Property Expo
×





Credit:7 day daily

#Unicode Version

ဗြိတိန် အမျိုးသမီး အဆို တော်အဖွဲ့ Little Mix ၏ လေးခု မြောက် ‘‘Glory Days’’ အယ်လ် ဘမ်သည် ဖြန့်ချိပြီး တစ်ပတ်အ တွင်း ကော်ပီအချပ်ရေ ကိုး သောင်းခြောက်ထောင် ရောင်းရခဲ့ ပြီး ဗြိတိန်၏ အရောင်းရဆုံး အယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံး မှ ရပ်တည်ခဲ့သည်။

ထိုအယ်လ်ဘမ်သည် ယခု နှစ်အတွင်း ဒုတိယအမြန်ဆုံး ရောင်းရသည့် မှတ်တမ်းဝင်ခဲ့ သည်။ ပထမအမြန်ဆုံး ရောင်းရ သည့် အယ်လ်ဘမ်မှာ ဇန်နဝါရီ တွင် ဒေးဗစ်ဘိုဝီ၏ အချပ်ရေ ၁၄၆,၀၀၀ ရောင်းရခဲ့သော ‘‘Blackstar’’ အယ်လ်ဘမ်ဖြစ် သည်။

ဗြိတိန်၏ အရောင်းရဆုံး အယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံး ၌ Little Mix ၏ ‘‘Glory Days’’ အယ်လ်ဘမ်၊ ဒုတိယနေရာတွင် Metallica ၏ ‘‘Hardwired...To Self Destruct’’ အယ်လ်ဘမ်၊ တတိယနေရာတွင် ဘရူနိုမားစ်၏ ‘‘24K Magic’’၊ စတုတ္ထနေရာတွင် Michael Ball နှင့် Alfie Boe တို့ ၏ ‘‘Together’’ အယ်လ်ဘမ်နှင့် ပဉ္စမနေရာတွင် ဒေးဗစ်ဘိုဝီ၏ ‘‘The Wonder of You’’ စသည် ဖြင့် အသီးသီး ရပ်တည်လျက်ရှိ သည်။

Little Mix အဖွဲ့ကို ၂၀၁၁ တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ၌ DNA၊ ၂၀၁၃ တွင် Salute၊ ၂၀၁၅ တွင် Get Weird နှင့် ၂၀၁၆ တွင် Glory Days အယ်လ်ဘမ်တို့ ထွက်ရှိထားကာ ၎င်းတို့၏ ‘‘Black Magic’’ သီချင်း မှာ လူငယ်များအကြား ရေပန်း စားခဲ့သည်။  

ဖိုးသူတော် (www.phothutaw.com)
Credit:7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top