Kantharyar Centre
×






Unicode Version

တူရကီက အမျိုးသားတစ်ဦးက သူ့ရဲ့အသည်းကွဲတဲ့ နာကျင်တဲ့ခံ စားမှုအတွက်ကို ဖေ့ဘုတ်နဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကိုယ့် ကိုကိုယ် သေနတ်ပစ်ပြီးသေကြောင်းကြံစည်တဲ့ ဗွီဒီယိုကို Live လွှင့် ပြီးသတ်သေခဲ့လို့ ဆိုရှယ်အသုံးပြုသူ လူသန်းပေါင်းများစွာ အံ့သြ ထိတ်လန့်မှုတွေ ဖြစ်သွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အမျိုးသား အာဒါဂန် ဆီရန်က သူ့ရဲ့ဆို ရှယ်အကောင့်တစ်ခုပေါ်မှာ ကင်မရာချိန်ထားပြီး သူခံစားရတဲ့ ပြင်းထန်တဲ့ အသည်းကွဲစိတ်ခံစားမှုကို ရှင်းပြပြီး သေနတ်ပစ်သတ် သေပြလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ရည်းစားဖြစ်သူနဲ့ ပြတ်စဲလိုက်ပြီးနောက်မှာ ခံစားရတဲ့ စိတ်နာကျင်ခံ စားမှုဝေဒနာကို မခံစားနိုင်တော့လို့ ဒီလိုမျိုး သတ်သေတဲ့ Live လွှင့်ခြင်းက ၃၆ စက္ကန့်သာရှိပြီးတော့ သေနတ်သံထွက်ပေါ်လာပြီး နောက်မှာ အနက်ရောင် မြင်ကွင်းတစ်ခုသာ မြင်တွေ့ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး သူ့ရဲ့ တကယ်သတ်သေ မသေဆိုတာကို ဝေခွဲမရသံသယ ဖြစ်နေသော်လည်းပဲ သူ့ရဲ့အကောင့်မှာတော့ သူကိုယ်တိုင်သတ် သေသွားမယ့် အကြောင်းအရာတွေနဲ့ အသည်းကွဲစာသားတွေကို ရေးသားခဲ့တာကိုတော့ မြင်တွေ့ရပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top