Kantharyar Centre
×

လူတစ္ေယာက္ရဲ႕ဓာတ္ပံုကုိ ယူသြားျပီး အဲ့ဒီလူနဲ႕တူေအာင္ ခြဲစိတ္ေပးဖုိ႕ေတာင္းဆုိတာမ်ိဳးက ရွိေတာ့ရွိေပမယ့္ ရွားပါလိမ့္မယ္။ ဒါေပမယ့္ အဲ့ဒီလိုမ်ိဳး ကုိယ္ဘယ္လိုမ်က္ႏွာက်မ်ိဳး ဘယ္လိုသြင္ျပင္လိုခ်င္တယ္ဆုိျပီး ပံုနဲ႕အတိအက် ျပႏိုင္တဲ့သူေတြက ခြဲစိတ္မႈမွာ ပိုစိတ္ေက်နပ္မႈေတြရရွိတယ္လို႕ ခြဲစိတ္ဆရာ၀န္ေတြက ဆုိပါတယ္။ ပလတ္စတစ္ဆာဂ်ရီလုပ္ဖုိ႕ လာတဲ့သူေတာ္ေတာ္မ်ားမ်ားဟာ မ်ားေသာအားျဖင့္ သူတုိ႕သေဘာက်တဲ့ မင္းသမီးပံုေတြယူလာျပီး သူတုိ႕နဲ႕တူေအာင္ ခြဲစိတ္ေပးဖုိ႕ ေတာင္းဆုိၾကခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္ Tiffany Taylor ဆုိတဲ့ အမ်ိဳးသမီးကေတာ့ အေမရိကုန္သမၼတေလာင္းရဲ႕ သမီးၾကီးျဖစ္တဲ့ Ivanka Trump နဲ႕ အနီးစပ္ဆံုးတူေအာင္ ခြဲစိတ္ေပးဖုိ႕ ဆရာ၀န္ေတြထံ ဓာတ္ပံုျပကာ ေတာင္းဆိုခဲ့ပါတယ္။


သူမဟာ Ivanka Trump ရဲ႕ ဂႏၱ၀င္ဆန္တဲ့ သြင္ျပင္ကိုသေဘာက်တာလုိ႕ ေျပာခဲ့ျပီး သူမရဲ႕မ်က္ႏွာဟာ တကယ့္ကိုလွပျပီး က်က္သေရရွိလြန္းတယ္လို႕ ထင္ေၾကာင္းလည္း ဖြင့္ဟသြားပါတယ္။ ခုလို ခြဲစိတ္မႈခံယူဖုိ႕ ဆံုးျဖတ္ခဲ့တာကေတာ့ ေဖေဖာ္၀ါရီလကတည္းကျဖစ္ျပီး ေနာက္ထပ္ ၈လအၾကာမွာပဲ သူမဟာ ခြဲစိတ္မႈအစီအစဥ္ေတြအတြက္ ေဒၚလာ၆၀၀၀၀ အကုန္အက်ခံကာ ခြဲစိတ္မႈခံယူခဲ့ပါတယ္။ သူမဟာ ႏႈတ္ခမ္း၊ facelift၊ ႏွာေခါင္းခြဲစိတ္မႈ၊ မ်က္ခြံ၊ ပါးျပင္ခြဲစိတ္မႈစတဲ့  မ်က္ႏွာတစ္ခုလံုးနီးပါး ခြဲစိတ္ခဲ့ရတာပါ။


ခုလို မ်က္ႏွာတစ္ခုလံုးခြဲစိတ္တာမ်ိဳးဟာ ေတာ္ေတာ္ေလးရွားရွားပါးပါး ဆုိေပမယ့္ သူမကေတာ့ ခြဲစိတ္မႈရလာတဲ့ အေျခအေနကို သေဘာက်ႏွစ္သက္ေနပါတယ္။ "ခုဆိုရင္ က်ြန္မဟာ စီးပြားေရးေလာကမွာ အရင္ကထက္ ပိုတက္ၾကြလန္းဆန္းစြာ အလုပ္လုပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ခုလို လုပ္လိုက္တာက က်ြန္မကိုယ္က်ြန္မ စိတ္ဓာတ္ခြန္အားေတြ ပိုျမွင့္ေပးရာလည္းေရာက္သြားတယ္" လုိ႕ သူမက ေျပာပါတယ္။

