ဖားကန္႔ၿမိဳ႕ ယူမာကုန္းအရပ္ရွိ ရတနာေရာင္ျခည္ ကုမၸဏီ၀င္းအား ယေန႔ညေန
ေျခာက္နာရီ ငါးဆယ္ မိနစ္ အခ်ိန္တြင္ KIA ယူနီေဖာင္း၀တ္ အဖြဲ႔က လာေရာက္
ဗံုးခြဲၿပီး မီးရိူ႔သြားခဲ႔ေၾကာင္း ဖားကန္႔ၿမိဳ႕ အုပ္ခ်ဳပ္ေရးပိုင္းမွ
တာ၀န္ရွိသူတစ္ဦးက ေျပာၾကားသည္။
“ သံုးေယာက္လာတာ။ ေကာင္မေလးတစ္ေယာက္ပါတယ္လို႔ေျပာတယ္ ။ သူတို႔က၀င္လာၿပီး
အကုန္လံုးကို ေမွာက္ခိုင္းတယ္ ။ ေသနတ္ေတြပါတယ္။ ငွက္ေပ်ာဖူး
ေသနတ္လည္းပါတယ္။ KIA ယူနီေဖာင္းေတြနဲ႔လို႔ေျပာတယ္။ ၿပီးေတာ႔ ဗံုးခြဲၿပီး
မီးရိူ႔သြားတာ။ အခုေတာ႔ သူတို႔မရွိေတာ႔ဘူး။ ထြက္ေျပးသြားၾကၿပီ ။
စစ္တပ္ေတြလည္း ေရာက္ေနတယ္။ တပ္မမူးကိုယ္တိုင္ေရာက္ေနတယ္။” ဟု
အခင္းျဖစ္ပြားရာသို႔ ေရာက္ရွိေနေသာ အုပ္ခ်ဳပ္ေရးပိုင္းမွ
တာ၀န္ရွိသူတစ္ဦးကယေန႔ ည ရွစ္နာရီအခ်ိန္ခန္႔ဆက္သြယ္ေမးျမန္းစဥ္
ေျပာၾကားသည္။
မိုင္းျဖင္႔ ေဖာက္ခြဲကာ မီးရိူ႔သြားျခင္းျဖစ္ၿပီး လက္တေလာတြင္
ကုမၸဏီကားႏွစ္စီး ႏွင္႔ စက္ပစၥည္းမ်ားမီးေလာင္ကာ တာယာဂိုေဒါင္မွာလည္း
မီးေလာင္လွ်က္ရွိၿပီး ဘက္ဟိုးမ်ား မီးသတ္ကားမ်ားျဖင္႔ ဆက္လက္
ၿငိမ္းသတ္လွ်က္ရွိေၾကာင္း ၉ နာရီ ၄၅ မိနစ္အခ်ိန္ ဆက္သြယ္ေမးျမန္းခ်က္အရ
သိရသည္။
“ အုန္း အုန္းနဲ႔ တစ္ၿမိဳ႕လံုးဆူညံ႔သြားတာ ။ ၿမိဳ႕ထဲကေနလည္း ျမင္ေနရတယ္။”
ဟု ဖားကန္႔ၿမိဳ႔ ၿမိဳ႕မ ရပ္ကြက္မွ ျပည္သူတစ္ဦးကေျပာၾကားသည္။
ဖားကန္႔ၿမိဳ႕မ ရဲစခန္းအား ဆက္သြယ္ေမးျမန္းရာ
မီးေလာင္မူျဖစ္စဥ္မွန္ကန္ေသာ္လည္း ျဖစ္စဥ္ အေသးစိပ္ကို သတင္းတပ္ဖြဲ႔မ်ား
ေရာက္ရွိမလာေသးသျဖင္႔ ေျပာၾကား၍ မရေၾကာင္းႏွင္႔ မည္သည္႔အဖြဲ႔အစည္းမွ
ယခုကဲ႔သို႔ ေဆာင္ရြက္သည္ဆိုသည္မွာလည္း အတည္ျပဳႏိူင္ျခင္းမရွိေသးေၾကာင္း
ျပန္လည္ေျပာၾကားသည္။
ယခုျဖစ္စဥ္ေၾကာင္႔ အသက္အႏၱရာယ္ ႀကံဳေတြ႔ျခင္းမရွိခဲ႔ေသာ္လည္း ကုမၸဏီ၀န္ထမ္းအခ်ိဳ႕ ရိုက္ႏွက္ခံခဲ႔ရေၾကာင္းလည္းသိရသည္။
ဓါတ္ပုံ - ဖားကန္႔ၿမိဳ႕နယ္ ရတနာေရာင္ျခည္ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၸဏီမီး႐ိူ႔ခံရမူအား ၿငိမ္းသတ္ေနမူ ျမင္ကြင္းမ်ား
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin
#Unicode Version
