Property Expo
×

ကိုရီးယားရဲ႕ သရုပ္ေဆာင္အေက်ာ္အေမာ္ေတြထဲ ပ်ိဳတုိင္းၾကိဳက္တဲ့ႏွင္းဆီခုိင္ Lee Min Ho ကို အထူးမိတ္ဆက္ေပးစရာ လိုေတာ့မွာ မဟုတ္သလို My Sassy Girl ဆုိတဲ့တစ္နာရီစာ ကားေလးနဲ႕ ျမန္မာပရိသတ္ေတြရဲ႕အားေပးမႈကို လက္ခံရရွိခဲ့တဲ့ မင္းသမီး Jun Ji Hyun ကိုလည္း အားလံုးသိျပီးျဖစ္ပါလိမ့္မယ္။ သူတုိ႕ႏွစ္ဦးဟာ The Legend of The Blue Sea ဆုိတဲ့ ဇာတ္ကားမွာ အတူတကြ တြဲဖက္သရုပ္ေဆာင္ခဲ့ၾကျပီး ဒီဇာတ္ကားဟာ ေတာ္ေတာ္ေလး ေအာင္ျမင္တယ္လို႕ သိရပါတယ္။

ဒီဇာတ္လမ္းတြဲကို ၾကည့္ရႈသူပရိသတ္အေရအတြက္ဟာ တျခားဇာတ္ကားေတြထက္ ၂၀ရာခုိင္ႏႈန္းပိုမ်ားေနတယ္လုိ႕ သိရျပီး ဒါေတာင္ပထမဆံုး episode ပဲရွိေသးတဲ့အေၾကာင္း စာနယ္ဇင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ ဒီဇာတ္ကားနဲ႕ပတ္သက္ျပီး Harper's Bazaar မဂၢဇင္းက Lee Min Ho ကို အင္တာဗ်ဴးလုပ္ခဲ့ျပီး ဇာတ္ကားအေၾကာင္းနဲ႕ တြဲဖက္သရုပ္ေဆာင္ခဲ့ရတဲ့ မင္းသမီးအေၾကာင္းကိုလည္း ေမးျမန္းခဲ့ပါေသးတယ္။

"ဒီဇာတ္လမ္းတြဲေလးက ဒရာမာ အခ်စ္ဇာတ္လမ္းေလးပါပဲ။ ပရိသတ္ေတြ သေဘာက်မယ့္ ဟာသကားေလးဆုိလည္း မမွားပါဘူး။ ဒါေပမယ့္ ျမင္ေနက်ဇာတ္ကြက္ေတြနဲ႕မတူတာေလးေတြလည္းပါေနတယ္ဆုိေတာ့ ပရိသတ္ေတြ ပ်င္းမသြားဆိုတာကိုေတာ့ အာမခံႏိုင္ပါတယ္။ အတူတြဲဖက္သရုပ္ေဆာင္ရတဲ့ Jun Ji Hyun ကလည္း သရုပ္ေဆာင္တာ ေတာ္တဲ့အျပင္ သဘာ၀က်က်နဲ႕ အျပင္မွာ ျဖစ္ပ်က္ေနတဲ့အတုိင္းကို သူေသခ်ာေလး သရုပ္ေဆာင္ႏိုင္တာ ေတြ႕ရတယ္။ ေနာက္တစ္ခုက သူမက ဇာမခ်ဲ႕ဘူး။ အဲ့ဒီအခ်က္ကိုလည္း သေဘာက်မိပါတယ္" လို႕ Lee Min Ho က ေျဖၾကားသြားခဲ့ပါတယ္။

ဒီဇာတ္လမ္းတြဲအတြက္ ပရိသတ္ေတြအားလံုးကေတာ့ ထုိင္ရာကမထခ်င္ ဆက္တုိက္ကိုၾကည့္ရႈအားေပးခ်င္ေနၾကပါျပီ။ ေနာက္ထပ္ Episode ေတြမွာလည္း ဘယ္လိုဇာတ္၀င္ခန္းမ်ိဳးေတြ ပါ၀င္လာဦးမလဲ ေစာင့္ၾကည့္ရဦးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကိုရီးယားရဲ့ သရုပ်ဆောင်အကျော်အမော်တွေထဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် Lee Min Ho ကို အထူးမိတ်ဆက်ပေးစရာ လိုတော့မှာ မဟုတ်သလို My Sassy Girl ဆိုတဲ့တစ်နာရီစာ ကားလေးနဲ့ မြန်မာပရိသတ်တွေရဲ့အားပေးမှုကို လက်ခံရရှိခဲ့တဲ့ မင်းသမီး Jun Ji Hyun ကိုလည်း အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ သူတို့နှစ်ဦးဟာ The Legend of The Blue Sea ဆိုတဲ့ ဇာတ်ကားမှာ အတူတကွ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး ဒီဇာတ်ကားဟာ တော်တော်လေး အောင်မြင်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို ကြည့်ရှုသူပရိသတ်အရေအတွက်ဟာ တခြားဇာတ်ကားတွေထက် ၂၀ရာခိုင်နှုန်းပိုများနေတယ်လို့ သိရပြီး ဒါတောင်ပထမဆုံး episode ပဲရှိသေးတဲ့အကြောင်း စာနယ်ဇင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး Harper's Bazaar မဂ္ဂဇင်းက Lee Min Ho ကို အင်တာဗျူးလုပ်ခဲ့ပြီး ဇာတ်ကားအကြောင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ မင်းသမီးအကြောင်းကိုလည်း မေးမြန်းခဲ့ပါသေးတယ်။

"ဒီဇာတ်လမ်းတွဲလေးက ဒရာမာ အချစ်ဇာတ်လမ်းလေးပါပဲ။ ပရိသတ်တွေ သဘောကျမယ့် ဟာသကားလေးဆိုလည်း မမှားပါဘူး။ ဒါပေမယ့် မြင်နေကျဇာတ်ကွက်တွေနဲ့မတူတာလေးတွေလည်းပါနေတယ်ဆိုတော့ ပရိသတ်တွေ ပျင်းမသွားဆိုတာကိုတော့ အာမခံနိုင်ပါတယ်။ အတူတွဲဖက်သရုပ်ဆောင်ရတဲ့ Jun Ji Hyun ကလည်း သရုပ်ဆောင်တာ တော်တဲ့အပြင် သဘာဝကျကျနဲ့ အပြင်မှာ ဖြစ်ပျက်နေတဲ့အတိုင်းကို သူသေချာလေး သရုပ်ဆောင်နိုင်တာ တွေ့ရတယ်။ နောက်တစ်ခုက သူမက ဇာမချဲ့ဘူး။ အဲ့ဒီအချက်ကိုလည်း သဘောကျမိပါတယ်" လို့ Lee Min Ho က ဖြေကြားသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲအတွက် ပရိသတ်တွေအားလုံးကတော့ ထိုင်ရာကမထချင် ဆက်တိုက်ကိုကြည့်ရှုအားပေးချင်နေကြပါပြီ။ နောက်ထပ် Episode တွေမှာလည်း ဘယ်လိုဇာတ်ဝင်ခန်းမျိုးတွေ ပါဝင်လာဦးမလဲ စောင့်ကြည့်ရဦးမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top