ကေလးသံုးေယာက္ရဲ႕ မိခင္ျဖစ္သူ Taylor ဟာ သူမတူခ်င္တဲ့ Ivanka နဲ႕လံုး၀ခ်ြတ္စြပ္မတူေပမယ့္လည္း ခု သူမရလာတဲ့ သြင္ျပင္ကို တကယ္ကိုသေဘာက်ေၾကာင္း အထပ္ထပ္အခါခါ ေျပာေနေလရဲ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လူတစ်ယောက်ရဲ့ဓာတ်ပုံကို ယူသွားပြီး အဲ့ဒီလူနဲ့တူအောင် ခွဲစိတ်ပေးဖို့တောင်းဆိုတာမျိုးက ရှိတော့ရှိပေမယ့် ရှားပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး ကိုယ်ဘယ်လိုမျက်နှာကျမျိုး ဘယ်လိုသွင်ပြင်လိုချင်တယ်ဆိုပြီး ပုံနဲ့အတိအကျ ပြနိုင်တဲ့သူတွေက ခွဲစိတ်မှုမှာ ပိုစိတ်ကျေနပ်မှုတွေရရှိတယ်လို့ ခွဲစိတ်ဆရာဝန်တွေက ဆိုပါတယ်။ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ လာတဲ့သူတော်တော်များများဟာ များသောအားဖြင့် သူတို့သဘောကျတဲ့ မင်းသမီးပုံတွေယူလာပြီး သူတို့နဲ့တူအောင် ခွဲစိတ်ပေးဖို့ တောင်းဆိုကြချိန်မှာ စီးပွားရေးလုပ်ငန်းရှင် Tiffany Taylor ဆိုတဲ့ အမျိုးသမီးကတော့ အမေရိကုန်သမ္မတလောင်းရဲ့ သမီးကြီးဖြစ်တဲ့ Ivanka Trump နဲ့ အနီးစပ်ဆုံးတူအောင် ခွဲစိတ်ပေးဖို့ ဆရာဝန်တွေထံ ဓာတ်ပုံပြကာ တောင်းဆိုခဲ့ပါတယ်။

သူမဟာ Ivanka Trump ရဲ့ ဂန္တဝင်ဆန်တဲ့ သွင်ပြင်ကိုသဘောကျတာလို့ ပြောခဲ့ပြီး သူမရဲ့မျက်နှာဟာ တကယ့်ကိုလှပပြီး ကျက်သရေရှိလွန်းတယ်လို့ ထင်ကြောင်းလည်း ဖွင့်ဟသွားပါတယ်။ ခုလို ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့တာကတော့ ဖေဖော်ဝါရီလကတည်းကဖြစ်ပြီး နောက်ထပ် ၈လအကြာမှာပဲ သူမဟာ ခွဲစိတ်မှုအစီအစဉ်တွေအတွက် ဒေါ်လာ၆၀၀၀၀ အကုန်အကျခံကာ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ သူမဟာ နှုတ်ခမ်း၊ facelift၊ နှာခေါင်းခွဲစိတ်မှု၊ မျက်ခွံ၊ ပါးပြင်ခွဲစိတ်မှုစတဲ့  မျက်နှာတစ်ခုလုံးနီးပါး ခွဲစိတ်ခဲ့ရတာပါ။

ခုလို မျက်နှာတစ်ခုလုံးခွဲစိတ်တာမျိုးဟာ တော်တော်လေးရှားရှားပါးပါး ဆိုပေမယ့် သူမကတော့ ခွဲစိတ်မှုရလာတဲ့ အခြေအနေကို သဘောကျနှစ်သက်နေပါတယ်။ "ခုဆိုရင် ကျွန်မဟာ စီးပွားရေးလောကမှာ အရင်ကထက် ပိုတက်ကြွလန်းဆန်းစွာ အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ခုလို လုပ်လိုက်တာက ကျွန်မကိုယ်ကျွန်မ စိတ်ဓာတ်ခွန်အားတွေ ပိုမြှင့်ပေးရာလည်းရောက်သွားတယ်" လို့ သူမက ပြောပါတယ်။

ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်သူ Taylor ဟာ သူမတူချင်တဲ့ Ivanka နဲ့လုံးဝချွတ်စွပ်မတူပေမယ့်လည်း ခု သူမရလာတဲ့ သွင်ပြင်ကို တကယ်ကိုသဘောကျကြောင်း အထပ်ထပ်အခါခါ ပြောနေလေရဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top