ဖားကန့်မြို့ ယူမာကုန်းအရပ်ရှိ ရတနာရောင်ခြည် ကုမ္ပဏီဝင်းအား ယနေ့ညနေ ခြောက်နာရီ ငါးဆယ် မိနစ် အချိန်တွင် KIA ယူနီဖောင်းဝတ် အဖွဲ့က လာရောက် ဗုံးခွဲပြီး မီးရိူ့သွားခဲ့ကြောင်း ဖားကန့်မြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ သုံးယောက်လာတာ။ ကောင်မလေးတစ်ယောက်ပါတယ်လို့ပြောတယ် ။ သူတို့ကဝင်လာပြီး အကုန်လုံးကို မှောက်ခိုင်းတယ် ။ သေနတ်တွေပါတယ်။ ငှက်ပျောဖူး သေနတ်လည်းပါတယ်။ KIA ယူနီဖောင်းတွေနဲ့လို့ပြောတယ်။ ပြီးတော့ ဗုံးခွဲပြီး မီးရိူ့သွားတာ။ အခုတော့ သူတို့မရှိတော့ဘူး။ ထွက်ပြေးသွားကြပြီ ။ စစ်တပ်တွေလည်း ရောက်နေတယ်။ တပ်မမူးကိုယ်တိုင်ရောက်နေတယ်။” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကယနေ့ ည ရှစ်နာရီအချိန်ခန့်ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
မိုင်းဖြင့် ဖောက်ခွဲကာ မီးရိူ့သွားခြင်းဖြစ်ပြီး လက်တလောတွင် ကုမ္ပဏီကားနှစ်စီး နှင့် စက်ပစ္စည်းများမီးလောင်ကာ တာယာဂိုဒေါင်မှာလည်း မီးလောင်လျှက်ရှိပြီး ဘက်ဟိုးများ မီးသတ်ကားများဖြင့် ဆက်လက် ငြိမ်းသတ်လျှက်ရှိကြောင်း ၉ နာရီ ၄၅ မိနစ်အချိန် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
“ အုန်း အုန်းနဲ့ တစ်မြို့လုံးဆူညံ့သွားတာ ။ မြို့ထဲကနေလည်း မြင်နေရတယ်။” ဟု ဖားကန့်မြို့ မြို့မ ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောကြားသည်။
ဖားကန့်မြို့မ ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ မီးလောင်မူဖြစ်စဉ်မှန်ကန်သော်လည်း ဖြစ်စဉ် အသေးစိပ်ကို သတင်းတပ်ဖွဲ့များ ရောက်ရှိမလာသေးသဖြင့် ပြောကြား၍ မရကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ ယခုကဲ့သို့ ဆောင်ရွက်သည်ဆိုသည်မှာလည်း အတည်ပြုနိူင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။
ယခုဖြစ်စဉ်ကြောင့် အသက်အန္တရာယ် ကြုံတွေ့ခြင်းမရှိခဲ့သော်လည်း ကုမ္ပဏီဝန်ထမ်းအချို့ ရိုက်နှက်ခံခဲ့ရကြောင်းလည်းသိရသည်။
ဓါတ်ပုံ - ဖားကန့်မြို့နယ် ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမီးရိူ့ခံရမူအား ငြိမ်းသတ်နေမူ မြင်ကွင်းများ
ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin