ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

The Kardashians ညီအစ္မေတြလုိ႕ ဆုိလိုက္ရင္ အၾကီးေတြကစလို အငယ္ဆံုး Kylie Jenner အထိ မသိသူမရွိၾကပါဘူး။ ခုေနာက္ပိုင္း Kylie Jenner ဟာ ကိုယ္ပိုင္အလွကုန္အမွတ္တံဆိပ္ပါ ျဖန္႕ခ်ိလာခဲ့တာမုိ႕ ပိုလို႕ေတာင္ လူသိမ်ားလာပါေသးတယ္။ ေနာက္ထပ္ လူသိမ်ားတဲ့ အခ်က္ကေတာ့ သူမရဲ႕ဆယ္လ္ဖီဓာတ္ပံုေတြပါပဲ။ သူမတင္သမ်ွ ဆယ္လ္ဖီဓာတ္ပံုေတြကို ေစာင့္ၾကည့္ေနတဲ့သူ မ်ားလြန္းတာေၾကာင့္ ဆယ္လ္ဖီဘုရင္မလို႕ေတာင္ တင္စားေခၚေ၀ၚၾကတဲ့အထိပါပဲ။

Instagram အေကာင့္မွာဆုိရင္ သူ႕ပံုကုိ ၾကည့္ရႈတဲ့သူ ၂သန္းေက်ာ္သြားတဲ့အထိ ျဖစ္လာတာေၾကာင့္ ခုလို ဆယ္လ္ဖီပံုေကာင္းေတြ ထြက္လာရျခင္း အေၾကာင္းအရင္းကို သူမကို Dailymail က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။ အ့ဲဒီမွာ သူမျပန္လည္ေျဖၾကားသြားတာက ေရႊအိုေရာင္အခ်ိန္မွာ ဆယ္လ္ဖီေတြကို ရုိက္ပါတယ္တဲ့။ ေရႊအိုေရာင္ဆုိတာ ေနမ၀င္ခင္အခ်ိန္ေလး ျဖစ္ျပီး အဲ့ဒီလိုအခ်ိန္မ်ိဳးမွာဆုိရင္ ေကာင္းကင္က ပန္းႏုေရာင္နဲ႕ ေရႊေရာင္ေရာယွက္ျပီး အရမ္းကိုလွေနတာေၾကာင့္ ဆယ္လ္ဖီရိုက္မယ့္သူရဲ႕ အသားအေရကိုလည္း ပိုေတာက္သြားေစတယ္လုိ႕ သူမက ေျပာျပပါတယ္။

ေနာက္ထပ္တစ္ခ်က္ကေတာ့ ဆယ္လ္ဖီပံုေကာင္းရဖုိ႕ ရႈေထာင့္ေကာင္းေကာင္းကလည္း လိုပါေသးတယ္တဲ့။ ကုိယ္ဘယ္လုိေနရင္ ဘယ္လိုၾကည့္ေကာင္းမယ္ဆုိတာမ်ိဳး သိထားမွသာ ဆယ္လ္ဖီပံုေကာင္းေတြ ရပါလိမ့္မယ္။ တစ္ခ်ိဳ႕လူေတြက်ေတာ့ ဆံပင္ကုိ နားေနာက္ထည့္ထားရင္လွတတ္သလို၊ တစ္ခ်ိဳ႕လူေတြက်ေတာ့လည္း မ်က္ႏွာတစ္ျခမး္ေလာက္ ဆံပင္ေတြ ေ၀့၀ဲက်ေနမွ ပိုၾကည့္ေကာင္းတာမ်ိဳးေတြ ရွိတတ္တာ သိထားရပါလိမ့္မယ္လို႕ သူမက ဖြင့္ဟသြားပါတယ္။

Kylie ဟာ Instagram မွာပံုတင္ေတာ့မယ္ဆုိရင္ အနည္းဆံုး ဆယ္လ္ဖီပံု ၅၀၀ေလာက္ ရိုက္ကူးေလ့ရွိျပီး အဲ့ဒီထဲကမွ ၾကိဳက္တဲ့တစ္ပံုေရြးတာပါတဲ့။ တစ္ခါတစ္ေလ ပံုကိုတင္လိုက္ျပီးမွ အဲ့ထက္မုိက္ေနတဲ့ပံုလည္းျမင္ေရာ ေနာင္တရတာမ်ိဳးေတြလည္း ရွိတတ္ေၾကာင္း သူက ဆုိပါတယ္။ Instagram အေကာင့္နဲ႕ပတ္သက္ျပီး သူမမွာ Instagram မန္ေနဂ်ာလည္းရွိပါေသးတယ္။

ကဲ ဆယ္လ္ဖီဓာတ္ပံုရိုက္ရတာၾကိဳက္တဲ့ ပ်ိဳေမေတြလည္း ညေန ေန၀င္ခါနီးအခ်ိန္ ပံုေကာင္းေလးေတြ မ်ားမ်ားရိုက္ျပီး ပံု၅၀၀ထဲကမွ တစ္ပံုေရြးၾကည့္လိုက္ပါဗ်ိဳ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

The Kardashians ညီအစ်မတွေလို့ ဆိုလိုက်ရင် အကြီးတွေကစလို အငယ်ဆုံး Kylie Jenner အထိ မသိသူမရှိကြပါဘူး။ ခုနောက်ပိုင်း Kylie Jenner ဟာ ကိုယ်ပိုင်အလှကုန်အမှတ်တံဆိပ်ပါ ဖြန့်ချိလာခဲ့တာမို့ ပိုလို့တောင် လူသိများလာပါသေးတယ်။ နောက်ထပ် လူသိများတဲ့ အချက်ကတော့ သူမရဲ့ဆယ်လ်ဖီဓာတ်ပုံတွေပါပဲ။ သူမတင်သမျှ ဆယ်လ်ဖီဓာတ်ပုံတွေကို စောင့်ကြည့်နေတဲ့သူ များလွန်းတာကြောင့် ဆယ်လ်ဖီဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့အထိပါပဲ။

Instagram အကောင့်မှာဆိုရင် သူ့ပုံကို ကြည့်ရှုတဲ့သူ ၂သန်းကျော်သွားတဲ့အထိ ဖြစ်လာတာကြောင့် ခုလို ဆယ်လ်ဖီပုံကောင်းတွေ ထွက်လာရခြင်း အကြောင်းအရင်းကို သူမကို Dailymail က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမှာ သူမပြန်လည်ဖြေကြားသွားတာက ရွှေအိုရောင်အချိန်မှာ ဆယ်လ်ဖီတွေကို ရိုက်ပါတယ်တဲ့။ ရွှေအိုရောင်ဆိုတာ နေမဝင်ခင်အချိန်လေး ဖြစ်ပြီး အဲ့ဒီလိုအချိန်မျိုးမှာဆိုရင် ကောင်းကင်က ပန်းနုရောင်နဲ့ ရွှေရောင်ရောယှက်ပြီး အရမ်းကိုလှနေတာကြောင့် ဆယ်လ်ဖီရိုက်မယ့်သူရဲ့ အသားအရေကိုလည်း ပိုတောက်သွားစေတယ်လို့ သူမက ပြောပြပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ဆယ်လ်ဖီပုံကောင်းရဖို့ ရှုထောင့်ကောင်းကောင်းကလည်း လိုပါသေးတယ်တဲ့။ ကိုယ်ဘယ်လိုနေရင် ဘယ်လိုကြည့်ကောင်းမယ်ဆိုတာမျိုး သိထားမှသာ ဆယ်လ်ဖီပုံကောင်းတွေ ရပါလိမ့်မယ်။ တစ်ချို့လူတွေကျတော့ ဆံပင်ကို နားနောက်ထည့်ထားရင်လှတတ်သလို၊ တစ်ချို့လူတွေကျတော့လည်း မျက်နှာတစ်ခြမ်းလောက် ဆံပင်တွေ ဝေ့၀ဲကျနေမှ ပိုကြည့်ကောင်းတာမျိုးတွေ ရှိတတ်တာ သိထားရပါလိမ့်မယ်လို့ သူမက ဖွင့်ဟသွားပါတယ်။

Kylie ဟာ Instagram မှာပုံတင်တော့မယ်ဆိုရင် အနည်းဆုံး ဆယ်လ်ဖီပုံ ၅၀၀လောက် ရိုက်ကူးလေ့ရှိပြီး အဲ့ဒီထဲကမှ ကြိုက်တဲ့တစ်ပုံရွေးတာပါတဲ့။ တစ်ခါတစ်လေ ပုံကိုတင်လိုက်ပြီးမှ အဲ့ထက်မိုက်နေတဲ့ပုံလည်းမြင်ရော နောင်တရတာမျိုးတွေလည်း ရှိတတ်ကြောင်း သူက ဆိုပါတယ်။ Instagram အကောင့်နဲ့ပတ်သက်ပြီး သူမမှာ Instagram မန်နေဂျာလည်းရှိပါသေးတယ်။

ကဲ ဆယ်လ်ဖီဓာတ်ပုံရိုက်ရတာကြိုက်တဲ့ ပျိုမေတွေလည်း ညနေ နေဝင်ခါနီးအချိန် ပုံကောင်းလေးတွေ များများရိုက်ပြီး ပုံ၅၀၀ထဲကမှ တစ်ပုံရွေးကြည့်လိုက်ပါဗျို့။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top