Kantharyar Centre
×

သတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္(ဗဟန္း)ရွိ ေက်ာင္းသား၊ေက်ာင္းသူမ်ားအတြက္ ကိုရီးယားႏိုင္ငံမွ လက္ေတြ႕စမ္းသပ္မႈမ်ားႏွင့္လက္ေတြ႕ထုတ္လုပ္မႈမ်ားျပဳလုပ္ႏုိင္မည့္ K Lab ကို ေထာက္ပံ့ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

K Lab ကို ႏိုဝင္ဘာ ၂၁ ရက္က စတင္၍ သတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္တြင္ စတင္အသံုးျပဳမည္ျဖစ္ၿပီးကနဦးအစပိုင္း၌ သင္ၾကားမႈဆုိင္ရာမ်ားကို ကိုရီးယားပညာရွင္မ်ားက တာဝန္ယူေဆာင္ရြက္ေပးမည္ျဖစ္ကာ အခ်ိန္ကာလတစ္ခုၾကာျမင့္သည့္အခါ သင္ၾကားမႈမ်ားကို တကၠသိုလ္ရွိ ဆရာ၊ဆရာမမ်ားက တာဝန္ယူေဆာင္ရြက္မည္ဟု သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္မွ ေဒါက္တာစႏၵာေဌးက ေျပာ သည္။

ေဆာ့ဖ္ဝဲႏွင့္ ဟာ့ဒ္ဝဲႏွစ္မ်ိဳး  တြဲဖက္၍ နည္းပညာဆိုင္ရာထုတ္ကုန္မ်ားဖန္တီးႏိုင္မည့္ K Lab ကို ကိုရီးယားႏုိင္ငံအေျခစိုက္ TIDE Institute ႏွင့္ Engineers Club တို႔က ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္သည္။ ‘‘Lab က တစ္ဖြဲ႕ကို အေယာက္ ၄၀ အသံုးျပဳႏုိင္ပါတယ္။ ပ႐ိုဂရမ္တစ္ခုၿပီးဆံုးဖို႔ဆိုရင္ ႏွစ္လေလာက္ၾကာမယ္ထင္တယ္’’ ဟု    သတင္းအခ်က္အလက္နည္းပညာ တကၠသိုလ္မွ ေဒါက္တာစႏၵာေဌးကေျပာသည္။

K Lab ကို သတင္းအခ်က္ အလက္နည္းပညာတကၠသိုလ္ရွိ တတိယႏွစ္၊ စတုတၳႏွစ္၊ ပၪၥမႏွစ္ တက္ေရာက္ေနသည့္ ေက်ာင္း သား၊ ေက်ာင္းသူမ်ားအား ေရြးခ်ယ္၍ အသံုးျပဳခြင့္ေပးမည္ျဖစ္ ၿပီး ထုတ္ကုန္ထြက္ရွိသည္အထိ  ၿပိဳင္ပြဲမ်ားလည္း စီစဥ္ထား သည္။

‘‘3D ပရင္တာေတြကို သံုးၿပီးေတာ့ လူငယ္ေတြမွာရွိေနတဲ့ အုိင္ဒီယာေတြကို ေစ်းကြက္မွာ လက္ေတြ႕က်က် လုပ္ေဆာင္ႏိုင္ ေအာင္ ကူညီပံ့ပုိးေပးဖို႔ ေဆာင္ရြက္ထားပါတယ္’’ဟု ျမန္မာႏုိင္ငံဆုိင္ရာ ကိုရီးယားသံအမတ္ မစၥတာ Yoo Jae-Kyung ကေျပာၾကားသည္။

သတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္၌ Lab လာေရာက္ေထာက္ပံ့ျခင္းကို ကိုရီး ယားႏုိင္ငံက ပထမဦးဆံုး ေဆာင္ ရြက္ျခင္းျဖစ္ေသာ္လည္း ဂ်ပန္ႏိုင္ငံ နည္းပညာကုမၸဏီမ်ားက Lab ႏွစ္ခု ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(ဗဟန်း)ရှိ ကျောင်းသား၊ကျောင်းသူများအတွက် ကိုရီးယားနိုင်ငံမှ လက်တွေ့စမ်းသပ်မှုများနှင့်လက်တွေ့ထုတ်လုပ်မှုများပြုလုပ်နိုင်မည့် K Lab ကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။

K Lab ကို နိုဝင်ဘာ ၂၁ ရက်က စတင်၍ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် စတင်အသုံးပြုမည်ဖြစ်ပြီးကနဦးအစပိုင်း၌ သင်ကြားမှုဆိုင်ရာများကို ကိုရီးယားပညာရှင်များက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကာ အချိန်ကာလတစ်ခုကြာမြင့်သည့်အခါ သင်ကြားမှုများကို တက္ကသိုလ်ရှိ ဆရာ၊ဆရာမများက တာဝန်ယူဆောင်ရွက်မည်ဟု သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ဒေါက်တာစန္ဒာဌေးက ပြော သည်။

ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲနှစ်မျိုး  တွဲဖက်၍ နည်းပညာဆိုင်ရာထုတ်ကုန်များဖန်တီးနိုင်မည့် K Lab ကို ကိုရီးယားနိုင်ငံအခြေစိုက် TIDE Institute နှင့် Engineers Club တို့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ‘‘Lab က တစ်ဖွဲ့ကို အယောက် ၄၀ အသုံးပြုနိုင်ပါတယ်။ ပရိုဂရမ်တစ်ခုပြီးဆုံးဖို့ဆိုရင် နှစ်လလောက်ကြာမယ်ထင်တယ်’’ ဟု    သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ ဒေါက်တာစန္ဒာဌေးကပြောသည်။

K Lab ကို သတင်းအချက် အလက်နည်းပညာတက္ကသိုလ်ရှိ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် တက်ရောက်နေသည့် ကျောင်း သား၊ ကျောင်းသူများအား ရွေးချယ်၍ အသုံးပြုခွင့်ပေးမည်ဖြစ် ပြီး ထုတ်ကုန်ထွက်ရှိသည်အထိ  ပြိုင်ပွဲများလည်း စီစဉ်ထား သည်။

‘‘3D ပရင်တာတွေကို သုံးပြီးတော့ လူငယ်တွေမှာရှိနေတဲ့ အိုင်ဒီယာတွေကို ဈေးကွက်မှာ လက်တွေ့ကျကျ လုပ်ဆောင်နိုင် အောင် ကူညီပံ့ပိုးပေးဖို့ ဆောင်ရွက်ထားပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် မစ္စတာ Yoo Jae-Kyung ကပြောကြားသည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ Lab လာရောက်ထောက်ပံ့ခြင်းကို ကိုရီး ယားနိုင်ငံက ပထမဦးဆုံး ဆောင် ရွက်ခြင်းဖြစ်သော်လည်း ဂျပန်နိုင်ငံ နည်းပညာကုမ္ပဏီများက Lab နှစ်ခု ထောက်ပံ့ပေးထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top