖြစ်တယ်လို့ ထုတ်ကုန်မန်နေဂျာ ရှီလ်ပါဆာကာက ပြောပါတယ်။

အင်စတာဂရမ်ဖြင့် Live ထုတ်လွှင့်ပါက ထုတ်လွှင့်သူရဲ့ follower များထံ အသိပေးတဲ့ notification ပေးပို့သွားမှာလည်း ဖြစ်ပါတယ်။ Live ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတွေက ထုတ်လွှင့်သူနဲ့ ချက်တင်လုပ်နိုင်ပြီး Live ထုတ်လွှင့်မှုကို နှစ်သက်ကြောင်း အသဲပုံများဖြင့်လည်း ပြသနိုင်ပါတယ်။

အခြား ဝန်ဆောင်မှုအသစ်မှာ အသုံးပြုသူနှစ်ဦးကြား သီးသန့်ဓာတ်ပုံမျှဝေ ပြသနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုဖြင့် အသုံးပြုသူနှစ်ဦးသာ အချင်းချင်းမျှဝေ မြင်တွေ့စေလိုတဲ့ ဓာတ်ပုံကို ရွေးချယ်ပေးပို့နိုင်ပြီး မိမိပေးပို့လိုက်တဲ့ပုံကို တစ်ဖက်လူက ကြည့်ရှုပြီးချိန်မှာ အဆိုပါ ဓာတ်ပုံဟာ ပျောက်ကွယ်သွားမှာပါ။ ကမ္ဘာတစ်ဝန်းမှာ နေ့စဉ် အင်စတာဂရမ် အသုံးပြုနေသူ သန်း ၁၀၀ ကျော်ရှိနေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top